International Organizations
ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သော်လည်း နည်းပြ မာဆယ်လီနို အသင်းမှထွက်ခွာမည်ဟု ဗီလာရီးရဲလ် ကြေညာ
မက်ဒရစ်၊ မေ ၅ ရက် (ဆင်ဟွာ)
ဗီလာရီးရဲလ်နည်းပြ မာဆယ်လီနို ဂါစီယာ တိုရယ်လ်မှာ အသင်းအား ဒုတိယအကြိမ်အဖြစ် နှစ်နှစ်ခွဲကြာ ကိုင်တွယ်စဉ်အတွင်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် နှစ်ကြိမ်တိုင်တိုင် စွမ်းဆောင်ပေးခဲ့ပြီးနောက် လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် ထွက်ခွာမည်ဖြစ်ကြောင်း ဗီလာရီးရဲလ်အသင်းက အတည်ပြုကြေညာခဲ့သည်။
မေ ၂ ရက်က လီဗန်တေးအသင်းကို အိမ်ကွင်း၌ ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဗီလာရီးရဲလ်အနေဖြင့် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားပြီဖြစ်ပြီး လာလီဂါ အမှတ်ပေးဇယားတွင် အက်သလက်တီကို မက်ဒရစ်ကို ငါးမှတ်အသာဖြင့် အဆင့်-၃ ၌ ရပ်တည်နိုင်ခဲ့ပြီးနောက် အသင်းဘက်က ယခုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဗီလာရီးရဲလ်အသင်းနဲ့ အက်စ်တူရီယန် (စပိန်မြောက်ပိုင်းဒေသ) က နည်းပြတို့ဟာ ရာသီကုန်မှာ လမ်းခွဲတော့မှာပါ။ မာဆီရေ… ဒီအသင်းနဲ့ အသင်းပရိသတ်တွေအတွက် ပေးဆပ်ခဲ့တဲ့ အရာအားလုံးအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” ဟု ဗီလာရီးရဲလ်အသင်း၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“အနာဂတ်မှာ အားကစားနဲ့ပတ်သက်တဲ့ ကြိုးစားအားထုတ်မှုတွေမှာ အရာရာအကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟုလည်း အသင်းဘက်က ဆိုရှယ်မီဒီယာ၌ ဖော်ပြခဲ့သည်။
ယခုနှစ်ဆန်းပိုင်းတွင် စာချုပ်သစ်ချုပ်ဆိုရန် နည်းပြ မာဆယ်လီနိုနှင့် ကလပ်အသင်းကြား သဘောတူညီမှု မရရှိခဲ့သည့်နောက် အဆိုပါသတင်းအား မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။
မာဆယ်လီနိုမှာ အိုလံပစ် မာဆေးလ်အသင်းကို ခေတ္တကိုင်တွယ်ခဲ့ပြီးနောက် ၂၀၂၃/၂၀၂၄ ဘောလုံးရာသီ၌ ဗီလာရီးရဲလ်အသင်း၏ တတိယမြောက် နည်းပြအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အသင်းထံ တစ်ကျော့ပြန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရာသီ၌ မာဆယ်လီနိုက ဗီလာရီးရဲလ်အသင်းကို လာလီဂါ၌ ရလဒ်ကောင်းများ ပြန်လည်ရရှိနိုင်အောင် ထိန်းမတ်ပေးနိုင်ခဲ့သလို လွန်ခဲ့သည့် ဘောလုံးရာသီကလည်း ဗီလာရီးရဲလ်အသင်းမှာ အဆင့်-၅ ဖြင့် ရာသီသိမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့သည်။
သို့သော် ဗီလာရီးရဲလ်အသင်းမှာ ဥရောပပြိုင်ပွဲတွင် အကြီးအကျယ် စိတ်ပျက်စရာအခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီး အုပ်စုပွဲစဉ် ၈ ပွဲတွင် ၇ ပွဲရှုံး၊ ၁ ပွဲ သရေရလဒ်ကိုသာ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ၃၆ သင်းအနက် အဆင့်-၃၅ ဖြင့် အဆုံးသတ်ခဲ့သည်။
ထို့အတူ ဗီလာရီးရဲလ်အသင်းမှာ စပိန်ဘုရင့်ဖလားပြိုင်ပွဲ ၃၂ သင်းအဆင့်တွင်လည်း ဒုတိယတန်းကလပ် ရေးဆင်း ဆန်တန်ဒါကို အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည့်အတွက် အသင်းအနေဖြင့် ပြည်တွင်းအမှတ်ပေးပြိုင်ပွဲ၌ ရလဒ်ကောင်းများ ထပ်မံရယူနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်နှင့် စပိန်ဘုရင့်ဖလားတို့တွင် ရလဒ်မကောင်းခဲ့ခြင်းက မာဆယ်လီနို အသင်းမှထွက်ခွာခဲ့သည့် အကြောင်းရင်းနှစ်ခု ဖြစ်ဖွယ်ရှိသည်။
မေ ၂ ရက် သတင်းစာရှင်းလင်းပွဲ၌လည်း မာဆယ်လီနိုက ၎င်းအနေဖြင့် အသင်းမှထွက်ခွာရန် နီးစပ်နေပြီဟု အခိုင်အမာပြောဆိုခဲ့သည်။
“ကျွန်တော်တို့ တိကျတဲ့ အချိန်ဇယားတွေအတိုင်း လုပ်ရပါတယ်။ အဲဒီအချိန်ဇယားတွေကိုတော့ ဆွေးနွေးမှုတွေ၊ အပြန်အလှန် သဘောတူညီမှုတွေနဲ့ ဆုံးဖြတ်ပါတယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ဒီကိုရောက်လာခဲ့တုန်းက ရည်မှန်းချက်တွေ အများကြီးထားခဲ့တယ်။ အသင်းရဲ့ခြေစွမ်းပိုင်းတင်မကဘဲ ဒီအသင်းမှာရှိနေတဲ့ ကြောက်စိတ်တွေ၊ မရေရာမှုတွေကို ဖယ်ရှားပေးဖို့နဲ့ အင်မတန် အပျက်သဘောဆောင်တဲ့ ရှုမြင်ပုံတွေကို ပြောင်းလဲပေးဖို့ပေါ့။ ကျွန်တော်တို့ အဲဒီရည်မှန်းချက်တွေ ပြည့်မြောက်ခဲ့ပါပြီ။ ဘောလုံးအားကစားနဲ့ပတ်သက်ပြီး အသင်းကို အားသစ်ပြန်လောင်းပေးနိုင်ခဲ့တယ်လေ။ နှုတ်ဆက်လမ်းခွဲချိန် ရောက်လာရင်တော့ ကျွန်တော်တို့ မိတ်ဆွေတွေအဖြစ်နဲ့ပဲ လမ်းခွဲချင်ပါတယ်” ဟု ၎င်းက အဆုံးသတ်တွင် ထည့်သွင်းပြောကြားခဲ့သည်။
