Connect with us

Politics, Law & Military

၁၂ ကြိမ်မြောက် CPPCC ဥက္ကဋ္ဌ က ပြီးခဲ့သည့် ၅ နှစ်တာ ကာလ အတွင်း ဟောင်ကောင် ၊ မကာအို နှင့် ထိုင်ဝမ် ရေးရာကဏ္ဍ များတွင် ဆောင်ရွက် ခဲ့သည့် လုပ်ငန်း ဆောင်ရွက်မှု များအား ပြောကြား

၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့  နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) အမျိုးသားကော်မတီ ဥက္ကဋ္ဌ ယွီကျိန့်စိန်း (Yu Zhengsheng) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၃ ရက် (ဆင်ဟွာ)

၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) အမျိုးသားကော်မတီ ဥက္ကဋ္ဌ ယွီကျိန့်စိန်း (Yu Zhengsheng) က ယနေ့ မတ်လ ၃ ရက် တွင် ကျင်းပ ပြုလုပ် သည့် ၁၃ ကြိမ်မြောက် CPPCC အမျိုးသားကော်မတီ ပထမအကြိမ် အစည်းအဝေး ၌် ပြီးခဲ့သော ၅ နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း အစီရင် ခံစာ အား ရှင်းလင်း ပြောကြား ခဲ့သည်။

၎င်း အစီရင် ခံစာ ထဲတွင် ဟောင်ကောင် ၊ မကာအို နှင့် ထိုင်ဝမ် ရေးရာကဏ္ဍ ဆိုင်ရာ လုပ်ငန်း ကိစ္စရပ် များအား ပြောကြား ခဲ့ရာတွင် ပြီးခဲ့သည့် ၅ နှစ်တာ ကာလ အတွင်း CPPCC အမျိုးသားကော်မတီ အနေဖြင့် တစ်နိုင်ငံ မူဝါဒ နှစ်ရပ် ၊ ဟောင်ကောင် လူထု က ဟောင်ကောင် အား အုပ်ချုပ်ခြင်း ၊ မကာအို လူထု က မကာအို အား အုပ်ချုပ်ခြင်း တို့ကို တိကျစွာ ဆောင်ရွက်ခဲ့ကြောင်း ၊ အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီ အနေဖြင့်လည်း ဟောင်ကောင် အထူးဒေသ အခြေခံ ဥပဒေ အမှတ်စဉ် ၁၀၄ နှင့် ပတ်သက်၍ တရားဝင် ရှင်းလင်းမှု ပြုလုပ်ပေးခဲ့ပြီး ဟောင်ကောင် ဒေသ က အမိနိုင်ငံ သို့ ပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အခမ်အနား ကိုလည်း တက်ရောက် ခဲ့ကြောင်း ၊ ဟောင်ကောင် နှင့် မကာအို ဒေသ ရှိ လူငယ်များ နှင့် ပတ်သက်၍ လုပ်ငန်းများအား နက်ရှိုင်းစွာ ဆောင်ရွက်ပြီး တရုတ် နိုင်ငံ ၊ ဟောင်ကောင် နှင့် မကာအို တို့ကို ချစ်ခင်ရင်းနှီး ပြီး အင်အားတိုးတက်ကြီးထွား လာစေရန် တွန်းအား ပေး ဆောင်ရွက် ခဲ့ကြောင်း ပြောကြား ခဲ့သည်။

CPPCC အမျိုးသားကော်မတီ အနေဖြင့် ထိုင်ဝမ် ဒေသ ရှိ ပြည်သူလူထု ကိုယ်စားပြု အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ နှင့် ဖလှယ်မှု များကို တိုးမြှင့် ခဲ့ကြောင်း ၊ တရုတ် တစ်နိုင်ငံတည်း အခြေခံ မူဝါဒ ဖြစ်သည့် “၁၉၉၂ ခုနှစ် အခြေခံ သဘောတူညီချက် ” မှ ဒေသ နှစ်ခု ဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး ဆောင်ရွက် ခဲ့ကြောင်း ၊ ထိုင်ဝမ် လုပ်ငန်း ကုမ္ပဏီ များ ပြုပြင်ပြောင်းလှဲ ခြင်း နှင့် အဆင့်မြှင့်တင်ခြင်း ၊ တရုတ် နိုင်ငံ တွင် ပညာ သင်ယူနေသည့် ထိုင်ဝမ် ကျောင်းသား များ အလုပ်အကိုင် အခွင့် အလမ်းရရှိရန် ဆောင်ရွက်မှု များပြုလုပ်ပေးခဲ့ကြောင်း ၊ ထိုင်ဝမ် ဒေသ ခွဲထွက်ရေး ဆောင်ရွက်မှု များကို ခိုင်မာ စွာ ဆန့်ကျင် ဆောင်ရွက် ခဲ့ကြောင်း ယွီကျိန့်စိန်း က ပြောကြား ခဲ့သည်။

ထို့ပြင် ယွီကျိန့်စိန်း က CPPCC အမျိုးသားကော်မတီ မှ ပင်လယ်ရပ်ခြား ရှိ တရုတ် လူမျိုးများအား အစည်းအဝေး ကို လာရောက် လေ့လာရန် ဖိတ်ခေါ် ခဲ့ပြီး အသင်းအဖွဲ့ များ ဖွဲ့စည်း ကာ ပင်လယ်ရပ်ခြား ရှိ တရုတ် လူမျိုးများရှိရာ ဒေသများသို့ သွားရောက်လည်ပတ်မှုများလည်း ဆောင်ရွက်ခဲ့ကြောင်း ၊ ဒေါက်တာ ဆွန်ယက်ဆင် နှစ် ၁၅၀ ပြည့် မွေးနေ့ အခမ်းအနား ကို ကျင်းပ ပြုလုပ် ပေးခဲ့ပြီး တရုတ် လူမျိုး တစ်ရပ်လုံး မှ တရုတ် လူမျိုးတစ်ရပ်လုံး ပြန်လည်နိုးကြားတိုးတက်ခြင်း ဟူသည့် အိမ်မက် ကို အတူတကွ အကောင်အထည် ဖော်သွားရန် နိုးဆော် ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။အနာဂတ် လုပ်ငန်း ဆောင်ရွက်မှု များနှင့် ပတ်သက်၍ ယွီကျိန့်စိန်း က ဟောင်ကောင် ၊ မကာအို နှင့် ထိုင်ဝမ် ရှိ တရုတ် လူမျိုးများ စည်းလုံးညီညွတ်မှု ကို တိုးမြှင့် ပြီး Chinese Dream ကို အတူတကွ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.