ဘာလင်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဂျာမနီသည် ယူကရိန်းအား “Gepard” လေကြောင်းကာကွယ်ရေးတင့်ကားများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး Lambrecht က ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ဒီမိုကရေစီ နှင့် လူအခွင့်အရေးအကြောင်း ပြောဆိုရန် အမှန်တကယ်အရည်အချင်းပြည့်မီခြင်း မရှိကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် လုပ်သင့်သည်မှာ အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ တရားမဝင်ထိန်းချုပ်ထားခြင်းကို ချက်ချင်းရုတ်သိမ်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) တရုတ်လူမျိုးများ၏ သွေးကို အလဟဿ မြေကျမခံနိုင်ကြောင်း နှင့် ယင်းတိုက်ခိုက်မှုနောက်ကွယ်တွင် ပါဝင်နေသူများအနေဖြင့် တန်ဖိုးကြီးကြီးမားမားပြန်လည်ပေးဆပ်ရမည်မှာ ဧကန်မုချဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ တရုတ်နိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၇ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့သည်။
မော်စကို၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ရုရှားဘက်က ယူကရိန်းနှင့် စေ့စပ်ဆွေးနွေးရန် ငြင်းပယ်မည်မဟုတ်ကြောင်းနှင့် သံတမန်ရေးနည်းလမ်းဖြင့် သဘောတူညီချက်ရရှိရေးအတွက် မျှော်လင့်ကြောင်း ရုရှားသမ္မတ ပူတင်က ဧပြီ ၂၆ ရက်တွင် မော်စကိုသို့ လာရောက်လည်ပတ်သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ည်။
စတော့ဟုမ်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ စစ်ရေး သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက်ငွေကြေးထောက်ပံ့မှုမှာ ကမ္ဘာ့ စစ်အသုံးစရိတ် အကြီးဆုံးနိုင်ငံအဖြစ် ပြီးခဲ့သည့် ဆယ်စုနှစ်ကထက် ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (SIPRI) က ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံ၏ စစ်ရေး...