Europe
ဟန်တာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားသည့် သင်္ဘောပေါ်တွင် လူနာ ၈ ဦးအထိရှိလာ
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)
ဟန်တာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားသည့် Hondius အပျော်စီးသင်္ဘောတွင် လူနာ ၈ ဦး ရှိလာပြီဖြစ်ကြောင်း၊ ၎င်းအနက် ၃ ဦးသည် အတည်ပြုလူနာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် အဆိုပါ အပျော်စီးသင်္ဘောအား လုပ်ငန်းလည်ပတ်သည့် Oceanwide Expeditions ကုမ္ပဏီက နယ်သာလန်နိုင်ငံ အများပြည်သူကျန်းမာရေးနှင့် ပတ်ဝန်းကျင် သုတေသနဌာန၏ အကြံပြုချက်အရ ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင်နှစ်ဦးသည် နယ်သာလန်နိုင်ငံမှ ထွက်ခွာ၍ ထိုသင်္ဘောပေါ်တက်ကာ ဆေးကုသရေးဝန်ဆောင်မှုပေးမည်ဟု ထိုနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
WHO ကလည်း လူမှုမီဒီယာတွင် ပို့စ်တင်၍ ဆွစ်ဇာလန်နိုင်ငံက Hondius အပျော်စီးသင်္ဘောပေါ်ပါ ခရီးသည်တစ်ဦးတွင် ဟန်တာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိသည်ကို အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ မေ ၆ ရက်အထိ အဆိုပါသင်္ဘောပေါ်ပါ ခရီးသည်များနှင့် သင်္ဘောဝန်ထမ်းများတွင် ရောဂါဖြစ်ပွားသည့်ဦးရေ ၈ ဦး ရှိလာပြီဖြစ်ကာ ၎င်းအနက် ၃ ဦးသည် ဓာတ်ခွဲခန်းစစ်ဆေးချက်အရ ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု အတည်ပြုထားကြောင်း ပြောကြားခဲ့သည်။
ယင်းနေ့အစောပိုင်းတွင် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါအပျော်စီးသင်္ဘောပေါ်တွင် အသက်ရှူလမ်းကြောင်းစနစ် ရောဂါလက္ခဏာဖြစ်ပွားသည့် သင်္ဘောဝန်ထမ်း ၂ ဦး၊ သေဆုံးသွားပြီဖြစ်သော ဂျာမနီ ခရီးသည်နှင့် အနီးကပ်ထိတွေ့ခဲ့သူတစ်ဦးတို့သည် သင်္ဘောပေါ်မှထွက်ခွာကာ နယ်သာလန်နိုင်ငံသို့ သွားရောက်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း အတည်ပြုခဲ့သည်။
Oceanwide Expeditions ကုမ္ပဏီက ဆေးကုသမှုခံယူရန် ရွှေ့ပြောင်းပို့ဆောင်ပြီးနောက် Hondius အပျော်စီးသင်္ဘော သွားရောက်ရန် စီစဉ်ထားသည့်နေရာမှာ စပိန်နိုင်ငံ ကနေရီကျွန်းစုဖြစ်ကြောင်း၊ ၎င်းတို့ကုမ္ပဏီသည် သက်ဆိုင်ရာဌာနများနှင့် နီးကပ်စွာချိတ်ဆက်လုပ်ဆောင်နေပြီး ခရီးသည်များအားလုံး သီးခြားကွာရန်တင်းထားရှိမှုနှင့် စစ်ဆေးမှုလုပ်ငန်းစဉ်၊ အသေးစိတ်ခရီးစဉ်စီစဉ်ထားမှု စသည့်ကိစ္စရပ်များကို အတည်ပြုဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။
စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Monica Garcia က ထိုမတိုင်မီ နယ်သာလန်နိုင်ငံသို့ ရွှေ့ပြောင်းပို့ဆောင်ထားသည့် သံသယလူနာ ၃ ဦးတွင် ဗြိတိန်နိုင်ငံသား သင်္ဘောဆရာဝန်တစ်ဦး၏ ရောဂါအခြေအနေသည် အဆိုးရွားဆုံးဖြစ်ကြောင်း၊ လက်ရှိသင်္ဘောပေါ်တွင် ကျန်ရှိနေသည့် “ခရီးသည်နှင့် သင်္ဘောဝန်ထမ်းအားလုံးတွင် ရောဂါလက္ခဏာမရှိ” ကြောင်း၊ ဆေးကုသရန်ရွှေ့ပြောင်းပို့ဆောင်မှု လုပ်ဆောင်ပြီးနောက် ယင်းအပျော်စီးသင်္ဘောသည် စပိန်နိုင်ငံ ကနေရီကျွန်းစု Tenerife ကျွန်းတောင်ပိုင်း လေဆိပ်အနီးရှိ Granadilla ဆိပ်ကမ်းသို့ ခုတ်မောင်းသွားမည်ဖြစ်ကြောင်း မေ ၆ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
Monica Garcia က စပိန်နိုင်ငံဘက်က ထိုအချိန်တွင် ဆေးကုသရေး ရွှေ့ပြောင်းပို့ဆောင်မှုနှင့် ခရီးသည်များအား ဆေးကုသရေးဆိုင်ရာ ပြန်လည်ပို့ဆောင်မှု ယန္တရားစတင်မည်ဖြစ်ကြောင်း၊ “ကျန်းမာရေးအခြေအနေအရ ခွင့်မပြုတာကလွဲရင် လူပုဂ္ဂိုလ်အားလုံးက အရပ်ဘက်ကာကွယ်ရေး ယန္တရားနဲ့အညီ သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်ပို့ဆောင်ခံရမှာဖြစ်ပါတယ်” ၊ သင်္ဘောပေါ်ပါ စပိန်နိုင်ငံသား ၁၄ ဦးသည် စစ်ဆေးမှုခံယူပြီးနောက် စစ်ဘက်သုံးလေယာဉ်ဖြင့် စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ သွားရောက်ကာ ဆေးရုံတွင် သီးခြားကွာရန်တင်းထားရှိ၍ စောင့်ကြည့်လေ့လာခြင်းခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဖရိက ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးစင်တာက ကူးစက်ရောဂါဖြစ်ပွားသည့် သင်္ဘောပေါ်မှ လူနာတစ်ဦးသည် လက်ရှိတွင် တောင်အာဖရိနိုင်ငံ၌ ရောဂါကူးစက်မှုဆိုင်ရာ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါဗိုင်းရပ်စ်က အာဖရိကတိုက်နိုင်ငံများအကြား ပျံ့နှံနေပြီဖြစ်သည်ဟု ဖော်ပြသည့်သက်သေမရှိကြောင်း၊ အများပြည်သူများအနေဖြင့် ကူးစက်ရောဂါကြောင့် သက်ရောက်ခံရမှုအန္တရာယ် အလွန်နည်းကြောင်း၊ စင်တာအနေဖြင့် ကိစ္စရပ် နောက်ဆုံးဖြစ်ပေါ်မှုအခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း မေ ၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
综合消息丨汉坦病毒涉疫邮轮病例数已升至8例
新华社北京5月6日电 世界卫生组织6日宣布,涉汉坦病毒疫情的“洪迪厄斯”号邮轮上已发现8例病例,其中3例为确诊病例。此外,邮轮运营方“泛海探险”公司当天宣布,根据荷兰国家公共卫生与环境研究所的建议,两名传染病专家从荷兰出发,将登上邮轮,提供医疗服务。
世卫组织在社交媒体上说,瑞士已确认在“洪迪厄斯”号邮轮一名乘客身上检测出汉坦病毒。截至6日,这艘邮轮上的乘客和船员中已有8人报告患病,其中3人经实验室检测确诊感染汉坦病毒。
当天早些时候,荷兰外交部确认,这艘邮轮上出现呼吸系统症状的两名船员和一名与已故德国乘客密切接触的人员已从邮轮撤离,前往荷兰接受医疗救治。
“泛海探险”公司在一份声明中说,医疗转运后,“洪迪厄斯”号计划目的地为西班牙加那利群岛。该公司正与相关部门保持密切沟通,确定所有乘客的隔离和筛查程序以及具体的行程安排等事项。
西班牙卫生大臣莫妮卡·加西亚6日在新闻发布会上表示,此前转运至荷兰的3名疑似患者中,有一名英国籍船医病情最严重。目前留在船上的“所有乘客和船员均无症状”。在完成医疗转运后,邮轮将驶入位于西班牙加那利群岛中的特内里费岛南部、靠近机场的格拉纳迪利亚港。
加西亚表示,西班牙届时将启动医疗转运和乘客医疗遣返机制,“除非健康状况不允许,所有人员都将通过民防机制被遣返回各自国家”。船上的14名西班牙公民将接受检查,并乘军用飞机转至马德里,在医院接受隔离观察。
非洲疾病预防控制中心5日表示,涉疫邮轮上的一名患者目前仍在南非接受治疗。目前没有证据表明病毒已在非洲国家间传播,公众受疫情影响风险很低,中心正密切关注事态的发展。(完)
图说:5月6日,荷兰“洪迪厄斯”号邮轮停留在佛得角首都普拉亚的近海海域。新华社发(埃尔顿·蒙泰罗摄)
