Environment, Disasters & Accidents
မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ရှိ ဈေးတစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ရှိ ဈေးတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း ၂၇၁ ခန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဓနုဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၇ ရက်တွင် ဆင်ဟွာသို့ ပြောသည်။
အဆိုပါ မီးလောင်မှုသည် ဧပြီ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်တွင် စတင်ခဲ့ပြီး ၁ နာရီခန့်အကြာတွင် မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
ယင်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူမရှိကြောင်း၊ မီးလောင်ရသည့် အကြောင်းရင်းကိုမူ ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် ၈၆၆ သန်းကျော်ရှိမည်ဟု ခန့်မှန်းရကြောင်းလည်း ၎င်းက ဆိုသည်။ (Xinhua)
