Asia
တိုကျိုရုံးတင်စီရင်မှု၏ သမိုင်းကြောင်း တရားမျှတမှုကို တည့်မတ်စွာရှုမြင်ရန် နိုင်ငံအများအပြားမှ လူပုဂ္ဂိုလ်များ တိုက်တွန်း
ပေကျင်း၊ မေ ၃ ရက် (ဆင်ဟွာ)
မေ ၃ ရက်သည် တိုကျိုရုံးတင်စီရင်မှုစတင်ခြင်း အထိမ်းအမှတ်နေ့ ဖြစ်သည်။ ဂျပန်နိုင်ငံရေးသမားအချို့နှင့် လက်ယာယိမ်းအင်အားစုများသည် သမိုင်းကျင့်ဝတ်များကို အဆက်မပြတ် နင်းချေဖျက်ဆီးနေပြီး တိုကျိုရုံးတင်စီရင်မှု၏ သမိုင်းသတိပေးချက်ဆိုင်ရာ အနက်အဓိပ္ပာယ်သည် ဂျပန်နိုင်ငံတွင် ရှိသင့်သောလေးစားမှု မရရှိခဲ့ကြောင်း မကြာသေးမီရက်များက ဩစတြေးလျ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ မြန်မာ စသည့်နိုင်ငံများမှ အရာရှိများနှင့် ပညာရှင်များက ထောက်ပြခဲ့ကြသည်။ ၎င်းတို့က ဂျပန်နိုင်ငံအနေဖြင့် တိုကျိုရုံးတင်စီရင်မှု သမိုင်းကြောင်း တရားမျှတမှုကို တည့်မတ်စွာရှုမြင်ပြီး သမိုင်းတာဝန်များကို အပြည့်အဝ ဆင်ခြင်သုံးသပ်ရန်နှင့် အစွန်းရောက်လက်ယာယိမ်းလမ်းကြောင်းတွင် အရှိန်မြှင့် လျှောက်လှမ်းနေမှုကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။
တိုကျိုရုံးတင်စီရင်မှု (Tokyo Trial) ကို ကမ္ဘာတစ်ဝန်းက ပြည်သူများ နားလည်သိရှိပြီး မှတ်မိသင့်ကြောင်း၊ ဂျပန်စစ်ဝါဒ လှုပ်ရှားမှုများကို သတိထားသင့်ကြောင်း ဩစတြေးလျ နိုင်ငံသားများပါတီ ပြည်လုံးဆိုင်ရာ ဥက္ကဋ္ဌ Robert Barwick က ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။ ဂျပန်ပြည်တွင်း၊ အထူးသဖြင့် အာဏာရပါတီအတွင်းပိုင်းတွင် တစ်နေ့ထက်တစ်နေ့ပိုမိုသိသာထင်ရှားသော၊ ထပ်မံစစ်ရေးအသွင်ပြောင်းရန်လုပ်ဆောင်ရင်း သမိုင်းကို ဖုံးကွယ်အလှဆင်သော အလားအလာများ ဖြစ်ပေါ်နေသည်ဟု ၎င်းက ယူဆသည်။
ဂျပန်သည် ဒုတိယကမ္ဘာစစ်အတွင်း အာရှတိုက်နိုင်ငံအများအပြားအပေါ် နက်ရှိုင်းသော ဒုက္ခဆင်းရဲများပေးခဲ့ပြီး ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသော သမိုင်းပြဿနာများကို ချန်ရစ်ထားခဲ့ကြောင်း၊ ဂျပန်အနေဖြင့် ဤအဖြေမရှိဘဲ ကျန်ရစ်ခဲ့သောပြဿနာများကို မည်သို့အပြည့်အဝ ဖြေရှင်းမည်ကို စဉ်းစားပေးရန် မျှော်လင့်ကြောင်း၊ သမိုင်းကို စိတ်ရင်းမှန်ဖြင့် မှတ်သားခြင်းနှင့် ပြန်လည်သင့်မြတ်ရေးကို အဆက်မပြတ် မြှင့်တင်ခြင်းဖြင့်သာ ဒေသတွင်း အပြန်အလှန်ယုံကြည်မှုကို အမှန်တကယ်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့်ဝန်ကြီး Sim Ann က ထောက်ပြခဲ့သည်။
