Connect with us

Asia

အရှေ့အလယ်ပိုင်းအခြေအနေကြောင့် စီးပွားရေးအင်အားစုအချို့ ဆုတ်ယုတ်သည့်အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိဟု စင်ကာပူ ဝန်ကြီးချုပ် ပြောကြား

အင်ဒိုနီးရှားနိုင်ငံ Surakarta မြို့တွင် ဝန်ထမ်းတစ်ဦးက မော်တော်ဆိုင်ကယ်ဆီဖြည့်ပေးနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ မေ ၂ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းအခြေအနေ၏ ရိုက်ခတ်မှုကြောင့် လာမည့်လပိုင်းများတွင် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုမှာ ပို၍ ဆက်လက်ဆိုးရွာလာနိုင်ရာ စီးပွားရေးအင်အားစုအချို့ ဆုတ်ယုတ်မှုအန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင် က မေ ၁ ရက်တွင် ပြောကြားခဲ့သည်။“တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ငွေကြေးဖောင်းပွမှုမြင့်တက်လာမှာဖြစ်ပြီး စွမ်းအင်ကနေ စားသောက်ကုန်နဲ့ အခြားလူသုံးကုန်ပစ္စည်းများအထိ ကူးစက်ပျံ့နှံ့လာမှာဖြစ်တယ်။ အချို့ စီးပွားရေး အင်အားစုတွေက ဆုတ်ယုတ်မှုဒဏ်ကို ခံရနိုင်ပြီး စင်ကာပူကလည်း တိုက်ရိုက် ရိုက်ခတ်မှုခံရလိမ့်မယ်” ဟု စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်က “မေဒေး” အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ စုဝေးပွဲ၌ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားသည့် နှစ်လကျော်ကြာကာလတွင် ကုန်ဈေးနှုန်းမြင့်တက်မှု၊ ထောက်ပံ့ရေးအကျပ်အတည်းဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်း လောရင့်စ်ဝေါင်က ပြောကြားခဲ့သည်။ အချို့နိုင်ငံများတွင် လောင်စာဆီပြတ်လပ်ခြင်း၊ လေကြောင်းကုမ္ပဏီ လေကြောင်းခရီးစဉ်များ လျှော့ချခြင်း၊ စက်ရုံများတွင် ထုတ်လုပ်မှုကြန့်ကြာခြင်း စသည့် အခြေအနေများရှိကြောင်း၊ ယခုနှစ် စင်ကာပူနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာလည်း နှေးကွေးသွားမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုအဆင့်မြင့်တက်ခြင်းကြောင့် ကုမ္ပဏီလုပ်ငန်း၊ အလုပ်သမားနှင့် မိသားစုများအပေါ် လက်တွေ့ဖိအားများ ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှုများ ပြန်လည်လုပ်ဆောင်နိုင်စေကာမူ အကျပ်အတည်းများက ရေတိုအတွင်းအဆုံးသတ်သွားမည်ဟုလည်း မျှော်လင့်၍မရကြောင်း၊ အခြေအနေအရှိန်သည် အနည်းဆုံး လအနည်းငယ်ကြာမှသာ တည်ငြိမ်မည့်အလားအလာရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————————
(Chinese Version)
新加坡总理:中东局势或致部分经济体面临衰退风险
新华社新加坡5月1日电(记者舒畅)新加坡总理黄循财5月1日说,受中东局势影响,未来数月全球供应链中断可能持续加剧,部分经济体面临衰退风险。
黄循财在“五一”国际劳动节集会上发表演讲说:“从全球范围看,通货膨胀将上升,并从能源蔓延至食品及其他必需品。一些经济体可能陷入衰退,新加坡也将直接受到冲击。”
黄循财说,霍尔木兹海峡关闭两个多月以来,已导致价格上涨、供应趋紧。有的国家出现燃料短缺、航空公司削减航班、工厂生产延误的情况。今年新加坡经济增长将放缓,通胀水平上升,将给企业、劳动者和家庭带来实际压力。
他表示,即便霍尔木兹海峡恢复通航,也“不应指望危机在短期内结束”,局势“至少需要数月”才能趋于稳定。(完)
1. 3月31日,在印度尼西亚梭罗,工作人员为摩托车加油。新华社发(布拉姆摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.