Connect with us

Asia

အမေရိကန် ဂျက်တိုက်လေယာဉ် အာဖဂန်နစ္စတန် နိုင်ငံတွင် ပျက်ကျ

အမေရိကန် F-16 တိုက်လေယာဉ် တစ်စင်း အာဖဂန်နစ္စတန် နိုင်ငံတွင် စစ်ဆင်ရေး ပျံသန်းနေပုံ ကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် ( ဓာတ်ပုံ-အင်တာနက် )

ကဘူး ၊မတ် ၃ဝ ရက် ( ဆင်ဟွာ)

အာဖဂန် နစ္စတန်နိုင်ငံတွင် စစ်ရေးတာဝန်များ ထမ်းဆောင်နေသည့် အမေရိကန် ဂျက်တိုက်လေယာဉ် တစ်စင်းသည် မတ်လ ၂၉ ရက် ဒေသ စံတော်ချိန် ညနေ ၈.၃ဝ ခန့်တွင် လေတပ် စစ်အခြေစိုက ်စခန်းအနီး၌ ပျက်ကျသွားကြောင်း အမေရိကန် စစ်တပ်က ထုတ်ဖော်ပြောကြားသည်။

“ အမေရိကန် F-16 တိုက်လေယာဉ် တစ်စင်း မတ်လ ၂၉ ရက်နေ့ညပိုင်းက Bagram လေတပ်စခန်း အနီး၊ အတက်မှာ ပျက်ကျသွားတာပါ ” ဟု အမေရိကန် စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Bagram လေတပ် အခြေစိုက်စခန်းသည် အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် ၏ မြောက်ဖက် ကီလိုမီတာ ၅ဝ အကွာတွင် တည်ရှိပြီး အာဖဂန်စစ်မြေပြင်တွင် အသုံးပြုရန် အမေရိကန်စစ်တပ်က လွန်ခဲ့သော ၁၄ နှစ်ကတည်း အသုံးပြုခဲ့သော အဓိက စစ်အခြေစိုက်စခန်းကြီး ဖြစ်သည်။
“ လေသူရဲ ကတော့ ခုန်ထွက်ခဲ့လို့အသက်ဘေးက လွတ်သွားတယ်။ သူ့ကိုညွန့်ပေါင်းတပ်ဖွဲ့က ကယ်ဆယ်လိုက် ပြီး၊ Bagram ဆေးရုံမှာ ဆေးကုသ ဖို့ပို့ပေးလိုက်တယ်” ဟု အမေရိကန်စစ်တပ်က ဆိုသည်။
ညွန့်ပေါင်းတပ်ဖွဲ့သည် လေယာဉ်ပျက်ကျသည့်နေရာသို့သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း နှင့် F-16 တိုက်လေယာဉ်သည် အာဖဂန် နစ္စတန်နိုင်ငံတွင် ၂၄ နာရီ ကင်းလှည့်လည်ပြီး မြေပြင်အတွက် လိုအပ်သည့် လေကြောင်း ထောက်ပံ့မှုများကို အကူအညီပေးနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အဆိုပါ တိုက်လေယာဉ် ပျက်ကျသည့် ကိစ္စနှင့် ပတ်သက်ပြီး တာလီဘန် စစ်သွေးကြွများက ၎င်းတို့လက်ချက်ဟု ကြွေးကြော်ထားသည်။ သို့သော် အမေရိကန် စစ်တပ်ကမူ “ လေယာဉ်ပျက်ကျမှုသည် ရန်သူ့လက်ချက်ကြောင့် မဟုတ်ကြောင်း နှင့် လေတပ်တာဝန် ရှိသူများက လေယာဉ် ပျက်ကျသွားရခြင်း အကြောင်းကို စုံစမ်း စစ်ဆေးနေကြောင်း ” ကြေညာချက် တွင် ဖြေရှင်းထားသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.