Connect with us

Economy

တရုတ်နိုင်ငံက ၅၃ နိုင်ငံအပေါ် စည်းကြပ်ခွန်သုည အစီအမံ စတင်အသက်ဝင်၊ ပထမဆုံးအသုတ် အာဖရိကကုန်ပစ္စည်းကောင်းများ တရုတ်နိုင်ငံသို့ စတင်ပြည်ဝင်

တရုတ်နိုင်ငံက အာဖရိကတိုက် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် ၅၃ နိုင်ငံအပေါ် စည်းကြပ်ခွန်သုည အစီအမံ ဘက်စုံကျင့်သုံးမှုသည် ၂၀၂၆ ခုနှစ် မေ ၁ ရက် နံနက်ပိုင်းတွင် စတင်အသက်ဝင်ပြီးနောက် တစ်နိုင်ငံလုံး၏ ပထမဆုံးအသုတ်ကုန်ပစ္စည်းများ တရုတ်နိုင်ငံ ဆန်းကျန့်ဝမ်းနယ်စပ်ဂိတ် ကုန်ပစ္စည်းစစ်ဆေးရေးလမ်းကြောင်းမှတစ်ဆင့် ပြည်ဝင်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ မေ ၂ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် မေ ၁ ရက် ၀ နာရီတွင် အာရှတိုက်အကြီးဆုံး ခရီးသွားနှင့် ကုန်ပစ္စည်း ဘက်စုံဖြတ်သန်းရာ ကားလမ်းနယ်စပ်ဂိတ်ဖြစ်သည့် ဆန်းကျန့်ဝမ်း နယ်စပ်ဂိတ် ကုန်ပစ္စည်းစစ်ဆေးရေးလမ်းကြောင်း၏ ဂိတ်ပေါက်တား မောင်းတံသည် ဖြည်းဖြည်းချင်းမြင့်တက်သွားကာ တောင်အာဖရိကမှ လတ်ဆတ်သည့် ပန်းသီး ၂၄ တန် တင်ဆောင်ထားသော ကုန်တင်ကားသည် ဆန်းကျန့် အကောက်ခွန်ဌာန၏ မြန်ဆန်စွာ စောင့်ကြည်စစ်ဆေးမှုခံယူပြီးနောက် နယ်စပ်ဂိတ်မှ တည်ငြိမ်စွာ ထွက်ခွာသွားခဲ့သည်။တရုတ်နိုင်ငံက အာဖရိကတိုက် သံတမန်ဆက်ဆံရေးထူထောင်ထားသည့် ၅၃ နိုင်ငံအပေါ် စည်းကြပ်ခွန်သုည အစီအမံ ဘက်စုံကျင့်သုံးမှု စတင်အသက်ဝင်ပြီးနောက် ပထမဆုံးအသုတ် ကုန်ပစ္စည်းများသည် အကောက်ခွန်ဌာနမှ အဆင်ပြေချောမွေ့စွာဖြတ်သန်းခဲ့ပြီး ပြည်ဝင်လာခဲ့ရာ တရုတ်-အာဖရိက ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ ရောက်ရှိခဲ့သည်။

ယခုအကြိမ်တင်သွင်းမှုသည် တောင်အာဖရိကပန်းသီးများ၏ စည်းကြပ်ခွန်သည် ၁၀ ရာခိုင်နှုန်းမှ သုညအထိ ကျဆင်းသွားရာ “ဒါက လက်တွေ့ကျကျ အကျိုးပြုမှုပဲ” ဟု ဆန်းကျန့်မြို့ ကျန့်ချိန်ယဲ့ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး ကိုယ်စားလှယ် ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ လော်စိန့်ချုံးက ဆိုသည်။