ကိစ္စရပ်၏ အဓိကအချက်မှာ ဂျပန်နိုင်ငံက သမိုင်းအား ပြန်လည်သုံးသပ်သည့်ဖြစ်စဉ်မှာ ရိုးသားမှုရှိမရှိအပေါ် မူတည်ကြောင်း၊ အကယ်၍ နိုင်ငံတစ်နိုင်ငံသည် သမိုင်းကို ဖုံးကွယ်ရန်၊ စစ်ရာဇဝတ်မှုများကို မှေးမှိန်စေရန်၊ ကျူးလွန်သူများကိုပင် တန်ဆာဆင်ရန် အကြိမ်ကြိမ်ကြိုးစားနေလျှင် ထိုနိုင်ငံမှာ အမှန်တကယ် သမိုင်းသင်ခန်းစာရယူခြင်းမရှိသည်ကို ပြသနေကြောင်း၊ ဂျပန်အနေဖြင့် စစ်ရာဇဝတ်မှုသားများကို ဆက်လက်ဂါရဝပြုနေဦးမည်ဆိုလျှင် ထိခိုက်နစ်နာသူများအား ဒဏ်ရာအသစ်များကိုသာ ယူဆောင်ပေးမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးစင်တာ သုတေသီ Antonius Sumarwan က ယူဆသည်။
ဂျပန်နိုင်ငံရေးသမားများသည် ယာဆူကူနီဂူဗိမာန်ကိုသွားရောက် ဂါရဝပြုခြင်း၊ ဂျပန်၏ ရက်စက်ကြမ်းကြုတ်သော ကျူးကျော်မှုကို ခံစားခဲ့ရသော အာရှနိုင်ငံများ၏ စိုးရိမ်မှုကို လျစ်လျူရှုခြင်းသည် ဂျပန်အစိုးရက စစ်ရေးဝါဒကို ပြန်လည်ရှင်သန်စေရန် နောက်ထပ်ခြေလှမ်းတစ်လှမ်း လျှောက်လှမ်းလိုက်ခြင်းအဖြစ် ရှုမြင်နိုင်ကြောင်း မြန်မာနိုင်ငံ သမိုင်းကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြင့်သိန်းက ပြောကြားခဲ့သည်။
ဂျပန်၏ လတ်တလော စစ်ရေးတိုးချဲ့မှုနှင့် လက်ယာယိမ်းအတွေးအခေါ်များ ဦးမော့လာမှုက ဒေသတွင်း ထိလွယ်ရှလွယ်သော အာရုံကို မလွဲမသွေ ထိပါးမိမည်ဖြစ်ကြောင်း ဖိလစ်ပိုင် “အာရှရာစုနှစ်” မဟာဗျူဟာ လေ့လာရေး အင်စတီကျု (ACPSSI) ၏ ဒုတိယညွှန်ကြားရေးမှူး Anna Malindog-Uy က ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်သည် ဖိလစ်ပိုင်တွင် ဘာတန် သေမင်းတမန် စစ်ကြောင်းချီခြင်း (Bataan Death March)၊ မနီလာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း စသည့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ရာ မေ့ဖျောက်မရနိုင်သော