Connect with us

Europe

ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်

ဘယ်လ်ဂျီယံနိုင်ငံ ဝန်ကြီးချုပ် Alexander De Croo ကို ဂျာမနီနိုင်ငံ မြို့တော် ဘာလင်မြို့တွင် ၂၀၂၂ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
ဘယ်လ်ဂျီယံနိုင်ငံ ဝန်ကြီးချုပ် Alexander De Croo သည် ပါလီမန်ရွေးကောက်ပွဲတွင် ၎င်း၏ Open VLD ပါတီက စွမ်းဆောင်မှုအားနည်းခဲ့သည့်အတွက် ၎င်းအနေဖြင့် ဇွန် ၁၀ ရက်၌ ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ဇွန် ၉ ရက်တွင် ကြေညာခဲ့သည်။ Open VLD ပါတီသည် ဝန်ကြီးချုပ်၏ အမာခံနယ်မြေဖြစ်သော East Flanders ပြည်နယ် Brakel မြို့တွင် ရွေးကောက်ပွဲသိသိသာသာရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ “မိမိတို့အတွက်တော့ ဒါဟာခက်ခဲ့တဲ့ညနေခင်းဖြစ်ပါတယ်။ မနက်ဖြန် (ဇွန် ၁၀ ရက်) ကျွန်တော် ဝန်ကြီးချုပ်အဖြစ် ရာထူးကနေနုတ်ထွက်ပါတော့မယ်” ဟု ၎င်းအားထောက်ခံသူများကို Alexander De Croo က ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Belgian PM announces resignation
BRUSSELS, June 9 (Xinhua) — Due to the poor performance of his party, Open VLD, in the parliamentary elections, Belgian Prime Minister Alexander De Croo announced on Sunday evening that he will resign as of June 10. The Open VLD suffered a significant electoral setback in the prime minister’s stronghold of Brakel in East Flanders. “For us, this is a particularly difficult evening, we have lost. As of tomorrow, I will be a resigning Prime Minister,” he told supporters during a brief speech.
Photo: Visiting Belgian Prime Minister Alexander De Croo attends a joint press conference with German Chancellor Olaf Scholz (not in the picture) at the German Chancellery in Berlin, capital of Germany, May 10, 2022. (Xinhua/Ren Pengfei)