Connect with us

Politics

ဝမ်ရိနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံ နေပြည်တော်တွင် ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ဦးတင်မောင်ဆွေအား မြန်မာနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် မကြာသေးမီက အစိုးရသစ်ဖွဲ့စည်းပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်သစ်တစ်ခုကို စတင်နေချိန်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်ခြင်းသည် တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်နိုင်ငံ၏ အထူးအလေးထားမှုကို အပြည့်အဝပြသနေကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့ မြန်မာနိုင်ငံ နေပြည်တော်တွင် ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မည်သည့်အချိန်အခါတွင်မဆို မြန်မာနိုင်ငံ၏ စစ်မှန်ယုံကြည်စိတ်ချရသော မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းထားရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ မြန်မာနိုင်ငံ အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးရန်၊ ဆိုးတူကောင်းဖက်ဖြစ်သော တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရာတွင် အောင်မြင်မှုအသစ်များရရှိရေးကို မြှင့်တင်ကာ မြန်မာပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရာတွင် ခိုင်မာစွာ ထောက်ခံအားပေးပြီး မြန်မာနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှုကို အားကောင်းစေရန်၊ ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် လျှပ်စစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့ ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေပြီး စွမ်းအင်လုံခြုံရေးကို အတူတကွကာကွယ်ထိန်းသိမ်းရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ကာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို မြှင့်တင်ရန်၊ ထွန်းသစ်စပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ တိုးချဲ့ကာ မြန်မာနိုင်ငံ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည် မြှင့်တင်ရေးကို ကူညီပေးရန်၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေကာ နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းကာ ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေးကို အာမခံပေးရန်၊ လူငယ်ကဏ္ဍ ကူးလူးဖလှယ်မွမ်းမံလေ့ကျင့်မှုများ အားကောင်းစေကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပြည်သူ့သဘောထား အုတ်မြစ်ကို ခိုင်မာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာဇာတ်ခုံတွင် မြန်မာနိုင်ငံအတွက် ဆက်လက်၍ တရားမျှတစွာ ပြောကြားပေးသွားမည်ဖြစ်ပြီး ကုလသမဂ္ဂ၊ တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှု၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စသည့် မူဘောင်များအတွင်း နီးကပ်စွာညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဦးတင်မောင်ဆွေက မြန်မာ-တရုတ် နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အတူတကွ အဆိုပြုခဲ့ကာ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံရေးအတွက် စံနမူနာပြခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မာစွာ လိုက်နာစောင့်ထိန်းသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ယုံကြည်အားကိုးထိုက်သော ချစ်ကြည်ရင်းနှီးသည့်အိမ်နီးချင်းအဖြစ် ဆက်လက်လုပ်ဆောင်သွားလိုကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို နီးကပ်စွာဆောင်ရွက်၍ စီးပွားရေးစင်္ကြံမူဘောင်အောက်တွင် စီမံကိန်းတည်ဆောက်မှုကို အရှိန်မြှင့်သွားလိုပြီး လူရည်ချွန်လေ့ကျင့်ရေး၊ အခြေခံအဆောက်အဦ၊ ရထားလမ်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဉာဏ်ရည်တု (AI) စသည့် ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုကို ထဲထဲဝင်ဝင်လုပ်ဆောင်ကာ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို လက်တွဲတည်ဆောက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ စီမံကိန်း၊ လူပုဂ္ဂိုလ် ဘေးကင်းလုံခြုံမှုကို အစွမ်းကုန် ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ပြီး အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုအား ပူးပေါင်းအင်အားဖြင့် ခိုင်မာစွာ တိုက်ဖျက်ကာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်နှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အရေးကြီးအဆိုပြုမှုများကို အပြည့်အဝ ထောက်ခံအားပေးကြောင်း၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတွင် တရုတ်နိုင်ငံ၏ ပိုမိုများပြားသော ထောက်ခံအားပေးမှုများ ရရှိရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဖက်သည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကူညီပေးသည့် အသင့်နေအိမ် လွှဲပြောင်းလက်ခံခြင်းဆိုင်ရာ စာလွှာ၊ တရုတ်-မြန်မာ အာကာသဌာန ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လဲလှယ်ခြင်းကို အတူတကွ သက်သေထူခဲ့ကြသည်။ (Xinhua)
#China #Myanmar #FM #တရုတ် #မြန်မာ #နိုင်ငံခြားရေးဝန်ကြီး #WangYi #ဝမ်ရိ #တွေ့ဆုံဆွေးနွေး

………………….
(Chinese Version)
王毅同缅甸外长丁貌瑞会谈
当地时间 2026 年 4 月 25 日,中共中央政治局委员、外交部长王毅在内比都同缅甸外长丁貌瑞举行会谈。
王毅祝贺丁貌瑞出任缅甸外长,表示中国外长在缅刚刚成立新政府、开启国家发展新阶段之际访缅,充分表明中方对发展中缅关系的高度重视。中国在任何时候都是缅真正可以信赖的好朋友、好伙伴,愿同缅方保持高层往来,深化务实合作,助缅加快发展振兴,推动同甘共苦的中缅命运共同体建设取得新成果,更好造福缅甸人民。
王毅说,中国坚定支持缅甸维护国家主权、安全和发展利益,愿同缅方加强战略沟通,围绕震后重建开展务实合作。双方要加强电力油气合作,携手维护能源安全;扩大贸易投资,推进中缅经济走廊建设;拓展新兴合作领域,助力缅提升自主发展能力;深化安全合作,维护好边境和平稳定;坚决打击网赌电诈,保障人民生命财产安全;加强青年交流培训,夯实两国友好民意基础。中方将继续在国际舞台为缅仗义执言,密切在联合国、 中国—东盟合作、澜湄合作等框架下协作。
丁貌瑞表示,缅中是胞波友邻,共同倡导和平共处五项基本原则,树立了国家间友好交往的典范。缅方坚定恪守一个中国原则,愿继续做中国值得信赖的友好邻邦,同中方密切高层往来,加快经济走廊框架下项目建设,深化人才培训、基础设施、铁路、农业、 人工智能等各领域合作,携手构建缅中命运共同体。缅方将全力维护中国在缅项目人员安全,合力坚决打击网赌电诈,为双方合作营造良好环境。缅方完全支持习近平主席提出的四大全球倡议及对国际事务重要主张,期待在多边平台得到中方更多支持。 会谈后,双方共同见证交换中方援缅活动板房交接证书、中缅航天部门合作谅解备忘录。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.