Connect with us

Africa & Middle East

ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲမှုစနစ်သစ်ကို အမေရိကန် စွက်ဖက်ခြင်းအား အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက်မှုအဖြစ် ရှုမြင်မည်ဟု အီရန် လွှတ်တော်အရာရှိ ဆို

အီရန်နိုင်ငံ တီဟီရန်မြို့တွင် လူထုစုဝေးပြီး အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော Minab မူလတန်းကျောင်းမှ ကျောင်းသူများအား အောက်မေ့သတိရနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၄ ရက် (ဆင်ဟွာ)
ဟော်မုဇ် ရေလက်ကြား၏ “ရေကြောင်းစီမံခန့်ခွဲမှုစနစ်သစ်” အပေါ် အမေရိကန်၏ မည်သည့်စွက်ဖက်မှုမျိုးကိုမဆို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ချိုးဖောက်မှုအဖြစ် ရှုမြင်သွားမည်ဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် လွှတ်တော်၊ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Ebrahim Azizi က မေ ၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

Ebrahim Azizi က “ဟော်မုဇ်ရေလက်ကြားနဲ့ ပါရှန်ပင်လယ်ကွေ့က ထရမ့်ရဲ့ စိတ်ကူးယဉ်ပို့စ်တွေနဲ့ စီမံခန့်ခွဲရမှာမဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က မေ ၃ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ခဲ့ရာ အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် မေ ၄ ရက် နံနက်ပိုင်းမှစ၍ လမ်းကြောင်းရှင်းလင်းရေးလုပ်ငန်းတစ်ခု လုပ်ဆောင်ပြီး ဟော်မုဇ်ရေလက်ကြားတွင် ပိတ်မိနေသည့်ရေယာဉ်သင်္ဘောများ ရေလက်ကြားမှ ထွက်ခွာနိုင်ရေးအတွက် လမ်းညွှန်ခေါ်ဆောင်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်မီဒီယာများ၏ ဧပြီ ၂ ရက် သတင်းများအရ အီရန် အစ္စလာမ်မစ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ Ali Nikzad က လွှတ်တော်အနေဖြင့် “ဟော်မုဇ်ရလက်ကြား စီမံခန့်ခွဲမှုဥပဒေ” တစ်ရပ်ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ၎င်းတွင် အစ္စရေးရေယာဉ်သင်္ဘောများအား ဤအချက်အချာကျသော ရေကြောင်းလမ်းမှ ဖြတ်သန်းသွားလာမှုကို အပြီးအပိုင် ပိတ်ပင်တားဆီးခြင်း၊ “ရန်သူနိုင်ငံများ” ၏ ရေယာဉ်သင်္ဘောများအနေဖြင့် “စစ်ပွဲလျော်ကြေး” မဖြစ်မနေ ပေးသွင်းပြီးမှသာလျှင် ဖြတ်သန်းသွားလာခွင့်ရှိခြင်း၊ အခြားရေယာဉ်သင်္ဘောများအနေဖြင့် အီရန်၏ခွင့်ပြုချက်ရရှိလျှင် ဖြတ်သန်းသွားလာနိုင်ခြင်း စသည်တို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ (Xinhua)

—————–
(Chinese Version)
伊朗议会要员:美干涉霍尔木兹海峡“新管理制度”将被视为违反停火协议
新华社德黑兰5月4日电 伊朗伊斯兰议会国家安全和外交政策委员会主席易卜拉欣·阿齐兹4日凌晨在社交媒体上发文说,美国对霍尔木兹海峡“新的海事管理制度”的任何干涉都将被视为违反停火协议。
阿齐兹还说:“霍尔木兹海峡和波斯湾不会被特朗普妄想性质的帖文所管理。”
美国总统特朗普3日在社交媒体发文称,美国将于中东地区4日上午开始一项疏导行动,“引导”被困在霍尔木兹海峡的船只驶离该海峡。
据伊朗媒体2日报道,伊朗伊斯兰议会副议长阿里·尼克扎德表示,议会将批准一项“霍尔木兹海峡管理法”,内容包括:永久禁止以色列船只通过这一关键水道;来自“敌对国家”的船只必须支付“战争赔偿金”才能获得通行许可;其他船只需获得伊朗授权才能通行。(完)
1. 4月7日,伊朗民众在德黑兰集会,悼念遭美以空袭遇难的米纳卜小学学生。新华社记者 沙达提 摄


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117