“အရင်က တောင်အာဖရိကနေ အလားတူကုန်ပစ္စည်းတွေ တင်သွင်းရင် သတ်မှတ်ချက်အရ အထူးခံစားခွင့်ရှိ နိုင်ငံများစည်းကြပ်ခွန် ပေးဆောင်ရပါတယ်။ စည်းကြပ်ခွန်သုည အစီအမံ အကောင်အထည်ဖော်ပြီးနောက် ယခုအသုတ်ကုန်ပစ္စည်းတွေက စည်းကြပ်ခွန် ယွမ် ၂၀,၀၀၀ ခန့် ချွေတာနိုင်သလို နိုင်ငံတစ်ဝန်း လက်ကားဈေးကြီးတွေနဲ့ စူပါမားကတ်တွေကို အမြန်ဆုံးခွဲဝေရောင်းချသွားမှာဖြစ်ပါတယ်” ဟုလည်း လော်စိန့်ချုံးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အကောက်ခွန်ရေးရာကော်မရှင်သည် မကြာသေးမီက ကြေညာချက် ထုတ်ပြန်၍ ၂၀၂၆ ခုနှစ် မေ ၁ ရက် မှ ၂၀၂၈ ခုနှစ် ဧပြီ ၃၀ ရက်အထိ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသော၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးမဟုတ်သော အာဖရိကတိုက် နိုင်ငံ ၂၀ အပေါ် အထူးစည်းကြပ်ခွန်နှုန်းထား အသွင်ပုံစံဖြင့် စည်းကြပ်ခွန်သုည ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ၎င်းအနက် စည်းကြပ်ခွန် ကိုတာ (Quota) ပမာဏ ရရှိထားသော ကုန်ပစ္စည်းများကမူ ကိုတာပမာဏအတွင်း၌သာ စည်းကြပ်ခွန်နှုန်းထားကို သုညအဖြစ်လျှော့ချသွားမည်ဖြစ်ပြီး ကိုတာပမာဏထက် ကျော်လွန်သော စည်းကြပ်ခွန်၏ နှုန်းထားကမူ ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစီအမံဖော်ဆောင်သည့် ၂ နှစ်တာကာလအတွင်း တရုတ်ဘက်က သက်ဆိုင်ရာ အာဖရိကနိုင်ငံများအနေဖြင့် စီးပွားရေး ဘုံဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း မိတ်ဆက်ချက်အရ သိရသည်။ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် အာဖရိကတိုက်မှ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး ၃၃ နိုင်ငံအတွက် တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ ၎င်းတို့၏ အခွန်စည်းကြပ်မည့်ကုန်ပစ္စည်း ၁၀၀ ရာခိုင်နှုန်းအပေါ် စည်းကြပ်ခွန်သုည စတင်ကျင့်သုံးခဲ့ကြောင်း သိရသည်။

တရုတ်-အာဖရိက ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြှင့် အဆင့်မြှင့်တင်သည့် အရေးကြီး မှတ်ကျောက်တိုင်အနေဖြင့် စည်းကြပ်ခွန်သုညအစီအမံသည် တရုတ်-အာဖရိက ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အားကောင်းသောစွမ်းအားများ ဖြည့်တင်းပေးလိုက်သည်။ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ စာရင်းကောက်ယူမှုအရ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အာဖရိကတိုက်ရှိ သံတမန်ဆက်ဆံရေး ထူထောင်ထားသော ၅၃ နိုင်ငံ၏ နှစ်ဖက်ကုန်သွယ်ရေး စုစုပေါင်းပမာဏမှာ ကန်ဒေါ်လာ ၃၄၈.၀၈ ဘီလီယံရှိပြီး သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် အဆိုပါကုန်သွယ်ရေးပမာဏသည် ကန်ဒေါ်လာ ၉၂.၁၆ ဘီလီယံဖြစ်ပြီး ယမန်နှစ်ကာလတူထက် ၂၆.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေး အခြေအနေတစ်ရပ်လုံး တိုးတက်မှုအမြန်နှုန်းထက် ၉ ရာခိုင်နှုန်းပွိုင့်နီးပါး မြင့်တက်လာခဲ့ကြောင်း သိရသည်။ စည်းကြပ်ခွန်သုည အကောင်အထည်ဖော်ပြီးသည့် အခြေအနေအရ ကြည့်မည်ဆိုပါက တရုတ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး အာဖရိကတိုက်မှ သံတမန်ဆက်ဆံရေး ထူထောင်ထားသော ၃၃ နိုင်ငံမှ သွင်းကုန်မြင့်တက်မှုနှုန်းသည် အခြေအနေတစ်ရပ်လုံးထက် မြန်ဆန်လျက်ရှိသည်။