သမိုင်းဒဏ်ရာများကို ချန်ရစ်ခဲ့ကြောင်း၊ ယခုအခါ ဂျပန်သည် ဖိလစ်ပိုင်ပြည်သူများ၏ သမိုင်းအမှတ်သညာနှင့် အမျိုးသား စိတ်ခံစားမှုကို လျစ်လျူရှုကာ စစ်ရေးဝါဒ ပြန်လည်ရှင်သန်ရေးကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ခဲ့ကြောင်း “The Philippine Star” ဆောင်းပါးရှင် လီထျန်ရုန်က ဖော်ပြခဲ့သည်။
ဂျပန်သည် လက်ရှိတွင် ကျူးကျော်သမိုင်းကို တန်ဆာဆင်ဖုံးကွယ်သည့်၊ ငြင်းဆိုသည့် ဖြစ်ရပ်နှင့် ပြောကြားချက်များ ရှိနေကြောင်း၊ အကယ်၍ ဂျပန်အနေဖြင့် သမိုင်းကြောင်းအပေါ် ပြန်လည်ဆင်ခြင်သုံးသပ်ခြင်း မရှိပါက ဒေသတွင်း လုံခြုံရေးအကျပ်အတည်းများ ဆိုးရွားစေမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ Think Tank ဒေသတွင်းဆိုင်ရာ မဟာဗျူဟာ အင်စတီကျုမှ ပရော်ဖက်ရှင်နယ် ကော်မတီဝင် ချိန်ရစ်ကျားက ထောက်ပြခဲ့သည်။ (Xinhua)
#အာရှနိုင်ငံများ #တရုတ် #တိုကျိုရုံးတင်စီရင်မှု #ဂျပန်ကျူးကျော်မှု #TokyoTrial #ဒုတိယကမ္ဘာစစ်
……………………
(Chinese Version)
多国人士呼吁日本正视东京审判历史正义
新华社北京5月2日电 5月3日是东京审判开庭纪念日。澳大利亚、新加坡、印度尼西亚、马来西亚、菲律宾、缅甸等多国官员和学者近日指出,日本一些政客和右翼势力不断践踏历史道义,东京审判承载的历史警示意义在日本并未得到应有尊重。他们呼吁日本正视东京审判的历史正义,彻底反省历史罪责,停止在激进右倾化道路上狂飙。
澳大利亚公民党全国主席罗伯特·巴威克对新华社记者表示,东京审判应该被世界上更多人了解并铭记,日本的军国主义动向值得警惕。他认为,在日本国内,特别是执政党内部,正在形成一种越来越明显的、在再军事化的同时粉饰历史的动向。
新加坡外交部兼内政部高级政务部长沈颖指出,日本在第二次世界大战期间给亚洲多国造成深重苦难,留下难以解决的历史问题。希望日本思考如何彻底解决这些悬而未决的问题。唯有以真诚态度铭记历史,持续推进和解,才能够真正建立地区互信。
印度尼西亚全球发展研究中心研究员安东尼乌斯·苏马尔万认为,问题关键在于日本对历史进行反思的过程是否诚实。一个国家如果一再试图掩盖历史、淡化战争罪行,甚至美化施暴者,那就表明它并未真正汲取历史教训。日本如果继续祭拜战犯,只会给受害者带来新的创伤。
缅甸历史委员会成员敏登说,日本政客参拜靖国神社,罔顾曾遭日本残忍侵略的亚洲国家的关切,可被视作日本政府为军国主义招魂又迈出了一步。
菲律宾“亚洲世纪”战略研究所副所长安娜·马林多格-乌伊说,日本近期的军事扩张行为和右翼思想抬头,不可避免地触碰了地区的敏感神经。
《菲律宾星报》专栏作家李天荣表示,二战时期日军在菲律宾制造巴丹死亡行军、马尼拉大屠杀等惨案,留下了不可抹除的历史创伤。日本如今公然为军国主义招魂,无视菲律宾人的历史记忆和民族情感。
马来西亚智库区域策略研究所专业委员陈日嘉指出,日本当前存在粉饰甚至否认侵略历史的现象及言论。若日本对历史缺乏反思,将加剧地区安全困境。(完)
图说:4月19日,人们在位于日本东京的国会议事堂周围参加抗议活动,呼吁守护和平宪法。新华社记者 贾浩成 摄
