Connect with us

Politics

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ သမ္မတအသစ် ဦးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ဧပြီ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ထိုသို့တွေ့ဆုံရာတွင် ဦးမင်းအောင်လှိုင်က သမ္မတ ရှီကျင့်ဖိန်အပေါ် ရင်းနှီးသော ဆုမွန်ကောင်းတောင်းစကားအား ဝမ်ရိမှတစ်ဆင့် ပြောကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်က ၎င်းသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းကို အစောဆုံး ဂုဏ်ပြု၍ ကျမ်းသစ္စာကျိန်ဆိုပွဲသို့တက်ရောက်ရန် အထူးသံတမန်စေလွှတ်ခဲ့ခြင်း၊ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးအတွက် ထောက်ခံအားပေးခြင်းတို့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် မြန်မာ-တရုတ်ဆက်ဆံရေးကို မြန်မာနိုင်ငံ၏ အရေးကြီးဆုံး နှစ်ဖက်ဆက်ဆံရေးအဖြစ် အစဉ်အမြဲရှုမြင်ပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မြဲစွာ မမှိတ်မသုန် လိုက်နာစောင့်ထိန်းကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်အား များစွာတန်ဖိုးထားချီးကျူး၍ တက်ကြွစွာ ထောက်ခံအားပေးကြောင်း ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို မြှင့်တင်ရန်၊ မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို တွန်းအားပေးဖော်ဆောင်ရန်၊ စွမ်းအင်၊ ကုန်သွယ်စီးပွား၊ အခြေခံအဆောက်အဦ စသည့်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းကို အရှိန်မြှင့်တင်ရန်၊ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်မှုကို လက်တွဲကာကွယ်ထိန်းသိမ်းရန်၊ မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ်နက်ရှိုင်းစေရန်၊ နိုင်ငံချင်း ဆက်ဆံရေး၏ စံနမူနာအဖြစ် အတူဖန်တီးရန်၊ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းအား အတူတည်ဆောက်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာဘက်အနေဖြင့် မြန်မာနိုင်ငံပြည်တွင်း၌ တရုတ်နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့် လုပ်ဆောင်ချက်ဖြစ်ပွားခြင်းကိုမဆို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးကို ဆက်လက်မြှင့်တင်လုပ်ဆောင်သွားမည်ပြီး မြန်မာနိုင်ငံရှိ တရုတ်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုကို လက်တွေ့ကျစွာ ကာကွယ်ပေးရန်အတွက် အစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။


ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား ဦးမင်းအောင်လှိုင်ထံသို့ တစ်ဆင့်ပြောကြားခဲ့ရာ သမ္မတရှီကျင့်ဖိန်က အဆွေတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သလို ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အထူးသံတမန်စေလွှတ်ခဲ့ခြင်းမှာ တရုတ်-မြန်မာ ဆက်ဆံရေး တိုးတက်ရေးအပေါ် တရုတ်နိုင်ငံ အကြီးအကဲ၏ အထူးအလေးထားမှုကို အပြည့်အဝပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းကြောင်း၊ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ မူဝါဒမှာ တစ်သမတ်တည်းရှိရာ “အခိုင်အမာ ထောက်ခံအားပေးမှု” သုံးရပ်ပါဝင်ကြောင်း၊ ယင်းတို့မှာ မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်လျော်ညီပြီး ပြည်သူလူထုထောက်ခံအားပေးမှုရှိသော အောင်မြင်သည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ် လျှောက်လှမ်းခြင်းကို အခိုင်အမာ ထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု ကာကွယ်ထိန်းသိမ်းခြင်းကို အခိုင်အမာ ထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ ပြန်လည်ရင်ကြားစေ့ရေး၊ လူမှုအသိုက်အဝန်းသဟဇာတဖြစ်ရေး ဖော်ဆောင်မှုကို အခိုင်အမာ ထောက်ခံအားပေးခြင်းပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် မြန်မာနိုင်ငံအစိုးရသစ် တာဝန်ယူအုပ်ချုပ်စီမံသည့် ပထမနှစ်ဖြစ်ရာ နှစ်ဖက်အနေဖြင့် ယင်းကို အခွင့်အလမ်းအဖြစ် ထားရှိကာ အစဉ်အလာချစ်ကြည်ရေးကို ဆက်လက်မြှင့်တင်ရန်၊ နှစ်နိုင်ငံဆက်ဆံရေး အလားအလာသစ်ကို ဖွင့်လှစ်ရန်၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရာတွင် အောင်မြင်မှုရလဒ်သစ်များ ရရှိရန် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းသည် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်နှင့် အပြည့်အဝ ကိုက်ညီသလို နှစ်နိုင်ငံပြည်သူများ၏ လက်တွေ့အကျိုးစီးပွားနှင့်လည်း လျော်ညီသည်ကို လက်တွေ့ဖြစ်ရပ်က သက်သေပြခြင်းဖြစ်ရာ မိမိတို့အနေဖြင့် အဆိုပါလမ်းစဉ်အတိုင်း ခိုင်ခိုင်မာမာ မမှိတ်မသုန် လျှောက်လှမ်းသွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အစိုးရသစ်၏ အဓိကဦးစားပေးဆောင်ရွက်မည့် ကဏ္ဍ (၅) ရပ်ကို ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်မှုများထားရှိရန်၊ မဟာဗျူဟာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ မန္တလေးငလျင်ကြီးအလွန် ပြန်လည်တည်ဆောက်ရေးကို ဗဟိုပြု၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေးလုပ်ဆောင်သွားရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေးစနစ် အမြန်ဆုံး ပြန်လည်တည်ဆောက်ရေးအတွက် ကူညီဆောင်ရွက်ကာ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ကို မြှင့်တင်ပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု အဆိပ်အတောက်ကို ပြတ်ပြတ်သားသား အဆုံးတိုင် ရှင်းလင်းရန် လုပ်ဆောင်သွားလိုကြောင်း၊ ဘက်ပေါင်းစုံပလက်ဖောင်းတွင် မြန်မာနိုင်ငံအတွက် မျှတမှန်ကန်စွာ ပြောဆိုဆောင်ရွက်သွားမည် ဖြစ်ပြီး ပိုမိုများပြားသော တွေ့ဆုံဆွေးနွေးရေးပူးပေါင်းဆောင်ရွက်မှုယန္တရားတွင် မြန်မာနိုင်ငံပါဝင်ရေးကို ထောက်ခံသွားရန်၊ အာဆီယံနှင့် အပြုသဘောဆောင်သည့် ဆက်ဆံမှုကို မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံခရီးစဉ်ကာလအတွင်း ဝမ်ရိသည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံမှ ကူညီပေးသော အသင့်နေအိမ် လွှဲပြောင်းလက်ခံခြင်းဆိုင်ရာ စာလွှာနှင့် တရုတ်-မြန်မာ အာကာသဌာနများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လဲလှယ်ခြင်းအား အတူတကွ သက်သေပြုခဲ့ကြသည်။ (Xinhua)
#China #Myanmar #UMinAungHlaing #WangYi #တရုတ် #မြန်မာ #ဦးမင်းအောင်လှိုင် #ဝမ်ရိ

————————————————————————————–
(Chinese Version)
缅甸总统敏昂莱会见王毅
新华社内比都4月25日电(记者张东强 黎广滔)缅甸新任总统敏昂莱25日在内比都会见中共中央政治局委员、外交部长王毅。
敏昂莱请王毅转达对习近平主席的良好祝愿,衷心感谢习近平主席第一时间祝贺其当选总统并派特使出席就职仪式,支持缅经济发展和震后重建。敏表示,缅方始终视缅中关系为缅最重要的双边关系,坚定不移恪守一个中国原则,高度赞赏并积极支持习近平主席提出的四大全球倡议。缅新政府期待同中方加强高层交往,推进缅中经济走廊建设,拓展能源、经贸、基础设施等领域合作,加快缅发展振兴,携手维护边境和平稳定,不断深化缅中全面战略合作伙伴关系,共创国与国关系典范,共筑缅中命运共同体。缅方绝不允许在缅境内发生任何有损中国利益的行为,将继续加大打击网赌电诈,采取措施切实保护中方在缅人员、机构和项目安全。
王毅转达习近平主席对敏昂莱的亲切问候,表示习近平主席致贺阁下当选总统并委派特使出席就职仪式,充分体现中国领导人对发展中缅关系的高度重视。中缅山水相连,胞波情谊深厚。中国对缅政策一以贯之,可以概括为三个“坚定支持”,即坚定支持缅方走出一条符合本国国情、得到人民拥护的成功发展道路;坚定支持缅方维护好国家主权、安全和领土完整;坚定支持缅方实现国家和平、民族和解、社会和谐。今年是缅新政府执政第一年,双方要以此为契机,继承弘扬传统友谊,开辟两国关系新前景,推动中缅命运共同体建设取得新成果。
王毅说,实践证明,中缅构建命运共同体完全契合两国发展振兴需要,符合两国人民切身利益,我们要坚定不移沿着这条道路走下去。中方支持缅新政府五大施政重点。愿同缅方保持高层交往,加强战略协调,围绕震后重建推进双边合作,助缅尽快重建经济体系,提高自主发展能力。愿同缅方合作,坚决彻底铲除网赌电诈毒瘤。中方将继续在多边平台为缅仗义执言,支持缅参与更多对话合作机制,增进同东盟良性互动。
访缅期间,王毅还同缅甸外长丁貌瑞举行会谈,并共同见证交换中方援缅活动板房交接证书、中缅航天部门合作谅解备忘录。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.