Europe
EU ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးတွင် အီရန်စစ်ရေး စသည့် အကြောင်းအရာများ အဓိကထား ဆွေးနွေး
ဆိုက်ပရပ်စ်/ Ayia Napa ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ဆိုက်ပရပ်စ်နိုင်ငံတွင် ဧပြီ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပလျက်ရှိပြီး အစည်းအဝေးတွင် အီရန်စစ်ရေးနှင့် ၎င်းမှ ဖြစ်ပေါ်လာသော စွမ်းအင်အကျပ်အတည်းကို အဓိကထားပြီး EU ဘုံကာကွယ်ရေးနှင့် နှစ်ရှည်ဘဏ္ဍာရေးဆိုင်ရာ မူဘောင်စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။
အစည်းအဝေးမတိုင်မီ EU အဖွဲ့ဝင်နိုင်ငံများထံ ပေးပို့သော ဖိတ်ကြားစာတွင် ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက အစည်းအဝေးသည် ဧပြီ ၂၃ ရက်တွင် စိန်ခေါ်မှုများနှင့် ပြည့်နေသော အရှေ့အလယ်ပိုင်း ပထဝီနိုင်ငံရေးပတ်ဝန်းကျင်၊ ဥရောပအနေဖြင့် အဆိုပါဒေသတွင်း အခြေအနေ တင်းမာမှုလျှော့ချရန်၊ ငြိမ်းချမ်းရေး မြှင့်တင်ကာ ဟော်မုဇ်ရေလက်ကြားတွင် ချောမွေ့စွာ ဖြတ်သန်းသွားလာရေးကို သေချာစေရန်အတွက် ကူညီပံ့ပိုးမှုများလုပ်ဆောင်ရန် မည်သို့ပါဝင်ဆောင်ရွက်မည်နည်းကို အဓိကထား ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။
ရုပ်ကြွင်းလောင်စာ ဈေးနှုန်းမြင့်တက်မှုသည် EU ပြည်သူလူထုနေ့စဉ်ဘဝကို သက်ရောက်နေပြီဖြစ်ရာ ဥရောပခေါင်းဆောင်များအနေဖြင့် စွမ်းအင်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မည်သို့တုံ့ပြန်မည်နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟုလည်း ကော်စတာက ပြောကြားခဲ့သည်။
ထို့အပြင် အစည်းအဝေးတွင် EU ဘုံကာကွယ်ရေးနှင့်ပတ်သက်သော အကြောင်းအရာများ၊ EU သဘောတူညီချက်များဆိုင်ရာ ကိစ္စရပ်များအပါအဝင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ EU သဘောတူညီချက် စည်းကမ်းချက်များအရ လက်နက်ကိုင် တိုက်ခိုက်မှုကို ခံရစဉ် EU အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြန်အလှန် ကူညီမှုများ ပေးရမည်ဖြစ်သည်။ EU အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သက်ဆိုင်ရာစည်းကမ်းချက်များသည် လက်တွေ့တွင် မည်သို့လည်ပတ်သည်ကို တိတိကျကျသိရှိစေရန် လုပ်ငန်းလမ်းညွှန်တစ်ရပ် ပြဋ္ဌာန်းရေးအတွက် မျှော်လင့်ကြသည်။
ဧပြီ ၂၄ ရက် အစည်းအဝေးတွင် EU ၏ နောက်တစ်ဆင့် နှစ်ရှည်ဘဏ္ဍာရေးဆိုင်ရာ မူဘောင်ကို ဆွေးနွေးမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ ခေါင်းဆောင်များနှင့်လည်း အရှေ့အလယ်ပိုင်းဒေသအခြေအနေများကို ဆွေးနွေးကြမည်ဖြစ်သည်။ (Xinhua)

ဆိုက်ပရပ်စ်နိုင်ငံ Ayia Napa မြို့တွင် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် အခမ်းအနားသို့ ရောက်ရှိလာသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


…………………….
(Chinese Version)
欧盟领导人非正式会议聚焦伊朗战事等议题
新华社塞浦路斯圣纳帕4月23日电(记者丁英华 张兆卿)欧盟领导人非正式会议23日至24日在塞浦路斯举行,会议将聚焦伊朗战事及其引发的能源危机,同时将讨论欧盟共同防御和多年度财政框架等议题。
欧洲理事会主席科斯塔在会前致欧盟成员国的邀请信中说,会议在23日将重点讨论充满挑战的中东地缘政治环境,以及欧洲如何为该地区局势缓和、推动和平并保障霍尔木兹海峡航行畅通作出贡献。
科斯塔还说,化石燃料价格高企已影响欧盟民众日常生活,欧洲领导人将就如何应对能源问题展开讨论。
此外,会议还涉及欧盟共同防御议题,包括探讨欧盟条约相关内容。根据欧盟条约规定,欧盟成员国在遭受武装攻击时应提供相互援助。欧盟成员国希望制定一套操作指南,以明确相关条款在实践中如何运作。
会议在24日将讨论欧盟下一阶段的多年度财政框架,还将与中东地区领导人探讨中东局势。(完)
图说1:4月23日,在塞浦路斯圣纳帕,塞浦路斯总统赫里斯托祖利季斯(右)在会前迎接欧洲理事会主席科斯塔。新华社记者 吕优 摄
图说2:4月23日,在塞浦路斯圣纳帕,欧盟委员会主席冯德莱恩步入会场。新华社记者 吕优 摄
