Connect with us

Politics, Law & Military

CPPCC ဖွင့်ပွဲတွင် “ကြီးကျယ်ခမ်းနားသော ခေတ်သစ်ဆိုရှယ်လစ်နိုင်ငံတော်” ဆီသို့ အရောက်လှမ်းမည့် အစီအစဉ်သစ်များ ဆောင်ရွက်ရန်ကတိပြု

ပေကျင်းမြို့ ရှိ ပြည်သူ့ခန်းမကြီး၌ မတ် ၃ ရက်တွင် စတင်ကျင်းပသော တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အစည်းအဝေးပွဲ သို့ တက်ရောက်လာသည့် နိုင်ငံရေးအတိုင်ပင်ခံများအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ သည် ၎င်း၏ နှစ်ပတ်လည်အစည်းအဝေးပွဲအား ပေကျင်းမြို့၌ မတ်လ ၃ရက် နေ့လည်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး “ကြီးကျယ်ခမ်းနားသော ခေတ်သစ်ဆိုရှယ်လစ်နိုင်ငံတော်” ဆီသို့ အရောက်လှမ်းမည့် နိုင်ငံတော်၏ရည်ရွယ်ချက်ပန်းတိုင် အတွက် အစီအစဉ်သစ်များ ဆောင်ရွက်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။

တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) ၏ ၁၂ ကြိမ်မြောက်အမျိုးသားကော်မတီဥက္ကဋ္ဌ ယွီကျိန့်စိန်း(Yu Zhengsheng) က တရုတ်နိုင်ငံအတွင်း အဓိကကျသော နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေးရာ ကိစ္စရပ်များ အား ဆွေးနွေးရန် အစည်းအဝေးပွဲသို့ စုစည်းတက်ရောက်လာသည့် နိုင်ငံရေးအတိုင်ပင်ခံ ၂,၁၀၀ ကျော်ထံ လုပ်ငန်းအစီရင်ခံစာ တစ်စောင်အား ဖတ်ကြားတင်သွင်းခဲ့သည်။

ယွီက ကဏ္ဍအသီးသီးတွင် ကောင်းမွန်စွာ တိုးတက်ကြီးပွားမှုရှိသော လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရေး ပြတ်သားစွာအောင်မြင်မှုရရရှိနိုင်ရန်အတွက် အဓိကကျသည့် ကိစ္စရပ်များအပေါ် အာရုံစိုက်၍ ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ကြီးကျယ်ခမ်းနားသော ခေတ်သစ်ဆိုရှယ်လစ် တရုတ်နိုင်ငံတော်အဖြစ် ပြီးပြည့်စုံစွာတည်ဆောက်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ပြည်သူ့ခန်းမကြီးတွင် ပြုလုပ်သော အစည်းအဝေးဖွင့်ပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အခြား တရုတ်နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)