Connect with us

Asia

ဗီယက်နမ် လွှတ်တော်၌ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌအား ရွေးချယ်တင်မြှောက်

ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ငုယင် သီကင်မ် ငန် ကျမ်းသစ္စာကျိန်ဆိုနေစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော် (National Assembly= NA) က ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ငုယင် သီကင်မ် ငန် (Nguyen Thi Kim Ngan) အား မြို့တော် ဟနွိုင်း၌ မတ်လ ၃၀ ရက်က ခန့်အပ် လိုက်သည်။

၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော်၏ ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် လျှို့ဝှက်ဆန္ဒမဲ ပေးခဲ့သူ ၄၈၁ မဲအနက် ထောက်ခံမဲ ၄၇၂ မဲရရှိခဲ့သည့် ငန်သည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရကာ ကျမ်း သစ္စာ ကျိန်ဆိုခဲ့သည်။

ဒါ့အပြင် ငန်သည် အမျိုးသား ရွေးကောက်ပွဲ ကောင်စီ ဥက္ကဋ္ဌ ရာထူးကိုလည်း လျှို့ဝှက် ဆန္ဒမဲ ၄၇၇ ရှိသည့် အနက် ထောက်ခံမဲ ၄၆၇ မဲဖြင့် ရွေးကောက်ခံခဲ့ရသည်။

လက်ရှိတွင် ငန်သည် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ၂၀၁၁ ခုနှစ် ဇူလိုင်လကစတင် တာဝန်ထမ်း ဆောင်နေခဲ့သည်။
မတ်လ ၃၀ ရက် အစောပိုင်းက ဗီယက်နမ် ကွန်မြူနစ်ပါတီ (CPVCC) နှင့် CPVCC ပေါ်လစ်ဗျူရိုတို့က အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနေရာအတွက် ငန် တစ်ဦးတည်းအား အမည်စာရင်း တင်သွင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.