Connect with us

Europe

အိမ်ဖြူတော် သတင်းထောက်အသင်း ညစာစားပွဲ သေနတ်ပစ်ခတ်မှုပြီးနောက် ဗြိတိန်ဘုရင်က မူလအစီအစဉ်အတိုင်း အမေရိကန်သို့ ခရီးစဉ်သွားရောက်မည်

လန်ဒန်ဖက်ရှင်သီတင်းပတ်သို့ တက်ရောက်လာသော ဗြိတိန်ဘုရင် တတိယ ချားလ်စ်အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဗြိတိန်ဘုရင် တတိယ ချားလ်စ်နှင့် မိဖုရား ကမ်မီလာတို့သည် မူလအစီအစဉ်အတိုင်း ဧပြီ ၂၇ ရက်မှစ၍ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဟု ဗြိတိန်နိုင်ငံ ဘယ်ကင်ဟမ်နန်းတော်က ဧပြီ ၂၆ ရက်တွင် ကြေညာခဲ့သည်။
ဗြိတိန်နှင့် အမေရိကန် နှစ်ဖက်ဆွေးနွေးညှိနှိုင်းပြီးနောက် ချားလ်စ်ဇနီးမောင်နှံ၏ ခရီးစဉ်သည် မူလအစီအစဉ်အတိုင်း လုပ်ဆောင်သွားမည်ဟု တော်ဝင်မိသားစု ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ ဗြိတိန်တော်ဝင်မိသားစုနှင့် အမေရိကန်အစိုးရအရာရှိများသည် ထိုနေ့တွင် အမေရိကန်ခရီးစဉ်နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ရာ ဧပြီ ၂၅ ရက်ညပိုင်း အိမ်ဖြူတော်သတင်းထောက်အသင်း ညစာစားပွဲ၌ ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် ခရီးစဉ်ပြောင်းလဲရန် လိုအပ်ခြင်း ရှိ၊ မရှိအား ဆွေးနွေးခဲ့ကြောင်း ဗြိတိန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ဧပြီ ၂၅ ရက် ညပိုင်းတွင် အိမ်ဖြူတော် သတင်းထောက်အသင်း ညစာစားပွဲ ကျင်းပလျက်ရှိသည့် ဝါရှင်တန် ဟေတန်ဟိုတယ်တွင် သေနတ်ပစ်ခတ်သံ ပေါ်ထွက်လာခဲ့ပြီး ညစာစားပွဲ တက်ရောက်လျက်ရှိသည့် ထရမ့်က အရေးပေါ် ထွက်ခွာသွားခဲ့သည်။ သံသယရှိသူကို အချင်းဖြစ်ပွားရာနေရာ၌ပင် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၎င်း၏ နာမည်မှာ Cole Allen ဖြစ်ကာ လက်ရှိ အသက် ၃၁ နှစ်ရှိပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှဖြစ်ကြောင်း အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန် တရားစီရင်ရေးဝန်ကြီးဌာန ယာယီဝန်ကြီး Todd Blanche က သေနတ်ပစ်ခတ်မှု သံသယရှိသူအား ရှာဖွေစုံစမ်းရန်အမိန့် ချမှတ်ပြီးဖြစ်ကာ သံသယရှိသူ၏ပစ်မှတ်သည် အစိုးရအရာရှိဖြစ်ပြီး ထရမ့် ပါဝင်နိုင်ခြေရှိကြောင်း ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ထိုမတိုင်မီထုတ်ပြန်ထားသော ဗြိတိန်တော်ဝင်မိသားစု၏ သတင်းအချက်အလက်အရ ချားလ်စ်ဇနီးမောင်နှံ၏ အမေရိကန်ခရီးစဉ်မှာ ၄ ရက်ကြာမြင့်မည်ဖြစ်သည်။ ယင်းသည် တတိယ ချားလ်စ်က ဘုရင်အဖြစ် နန်းတက်လာပြီးနောက် အမေရိကန်သို့ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ် သွားရောက်မည်လည်းဖြစ်သည်။ (Xinhua)

——————-
(Chinese Version)
白宫记协晚宴枪击后 英国王将按原计划访美
新华社伦敦4月26日电(记者于艾岑)英国白金汉宫26日宣布,英国国王查尔斯三世和王后卡米拉将按原计划于27日开始对美国的国事访问。
一名王室发言人表示,英美双方经过磋商,查尔斯夫妇的访问将按原计划进行。据英国媒体报道,英国王室与美国政府官员当天就访美计划进行了磋商,讨论是否需因25日晚白宫记者协会晚宴发生枪击事件而更改行程。
25日晚,正在举行白宫记者协会晚宴的华盛顿希尔顿酒店传出枪声。出席晚宴的美国总统特朗普紧急撤离。据美国媒体报道,嫌疑人被当场逮捕,名为科尔·艾伦,现年31岁,来自加利福尼亚州。美国代理司法部长布兰奇26日说,已对枪击嫌疑人执行搜查令,并称嫌疑人目标是政府官员,可能包括特朗普。
据英国王室先前发布的信息,查尔斯夫妇的访美行程为期4天。这是查尔斯三世成为国王以来首次对美国进行国事访问。(完)
图说:2月19日,英国国王查尔斯三世出席伦敦时装周。华社发