Connect with us

Eastern Europe

တူရကီ၌ အရေးပေါ်အခြေအနေကို ၃ လထပ်မံသက်တမ်းတိုး

တူရကီနိုင်ငံ၌ နိုက်ကလပ်တစ်ခုအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့် လူ ၃၉ ဦးအတွက် ဇန်နဝါရီလ ၃ ရက်က ဝမ်းနည်းခြင်း လွမ်းသူ့ ပန်းခွေးချနေကြစဉ်(ဆင်ဟွာ)

အန်ကာရာ၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ လွှတ်တော်က နိုင်ငံ၏ အရေးပေါ်အခြေအနေကို သုံးလ ထပ်မံသက်တမ်းတိုးရန် ဇန်နဝါရီလ ၃ ရက်က အတည်ပြုပေးခဲ့ကြောင်း Dogan သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂ဝ ရက်က တူရကီနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီးနောက်တွင် တူရကီအစိုးရသည် တိုင်းပြည်အား အရေးပေါ်အခြေအနေကြေညာခဲ့သည်။ အဆိုပါ အာဏာသိမ်းမှုကို အမေရိကန်နိုင်ငံအခြေစိုက် မွတ်စလင်ဘာသာရေးခေါင်းဆောင် Fethullah Gulen က နောက်ကွယ်မှကြိုးကိုင်ခဲ့ခြင်းဖြစ်ကြောင်း တူရကီအစိုးရက ပြစ်တင်ပြောကြားထားသည်။

အဆိုပါ အရေးပေါ်အက်ဥပဒေအရ တူရကီအစိုးရသည် ဥပဒေသစ်များပြဌာန်းခြင်း ၊ ကန့်သတ်ခြင်း(သို့မဟုတ်) ပယ်ဖျက်ခြင်း နှင့် သီးခြားလွတ်လပ်ခွင့်ပေးခြင်းတို့ကို လွှတ်တော်၏ ထောက်ခံမှု ရယူရန် မလိုဘဲ ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

တူရကီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ အမေးအဖြေကဏ္ဍကို လာမည့် ရက်သတ္တပတ်တွင် တူရကီလွှတ်တော်၌ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း တူရကီနိုင်ငံဝန်ကြီးချုပ် Binali Yildirim က ဆိုသည်။

အဆိုပါ ဥပဒေကြမ်းကို ဇန်နဝါရီလ ၉ ရက်တွင် လွှတ်တော်သို့တင်သွင်းရန် ရှိနေပြီး ယခုလကုန်ပိုင်းတွင် ၎င်းဥပဒေကြမ်းကို အတည်ပြုနိုင်ရန် မျှော်လင့်ထားသည်။

၎င်းဥပဒေကြမ်းသည် သမ္မတ၏ အခွင့်အာဏာကို တိုးမြှင့်ပေးထားခြင်းဖြစ်ပြီး ၊ သမ္မတအား ၎င်းပါတီ၏ အကြီးအကဲအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် ခွင့်ပြုချက်ပေးထားကြောင်း သိရသည်။

တူရကီနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပါလီမန်တွင် လိုအပ်သော မဲအရေအတွက်ကို လွှတ်တော်အမတ်များက မဲပေးခဲ့ကြလင့်ကစား ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း တူရကီအစိုးရ ပြောကြားခဲ့သည်။(XINHUA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.