Connect with us

Africa & Middle East

စစ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြင့် တရားခံ ၃၆ဦးအား အီရတ် ကွပ်မျက်

၂၀၁၄ခုနှစ် ဇွန်လ တွင် သတ်ဖြတ်ခံခဲ့ရသည့် စစ်သားများ၏ ရုပ်အလောင်းများ ရှိရာ၌ ဆုတောင်းပေးနေသည့် စစ်သားတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘဂ္ဂဒက်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ တရားရေးရာဝန်ကြီးဋ္ဌာန က IS အစွန်းရောက် အကြမ်းဖက်တပ်ဖွဲ့သည် အီရတ်နိုင်ငံ Tirkrit မြို့အား ၂၀၁၄ခုနှစ် ဇွန်လတွင် သိမ်းပိုက်ခဲ့စဉ်က စစ်သားပေါင်း ၁၇၀၀ခန့်ကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် စွဲချက်တင်ထားသော အကျဉ်းသား ၃၆ဦးအား ကွပ်မျက်ခဲ့ကြောင်း သြဂုတ် ၂၁ ရက် ကပြောကြားခဲ့သည်ကို အီရတ်နိုင်ငံပိုင် ရုပ်သံလိုင်းတစ်ခု က ဖော်ပြခဲ့သည်။

“ အကျဉ်းသား ၃၆ဦးဟာ Speicher လေတပ်စခန်း သတ်ဖြတ်မှုကြီးမှာ ပါဝင်ခဲ့တယ်လို့ ပြစ်မှုထင်ရှားတဲ့ အတွက် တရားရေးရာ ဝန်ကြီးဋ္ဌာန က ၎င်းတို့ကို ကွပ်မျက်လိုက်ပါတယ်” ဟု နိုင်ငံပိုင် Iraqiya ရုပ်သံလိုင်း က ထုတ်လွှင့်ခဲ့သည်။
IS အစွန်းရောက် အကြမ်းဖက်အုပ်စုက ဦးဆောင်သည့် အယ်လ်ကိုင်ဒါ အဆွယ်အပွားတစ်ခု ဖြစ်သော လက်နက်ကိုင် ဆွန်နီ အစွန်းရောက် အဖွဲ့သည် ၂၀၁၄ခုနှစ် ဇွန်လတွင် အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရုတ်တရက် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့များသည် ၎င်းတို့၏ နေရာနှင့် စစ်ဘက်ပစ္စည်းများအား စွန့်ခွာ၍တပ်ဆုတ်ခဲ့ရသည်။ ထို့နောက် စစ်သွေးကြွများသည် အီရတ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်း ပိုင်နက် နယ်မြေများထဲမှ ဧရိယာအစိတ်အပိုင်းကြီးတစ်ခုအား သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
၂၀၁၄ခုနှစ် ဇွန်လတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် တပ်ဆုတ်ခဲ့ရသည့် ထောင်ပေါင်းများစွာသော စစ်သားများနှင့် ဘဂ္ဂဒက်မြို့မြောက်ဘက် ကီလိုမီတာ ၁၇၀အကွာ Tikrit မြို့မြောက်ဘက် ရှိ Camp Speicher ဟု လူသိများသည့် လေတပ်စခန်းမှ ခြေလျင်ဆုတ်ခွာလာသော စစ်သား ၁၇၀၀ ခန့်အား IS စစ်သွေးကြွများက ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
နောက်ပိုင်း၌ IS စစ်သွေးကြွအုပ်စုသည် အီရတ်အစိုးရတပ်ဖွဲ့ဝင်များအား ကွပ်မျက်နေသည့် ဗွီဒီယို နှင့် ဓါတ်ပုံများကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.