ချုံချင့်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ကျင်းဖော်တောင်တစ်ဝိုက် လေထီးဖြင့်ပျံဝဲကာ လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ဤရုပ်သံဖိုင်တွင် ပျော်ရွှင်ဖွယ် ကြည့်ရှုခံစားနိုင်သည်။ (Xinhua) …………………………………….. (English Version) Glide around China’s Jinfo Mountain...
ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အိုမန်နိုင်ငံခြားရေးဝန်ကြီး Badr bin Hamad Al Busaidi နှင့် ၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့ဆက်သွယ်ဆွေးနွေးရာတွင်...
တရုတ်နိုင်ငံနှင့် ဗဟိုအာရှနိုင်ငံများအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ တရုတ်-ဗဟိုအာရှ စိတ်ဓာတ်၏ လမ်းညွှန်မှုအောက်တွင် တရုတ်-ဗဟိုအာရှ အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေး ရည်မှန်းချက်ကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ရေးအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇွန် ၁၇ ရက်၌ တိုက်တွန်းခဲ့သည်။ (Xinhua) ………………....
တရုတ်နိုင်ငံ ချိန်တူးမြို့တွင် လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သည့်ယာဉ်ပျံ (eVTOL) များက ကုန်ကျစရိတ်သက်သာ၍ လွယ်ကူအဆင်ပြေသော ဝေဟင်နိမ့် ခရီးသွားလာမှုနှင့်အတူ ခေါက်တို ခရီးစဉ်များကို အသွင်ပြောင်းလဲပေးမည်ဖြစ်သည်။ အဆိုပါယာဉ်ပျံများကို ကျယ်ကျယ်ပြန့်ပြန့် စတင်ပြေးဆွဲချိန်တွင် မြို့တွင်း အလွယ်တကူသွားလာနိုင်မှု၊ ခရီးသွားလုပ်ငန်း၊ အရေးပေါ်တုံ့ပြန်မှုနှင့် ဆေးဘက်ဆိုင်ရာ ကယ်ဆယ်မှုများကို အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ (Xinhua) …………………....
မော်စကို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် အစ္စရေး-အီရန် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများအကြား ဆွေးနွေးမှုများ မြှင့်တင်ရာ၌ “ဖျန်ဖြေညှိနှိုင်းမှုဆိုင်ရာ အထောက်အပံ့” ပေးရန် အဆင်သင့်ဖြစ်နေပြီး ဤသဘောဆန္ဒနှင့်စပ်လျဉ်း၍ နိုင်ငံအများအပြားမှ ခေါင်းဆောင်များနှင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သမ္မတ...