Connect with us

China

ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်တင်သင်္ဘော တရုတ်နိုင်ငံတွင် လွှဲပြောင်းပေးအပ်၊ ကမ္ဘာ့မော်တော်ကား သယ်ယူပို့ဆောင်မှုစွမ်းဆောင်ရည် မြှင့်တင်လျက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် မော်တော်ကားတင်သင်္ဘော Glovis Leader လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ ဧည့်သည်တော်များ အဖွဲ့လိုက်အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
မော်တော်ယာဉ်တင်သင်္ဘောအမျိုးအစားတွင် ကမ္ဘာ့အကြီးဆုံးဖြစ်သည့် စွမ်းဆောင်ရည်အမြင့်ဆုံး ကားအစီးရေ ၁၀,၈၀၀ တင်ဆောင်နိုင်သော မော်‌တော်ကားတင်သင်္ဘောကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့တွင် ဧပြီ ၂၈ ရက်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Glovis Leader ဟု အမည်ပေးထားသော အဆိုပါ သင်္ဘောကို တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးကော်ပိုရေးရှင်း (CSSC) အောက်ရှိ ကွမ်ကျိုး နိုင်ငံတကာ သင်္ဘောကျင်းကုမ္ပဏီလီမိတက်နှင့် China Shipbuilding Trading ကုမ္ပဏီလီမိတက်တို့က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုသင်္ဘောကို တောင်ကိုရီးယားနိုင်ငံရှိ ဦးဆောင် သင်္ဘောလုပ်ငန်းကုမ္ပဏီဖြစ်သော HMM ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုသို့လွှဲပြောင်းပေးအပ်ပြီးနောက် တောင်ကိုရီးယားနိုင်ငံ အခြေစိုက် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Hyundai Glovis ကုမ္ပဏီလီမိတက်က သင်္ဘောကို အသုံးပြုလည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260429/b58e2cd6bbce451e8c55377b551df564/c.html
……………………………………..
(English Version)
World’s largest car carrier delivered in China, boosting global auto transport capacity
GUANGZHOU, April 29 (Xinhua) — A car carrier with a maximum capacity of 10,800 car equivalent units, described as the world’s largest of its kind, was delivered Tuesday in the southern Chinese city of Guangzhou.
The vessel, named Glovis Leader, was built by Guangzhou Shipyard International Company Limited under the China State Shipbuilding Corporation (CSSC), together with China Shipbuilding Trading Co., Ltd. It was delivered to HMM, a leading shipping company in the Republic of Korea (ROK). After delivery, the vessel will be operated by Hyundai Glovis Co., Ltd., a logistics company also based in the ROK.
https://english.news.cn/20260429/b58e2cd6bbce451e8c55377b551df564/c.html
Photo: Guests pose for a group photo at the delivery ceremony of car carrier Glovis Leader in Guangzhou, south China’s Guangdong Province, April 28, 2026. (Xinhua/Wu Lu)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.