Europe
တရုတ်အမှတ်တံဆိပ်က ကမ္ဘာ့ကားအမှတ်တံဆိပ်တန်ဖိုး ထိပ်တန်း ၁၀၀ စာရင်းတွင် ပါဝင်မှု အရေအတွက် အများဆုံးအဖြစ် ဆက်လက်ရပ်တည်
လန်ဒန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် အခြေစိုက်သည့် အမှတ်တံဆိပ်တန်ဖိုးခန့်မှန်းအကဲဖြတ်မှု အဖွဲ့အစည်း Brand Finance က ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်သော “၂၀၂၆ ခုနှစ် တစ်ကမ္ဘာလုံး ကားအမှတ်တံဆိပ်တန်ဖိုး ထိပ်တန်း ၁၀၀” အစီရင်ခံစာအရ တရုတ်ကားအမှတ်တံဆိပ်ပေါင်း ၂၄ ခု ပါဝင်ခဲ့ရာ အဆိုပါစာရင်းတွင် ပါဝင်မှုအရေအတွက် အများဆုံးအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ကမ္ဘာတစ်ဝန်း မော်တော်ယာဉ်လုပ်ငန်းသည် စွမ်းအင်သစ်၊ ဉာဏ်ရည်ထည့်သွင်းမှုဆီသို့ အသွင်ပြောင်းလျက်ရှိကြောင်း၊ အရင်းအနှီး ထိန်းချုပ်မှုစွမ်းရည်၊ လက်တွေ့ကျ လျှပ်စစ်အသွင်ပြောင်းခြင်း အခင်းအကျင်းနှင့် ဈေးနှုန်းအပေါ် အကဲဆတ်သည့်ဈေးကွက်၌ ယှဉ်ပြိုင်မှုစွမ်းရည်တို့မှာ အမှတ်တံဆိပ်တန်ဖိုးအား အဆုံးအဖြတ်ပေးသည့် အဓိကအကြောင်းအချက်များဖြစ်လာကြောင်း၊ BYD ၊ Geely ၊ SAIC စသည့် တရုတ်ကားကုမ္ပဏီများသည် ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံး ညှိနှိုင်းဆောင်ရွက်မှု၊ နည်းပညာထိုးဖောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှု မဟာဗျူဟာဖြင့် အာရှ၊ ဥရောပ စသည့် ဈေးကွက်များတွင် ဈေးကွက်ဝေစုကို အဆက်မပြတ်တိုးချဲ့ခဲ့ရာ နိုင်ငံတကာလွှမ်းမိုးနိုင်မှုစွမ်းရည်သည်လည်း ဆက်တိုက်မြင့်တက်လာကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တရုတ်စွမ်းအင်သစ်လျှပ်စစ်ကားများသည် ထုတ်လုပ်မှုပမာဏ၊ ရောင်းချမှုပမာဏ၊ တင်ပို့မှုပမာဏ၊ တစ်ကမ္ဘာလုံးဈေးကွက်ပိုင်ဆိုင်မှုနှုန်း၊ အမှတ်တံဆိပ်အရေအတွက် စသည့် ကဏ္ဍငါးရပ်တွင် တစ်ကမ္ဘာလုံး၏ ထိပ်တန်းနေရာ၌ ရပ်တည်လျက်ရှိကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
ကမ္ဘာ့ဈေးကွက်အခင်းအကျင်းကဏ္ဍတွင် ဥရောပ သမားရိုးကျကားလုပ်ငန်းကုမ္ပဏီများ၏ တရုတ်နိုင်ငံဈေးကွက်တွင် ပိုင်ဆိုင်မှုဝေစုသည် အဆက်မပြတ် ကျဆင်းလာနေသော်လည်း တရုတ်အမှတ်တံဆိပ်များက ဥရောပဈေးကွက်၌ လည်ပတ်မှုဝင်ငွေမှာမူ တည်ငြိမ်စွာ တိုးတက်လျက်ရှိကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ Brand Finance အုပ်စု၏ စစ်ဆေးလေ့လာမှုအရ နည်းပညာ၊ ဆန်းသစ်တီထွင်မှု၊ စဉ်ဆက်မပြတ်ဖြစ်မှု၊ ဈေးနှုန်း စသည့် စားသုံးသူ အဓိကဆုံးဖြတ်မှုရှုထောင့်တွင် တရုတ်အမှတ်တံဆိပ်သည် ဥရောပအမှတ်တံဆိပ်ဟောင်းကုမ္ပဏီများထက် ကျော်လွန်နေပြီဖြစ်ကြောင်း တွေ့ရသည်။ ၎င်းအနက် ဗြိတိန်ဈေးကွက်သည် တရုတ်အမှတ်တံဆိပ်အပေါ် လက်ခံနိုင်မှု အမြင့်ဆုံးဖြစ်ပြီး ဂျာမနီဈေးကွက်ကမူ ပြည်တွင်းအမှတ်တံဆိပ်အပေါ် နှစ်ခြိုက်မှုများပြားသဖြင့် အတားအဆီးများရှိသော်လည်း တရုတ်အမှတ်တံဆိပ်အနေဖြင့် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုအပိုင်း၌ ဒေသတွင်းသုံးစွဲသူများ၏ အဓိကလိုအပ်ချက်နှင့် တိကျစွာကိုက်ညီနေပြီဖြစ်ရာ ထုတ်ကုန်၏စွမ်းရည်၊ အသုံးပြုသူ၏ ချီးမွမ်းမှုနှင့် ရေရှည်အခင်းအကျင်းဖြင့် တည်ငြိမ်စွာထိုးဖောက်လျက်ရှိပေသည်။
“ကမ္ဘာတစ်ဝန်း မော်တော်ကားလုပ်ငန်းက အရေးကြီးအသွင်ပြောင်းမှုအဆင့်မှာ ရောက်ရှိနေပါတယ်။ တရုတ်ကားအမှတ်တံဆိပ်တွေက လျှပ်စစ်ကားနယ်ပယ်မှာ ဦးဆောင်မှုအားသာချက်နဲ့ အသင့်အတင့် ကောင်းမွန်တဲ့ တစ်ကမ္ဘာလုံးဈေးကွက်ဝေစုကို အောင်မြင်စွာ ရယူထားပြီးဖြစ်ပါတယ်” ဟု Brand Finance အုပ်စု တရုတ်ကုမ္ပဏီဥက္ကဋ္ဌ ချန်ရိသိန်းက အင်တာဗျူးအတွင်း ပြောကြားခဲ့သည်။ “အနာဂတ်မှာ တရုတ်ကားကုမ္ပဏီတွေက အကြိတ်အနယ်ယှဉ်ပြိုင်မှုကြားမှာ ဆက်လက်ဦးဆောင်ချင်တယ်ဆို နည်းပညာ ဆန်းသစ်တီထွင်မှုမှာ တစ်ဆင့်တိုးအာရုံစိုက်ခြင်း၊ အမှတ်တံဆိပ်ကွာဟမှု အားသာချက် ဖန်တီးခြင်း၊ သုံးစွဲသူခံစားချက်ကို ဘက်စုံမြှင့်တင်ခြင်းဖြင့် အမှတ်တံဆိပ်တန်ဖိုးကို တိုးမြှင့်ကာ အမှတ်တံဆိပ်စွမ်းရည်ကို အားဖြည့်၍ နောက်ဆုံးမှာ အကျိုးအမြတ်ရရှိနှုန်းမြှင့်တင်ခြင်းနဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
中国品牌蝉联全球汽车品牌价值百强榜上榜数量第一
新华社伦敦4月23日电(记者高文成)总部位于英国伦敦的品牌估值机构品牌金融集团23日发布的《2026全球汽车品牌价值100强》报告显示,中国汽车品牌共有24家入围,再次占据上榜数量首位。
报告指出,当前全球汽车行业正加速向新能源、智能化转型。成本管控能力、务实电动化布局以及在价格敏感市场的竞争力,成为决定品牌价值的核心要素。比亚迪、吉利、上汽等中国车企凭借全产业链协同、技术突破与全球化战略,在亚洲、欧洲等市场不断扩大份额,国际影响力持续攀升。2025年,中国新能源汽车在产量、销量、出口量、全球市占率、品牌数量五大维度上领跑全球。
报告显示,在全球市场格局方面,欧洲传统车企在华市场份额持续下降,而中国品牌在欧洲市场营收稳步增长。品牌金融集团调研发现,在技术、创新、可持续性、性价比等消费者核心决策维度上,中国品牌已超越众多欧洲老牌车企。其中,英国市场对中国品牌接受度最高;德国市场虽因本土品牌忠诚度高存在壁垒,但中国品牌在技术与创新层面已精准契合当地消费者核心需求,正凭借产品实力、用户口碑与长期布局稳步突破。
“全球汽车行业正处在关键转型节点,中国汽车品牌依托在电动汽车领域的领先优势,已成功抢占可观的全球市场份额。”品牌金融集团中国区总裁陈忆登接受记者采访时说,“面向未来,中国车企想在激烈竞争中持续领跑,必须进一步聚焦于技术创新、打造品牌差异化优势、全面提升消费者体验,以此提高品牌价值、强化品牌实力,最终实现利润率提升与长期可持续发展。”(完)
图说:4月10日,人们参观澳大利亚墨尔本车展。新华社记者 徐海静 摄
