Connect with us

International Organizations

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘရက်စ်အသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် လီဝန်ဒေါစကီး ချန်ပီယံလိဂ်ရာပြည့်ဂိုး သွင်းယူ
နိုဝင်ဘာ ၂၆ ရက်က ဘရက်စ်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘာစီလိုနာအသင်းတိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ချန်ပီယံလိဂ် ရာပြည့်ဂိုး သွင်းယူနိုင်ခဲ့သည်။
လီဝန်ဒေါစကီးက ဘရက်စ်အသင်း ဂိုးသမားဖြစ်သူ မာကိုဘီဇော့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ပွဲချိန် ၁၀ မိနစ်တွင် ရရှိသည့် ပင်နယ်တီအား ၎င်းကိုယ်တိုင် ကန်သွင်းယူကာ ချန်ပီယံလိဂ်ရာပြည့်ဂိုး သွင်းယူနိုင်ခဲ့ပြီး အဆိုပါဂိုးသည် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၎င်း၏ ၆ ဂိုးမြောက် သွင်းဂိုးလည်းဖြစ်သည်။ ပွဲချိန် ၉၂ မိနစ်တွင်လည်း အလီဟန်ဒရို ဘာလ်ဒေ၏ ပေးပို့မှုမှတစ်ဆင့် လီဝန်ဒေါစကီးက ၎င်း၏ ၁၀၁ ဂိုးမြောက် ချန်ပီယံလိဂ်သွင်းဂိုးအား ရယူနိုင်ခဲ့သည်။
…..
— အန်ဖီး၌ လီဗာပူးလ်နှင့် ယှဉ်ပြိုင်ရမည့် အဝေးကွင်းပွဲစဉ်မတိုင်မီ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့် ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ကာလိုအန်ဆလော့တီအနေဖြင့် ယခုရာသီ၏ အရေးအပါဆုံး ပွဲစဉ်တစ်ပွဲဟု ဆိုရမည့် နိုဝင်ဘာ ၂၇ ရက် လီဗာပူးလ်အသင်းနှင့် အဝေးကွင်းပွဲစဉ်အတွက် ပြင်ဆင်နေစဉ် အသင်း၏ ဒဏ်ရာပြဿနာများက အကျပ်ရိုက်စရာဖြစ်နေသည်။
ရီးရဲလ်အသင်း၏ အဓိက တိုက်စစ်ကစားသမားများဖြစ်သည့် ဗင်နီစီယက်စ် ဂျူနီယာနှင့် ရိုဒရီဂိုတို့ ဒဏ်ရာကြောင့် မပါဝင်နိုင်သလို ခံစစ်မှူးများဖြစ်သည့် ဒန်နီကာဗာဟယ်၊ ဒေးဗစ်အလာဘာ၊ အီဒါ မီလီတိုနှင့် အော်ရီလီယန် ချူအာမီနီတို့လည်း ပါဝင်နိုင်မည်မဟုတ်ပေ။
…..
— ဂျီရိုနာနည်းပြ မီချယ်လ် လာလီဂါ တစ်လတာအကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံရ
စပိန်လာလီဂါကလပ် ဂျီရိုနာအသင်းနည်းပြ မီချယ်လ်ဆန်းချက်ဇ်သည် နိုဝင်ဘာလအတွက် လာလီဂါ၏ တစ်လတာအကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရသည်။ သို့ဖြစ်ရာ အရေးပါသော ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဩစတြီးယားကလပ် စတမ်းဂရက်ဇ်နှင့် ယှဉ်ပြိုင်ရန် ပြင်ဆင်နေချိန်တွင် ၎င်းအတွက် အကြီးအကျယ် အားတက်စရာ ဖြစ်လာခဲ့သည်။
…..
— ပေကျင်းနှင့် အနီးဝန်းကျင်ဒေသများတွင် ရေခဲနှင့်ဆီးနှင်းရာသီ စတင်
တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် အနီးဝန်းကျင် ဒေသများဖြစ်သည့် ထျန်းကျင်းမြူနီစီပယ်မြို့နှင့် ဟဲပေပြည်နယ်တို့သည် ယခုနှစ်၏ ရေခဲနှင့် ဆီးနှင်းရာသီကို အတူတကွစတင်ခဲ့ကာ ပြည်တွင်းပြည်ပမှ ခရီးသွားများ၊ ရေခဲနှင့် ဆီးနှင်းချစ်သူများကို ဆွဲဆောင်လျက်ရှိသည်။ (Xinhua)


………………………..
(English Version)
Lewandowski reaches landmark as Barca breezes past Brest
FC Barcelona striker Robert Lewandowski scored his 100th goal in the UEFA Champions League as he opened the scoring in his side’s 3-0 win over Brest on Tuesday.
Lewandowski put Barcelona ahead with a penalty in the 10th minute after a mistake from Brest goalkeeper Marco Bizot, who charged into the striker’s back and bundled him over. As well as being his 100th Champions League goal, it was Lewandowski’s sixth in the competition this season. Lewandowski netted his 101st goal in the tournament in the 92nd minute after controlling a pass from Alejandro Balde and finding room at the far post to score.
…..
Injury problems for Real Madrid ahead of key Anfield trip
Real Madrid coach Carlo Ancelotti faces an injury crisis as his side prepares for arguably the most important match of the season so far when it visits Liverpool’s Anfield Stadium on Wednesday in the UEFA Champions League.
Vinicius joins fellow Brazilian striker Rodrygo on the injury list, while defenders Dani Carvajal, David Alaba, Eder Militao and Aurelien Tchouameni are also on the sidelines.
…..
Manager of Month for Girona’s Michel
Girona coach Michel Sanchez has received a big boost as his side prepares for a vital UEFA Champions League visit to Austria on Wednesday after he was named Manager of the Month for November in La Liga.
…..
Beijing, its neighbors launch ice and snow season
Beijing and its neighbors — Tianjin Municipality and Hebei Province — have joined hands to launch this year’s ice and snow season, attracting fans and tourists both domestic and overseas.