Connect with us

Asia

ပါကစ္စတန်နိုင်ငံ လာဟိုး အကြမ်းဖက်မှုကို တရုတ်နိုင်ငံရှုံ့ချ

အသေခံ ဗုံးခွဲမှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာ ရသူများအား ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၈ ရက် ( ဆင်ဟွာ )

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးဖောက်ခွဲမှုအား တရုတ်နိုင်ငံက အပြင်းအထန် ရှုံ့ချလိုက်ကြောင်း သိရသည်။

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟုန်လဲ့ (Hong Lei ) က လာဟိုး အကြမ်းဖက်မှု ဖြစ်စဉ်အတွက် “ လွန်စွာ ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း” နှင့် “ လူမဆန်သည့် အကြမ်းဖက်မှုကို အပြင်းအထန်ရှုံ့ချကြောင်း” မတ်လ ၂၈ ရက်နေ့တွင် ထုတ်ဖော ်ပြောဆိုလိုက်သည်။

ထို့ပြင် တိုက်ခိုက်မှုတွင် အသက် သေဆုံးခဲ့ရသူများ အတွက် မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်း ကြေကွဲရကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့လယ်ရှိ ပန်းခြံတစ်ခုတွင် ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှုကြောင့် မတ်လ ၂၈ ရက် နံနက်ထိ သေဆုံးသူ ၇၂ ဦးထိ ရှိခဲ့ပြီး ၊ ထိခိုက်ဒဏ်ရာ ရသူ မှာ ၃ဝဝ ဦးကျော် အထိ ရှိကြောင်း ၊ ၎င်းအနက် ကလေးငယ်များ နှင့် အမျိုးသမီးများလည်း များစွာ ပါဝင်ကြောင်း ပါကစ္စတန် အာဏာပိုင်များက ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုအတွက် ပါကစ္စတန် တာလီဘန်များက ၎င်းတို့၏ လက်ချက်ဟု ထုတ်ဖော် ပြောဆိုထားသည်။
တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဟုန် က “ ဒီလို ခက်ခဲတဲ့ အချိန်မျိုးမှာ ပါကစ္စတန် ပြည်သူတွေနဲ့အတူ ကျွန်တော်တို့ရှိနေပါတယ်။ ပါကစ္စတန် နိုင်ငံတွင်း တည်ငြိမ် အေးချမ်းရေးနဲ့လုံခြုံရေးအတွက် ပါကစ္စတန် အစိုးရ နဲ့ပြည်သူတွေရဲ ့ အကြမ်းဖက် နှိမ်နင်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံ အစိုးရအနေနဲ့အပြည့်အဝ အားပေး ထောက်ခံသွားပါမယ် ” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.