ရာယို ဗယ်လက်ကာနိုအသင်းနည်းပြ အင်နီဂို ပီရက်ဇ်မှာ လာမည့်ရာသီတွင် ဗီလာရီးရဲလ်အသင်း နည်းပြရာထူးအတွက် ဦးစားပေးရွေးချယ်စရာအဖြစ် ယူဆခံထားရကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က ဂျူဗင်တပ်စ်အသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ ၌ ဗီလာရီးရဲလ်အသင်းဂိုးသမား အာနော တီနက်စ် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ- Str/Xinhua)

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့ရှိ လာဆယ်ရာမီကာ အားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းမှ ဆယ်ဗင်ညို (ဝဲ) နှင့် ဗီလာရီးရဲလ်အသင်းမှ ဆန်တီ ကိုမီဆာနာတို့ ဘောလုံးယှဉ်လုနေစဉ် (ဓာတ်ပုံ- Xinhua/Stinger)
…………………………………………………….
(English Version)
Villarreal announces Marcelino to step down as coach despite Champions League qualification
MADRID, May 4 (Xinhua) — Villarreal has confirmed that coach Marcelino Garcia Toral will leave the club at the end of the current season after two and a half years in charge in his second spell, during which he twice led the club into the Champions League.
The news came in a statement published by the club after Saturday’s 5-1 home win over Levante, which secured Villarreal’s place in next season’s Champions League and left the east-coast club third in La Liga with a five-point cushion over Atletico Madrid.
“Villarreal CF and the Asturian (region of northern Spain) coach will part ways at the end of the season. Thank you from the bottom of our hearts, Marce, for everything you have given to this club and these fans.”
“We wish you all the best in your future sporting endeavors,” the club confirmed on social media.
The news had been expected after the coach and club failed to reach an agreement on a new contract at the start of the year.
Marcelino returned to Villarreal as the club’s third coach of the season in November 2023 after a brief spell at Olympique Marseille. His task that season was to steer the club to safety in La Liga, while last season Villarreal finished fifth and qualified for the Champions League.
The club’s European campaign was a major disappointment, with Villarreal suffering seven defeats and managing only one draw in its eight group games to finish 35th out of 36 teams in the competition.
Villarreal also disappointed in the Copa del Rey, losing to second-division Racing Santander in the round of 32, and those two setbacks could be factors in Marcelino’s departure despite another excellent league campaign.
Speaking to the press on Saturday, Marcelino gave a strong indication that his departure was near.
“We have to follow certain timelines, and those timelines are determined by conversations and mutual agreement,” said the coach.
“When we arrived here, we had several objectives: on a sporting level, to change a very negative dynamic, to eliminate the fear and uncertainty that the team had. We achieved that. We managed to rejuvenate the squad on the sporting side, and finally, we want to leave as friends when the time comes,” he concluded.
Rayo Vallecano coach Inigo Perez is thought to be the club’s preferred candidate to take over next season.
English Caption 1
Renato Veiga (R) of Villarreal CF celebrates a goal with teammate Santiago Mourino during the UEFA Champions League group stage 2nd round match between Juventus and Villarreal CF in Villarreal, Spain, Oct. 1, 2025. (Str/Xinhua)
English Caption 2
Arnau Tenas, goalkeeper of Villarreal CF, celebrates during the UEFA Champions League group stage 2nd round match between Juventus and Villarreal CF in Villarreal, Spain, Oct. 1, 2025. (Str/Xinhua)
English Caption 3
Savinho (L) of Manchester City vies with Santi Comesana of Villarreal CF during the Champions League football match between Manchester City and Villarreal CF in La Ceramica stadium, Villarreal, Spain, on October 21, 2025. (Xinhua/Stinger)
