Connect with us

Videos

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ မဲဆန္ဒနယ်တွင် ထောက်ခဲမဲ ၅သောင်းကျော်ဖြင့် အနိုင်ရ

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူး မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် နေရာအတွက် ထောက်ခံမဲ ၅သောင်းကျော် ဖြင့် အပြတ် အသတ် အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ နံနက်တွင် ထုတ်ပြန် ကြေညာ လိုက်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၆၁) နေရာ၏ အမည်စာရင်း ကြေညာရာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က (၅၆) နေရာ အနိုင်ရခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ၃ နေရာနှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) ပါတီက ၂ နေရာ အနိုင်ရခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ထား သည်။

ကော့မှူး မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ခေတ်သစ် ပြည်သူ့ပါတီ တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် တိုင်းရင်းသားဒေသ နေရာများ အတွက် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရထားကြောင်း ကော့မှူး ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.