China
လန်ကျိုးမြို့ဧရိယာသစ်တွင် ဒရုန်းများဖြင့် တောရိုင်းသစ်တောပျိုးထောင်မှုကို အားဖြည့်ပေး
လန်ကျိုး၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
မကြာသေးမီရက်များတွင် တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ဧရိယာသစ် တောင်ပိုင်း ဆင်ခြေဖုံး ဥယျာဉ်ရှိ တရုတ်မူ ၂,၃၀၀ ကျော် (၁၅၃ ဟက်တာခန့်) ရှိသော တောရိုင်းတောင်စောင်းများပေါ်တွင် စိုက်ပျိုးရေးနှင့် သစ်ပင်ကာကွယ်ရေးဒရုန်း အများအပြားသည် ခေါက်တုံ့ခေါက်ပြန် ပျံသန်းလျက် တောင်စောင်းရှိ သစ်ပင်စိုက်ရန် နေရာများသို့ ပျိုးပင်များကို တိကျစွာသယ်ယူပို့ဆောင်ပေးခြင်းဖြင့် သစ်တောစိုက်ပျိုးရေးလုပ်ငန်းများကို ထိရောက်စွာကူညီပေးခဲ့သည်။
ယင်းသည် အဆိုပါဒေသတွင် ပထမဆုံးသော ဒရုန်းများဖြင့် သစ်တောပျိုးထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သမားရိုးကျ လူအင်အားဖြင့် လုပ်ဆောင်သည့်ပုံစံနှင့် နှိုင်းယှဉ်ပါက ဒရုန်းများသည် တောင်ကုန်းတောင်စောင်းနှင့် ခက်ခဲကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်များအတွက် ပိုမိုသင့်လျော်ကြောင်း၊ ပျိုးပင်များကို သယ်ယူပို့ဆောင်ရာတွင် ပိုမိုဘေးကင်းပြီး အချိန်နှင့် လုပ်အားကို သက်သာစေသည့်အပြင် သစ်တောပျိုးထောင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို သိသိသာသာ မြင့်တင်ပေးရာ တောရိုင်းများ စိမ်းလန်းစိုပြည်ရေးအတွက် “အရှိန်မြှင့်ခလုတ်”ကို နှိပ်ပေးလိုက်ခြင်းဖြစ်ကြောင်း လန်ကျိုးမြို့ဧရိယာသစ် သဘာဝအရင်းအမြစ်နှင့် စီမံကိန်းရေးဆွဲရေးဗျူရို၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ဧရိယာသစ် တောင်ပိုင်း ဆင်ခြေဖုံး ဥယျာဉ်တစ်နေရာရှိ တောင်စောင်းပေါ်တွင် သစ်တောပျိုးထောင်ရေးကို အားဖြည့်ပေးရန် ပျိုးပင်များသယ်ဆောင်လာသော ဒရုန်းအား ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
兰州新区:无人机助力荒山植树造林
新华社照片,兰州,2026年4月28日
连日来,在兰州新区南部郊野公园2300余亩荒山坡地上,数架植保无人机来回穿梭,精准将苗木吊运至山坡各植树点位,高效助力造林作业。
兰州新区自然资源和规划局介绍,这是当地首次运用植保无人机开展植树造林作业。相比传统人工作业模式,无人机更适配山地陡坡复杂地形,转运苗木更安全、更省时省力,大幅提升植树造林效率,为荒山绿化按下“加速键”。
图说1:4月27日,兰州新区南部郊野公园一处山坡上,工作人员接收无人机吊运的苗木。 新华社记者 郎兵兵 摄
图说2:4月27日,兰州新区南部郊野公园一处山坡上,无人机吊运苗木助力植树造林。新华社记者 郎兵兵 摄