၂၀၂၆ ခုနှစ်သည် တရုတ်-အာဖရိကက သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့်ဖြစ်သည်။ GACC နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ကောရွှယ်ယန့်က တစ်ကမ္ဘာလုံး ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများ ဦးမော့လာသည့် နောက်ခံအခြေအနေတွင် တရုတ်နိုင်ငံက အာဖရိကတိုက် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့်နိုင်ငံများအပေါ် စည်းကြပ်ခွန်သုည အစီအမံအား အဆင့်မြှင့်တင်ခြင်းသည် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ဖော်ပြလိုက်ကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် အာဖရိကတိုက်နိုင်ငံအသီးသီးက ယင်းကို အခါအခွင့်အဖြစ်သဘောထားကာ တရုတ်-အာဖရိကလုပ်ငန်းများ ချိတ်ဆက်မှုကို တစ်ဆင့်တိုးနက်ရှိုင်းစေခြင်း၊ တရုတ်နိုင်ငံဈေးကွက်ကြီးမှ သယ်ဆောင်လာသော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကြီးများကို အတူမျှဝေခြင်းဖြင့် ကုန်ကြမ်းတင်ပို့မှုမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်မှုဟူသည့် ပြောင်းလဲမှုကို ဖော်ဆောင်ခြင်း၊ တရုတ်-အာဖရိက ကုန်သွယ်စီးပွားဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းတို့ဖြင့် တရုတ်-အာဖရိကပြည်သူများအား ပိုမိုကောင်းမွန်စွာအကျိုးပြုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————–
(Chinese Version)
对53国全面实施零关税举措生效 首票非洲好物抢“鲜”入境
新华社深圳5月1日电(记者邹多为、王丰)2026年5月1日零点,亚洲最大的客货综合性公路口岸——深圳湾口岸货检通道闸口栏杆缓缓抬起,满载24吨南非鲜苹果的货车经深圳海关快速监管验放后平稳驶离口岸,我国对53个非洲建交国全面实施零关税举措生效后首票进口货物顺利通关入境,中非经贸合作迈入新阶段。
本次进口的南非苹果关税由10%降至0,深圳市健诚业国际货运代理有限公司总经理罗胜聪直言“这是实实在在的利好”。
“以往进口南非同类货物需按规缴纳最惠国关税,零关税举措落地后,本批次货物不仅可以节约关税约2万元,还将被迅速分销至全国各大批发市场和商超。”罗胜聪说。
国务院关税税则委员会日前对外发布公告,自2026年5月1日至2028年4月30日,对同中国建交的20个不属于最不发达国家的非洲国家以特惠税率形式实施零关税;其中关税配额产品仅将配额内关税税率降为零,配额外关税税率不变。
据介绍,2年实施期内,中方将继续推动与相关非洲国家商签共同发展经济伙伴关系协定。对于同中国建交的33个非洲最不发达国家,中方已自2024年12月1日起对其100%税目产品实施零关税。
作为中非经贸合作提质升级的重要里程碑,零关税举措为中非经贸合作注入强大动力。根据海关总署统计,2025年,我国与53个非洲建交国双边贸易总值达3480.8亿美元,创历史新高。2026年一季度,这一贸易额为921.6亿美元,同比增长26.8%,高于我国外贸整体增速近9个百分点。从已实施零关税情况看,我国自33个最不发达非洲建交国进口增速快于整体。
2026年是中非开启外交关系70周年。海关总署国际司司长郭雪艳表示,在全球贸易保护主义抬头的背景下,中国对非洲建交国零关税措施的升级体现了真正的多边主义精神。下一步,期待非洲各国以此为契机,进一步深化中非产业对接,通过共享中国大市场带来的发展大机遇,实现从原材料出口向高附加值产品制造的转型,促进中非经贸关系健康发展,更好造福中非人民。(完)
图说:5月1日凌晨,对53个非洲建交国全面实施零关税举措生效后的全国首票货物,经深圳湾口岸货检通道入境。新华社记者 毛思倩 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.