Connect with us

China

ယူဂန္ဓာသမ္မတနှင့် ဂျီဘူတီသမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲများသို့ ရှီ၏ အထူးသံတမန် တက်ရောက်မည်

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး လော့ဆန်းကျန်းချွမ်း (ဝဲဘက်) နှင့် ဥရောပပါလီမန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဥရောပ-တရုတ် ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ Nirj Deva တို့ ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ ဥရောပပါလီမန်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန် လော့ဆန်းကျန်းချွမ်း က ဂျီဘူတီနိုင်ငံ သမ္မတ Ismail Omar Guelleh ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဂျီဘူတီနိုင်ငံ မြို့တော်ဂျီဘူတီသို့ မေ ၉ ရက်၌ သွားရောက်မည်ဖြစ်ပြီး ယူဂန္ဓာနိုင်ငံ သမ္မတ Yoweri Kaguta Museveni ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ယူဂန္ဓာနိုင်ငံ မြို့ကမ်ပါလာသို့ မေ ၁၂ ရက်၌ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၆ ရက်၌ ကြေညာခဲ့သည်။
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လော့ဆန်းကျန်းချွမ်း က သမ္မတ Guelleh နှင့် သမ္မတ Museveni တို့၏ ဖိတ်ကြားချက်အရ အဆိုပါသမ္မတကျမ်းသစ္စာကျိန်ဆိုပွဲများသို့ အသီးသီးတက်ရောက်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
………………
(English Version)
Xi’s special envoy to attend presidential inauguration ceremonies of Djibouti, Uganda
BEIJING, May 6 (Xinhua) — Chinese President Xi Jinping’s special envoy Losang Jamcan will travel to Djibouti City for the inauguration of Djibouti President Ismail Omar Guelleh on May 9, and to Kampala for the inauguration of Ugandan President Yoweri Kaguta Museveni on May 12, a Chinese foreign ministry spokesperson announced on Wednesday.
Losang Jamcan, vice chairman of the Standing Committee of the National People’s Congress, will attend the presidential inauguration ceremonies at the invitation of President Guelleh and President Museveni, respectively, according to the spokesperson. ■
English Caption
Losang Jamcan (L), director of the Standing Committee of China’s Tibet Autonomous Regional People’s Congress, meets with Nirj Deva, vice chairman of the European Parliament’s Development Committee and chairman of the EU-China Friendship Group, at the European Parliament, in Strasbourg, France, Dec. 11, 2018. (Xinhua/Ye Pingfan)