North America
“လွတ်လပ်ရေး အစီအစဉ်” ယာယီရပ်ဆိုင်းကြောင်း ထရမ့် ကြေညာ
ဝါရှင်တန်၊ မေ ၆ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်သည် မေလ ၅ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ခဲ့ရာ အမေရိကန်အနေဖြင့် ယမန်နေ့က စတင်ခဲ့သော ဟော်မုဇ်ရေလက်ကြား၌ ပိတ်မိနေသည့် သင်္ဘောများ ဖြတ်သန်းသွားလာရေး “လမ်းညွှန်ပေးခြင်း” လှုပ်ရှားမှုကို ကာလတို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပါကစ္စတန်နှင့် အခြားနိုင်ငံများ၏ တောင်းဆိုချက်အရသော်လည်းကောင်း၊ အီရန်အပေါ် အမေရိကန် လှုပ်ရှားမှုများတွင် ဧရာမကြီးမားသော စစ်ရေးအောင်မြင်မှု ရရှိခြင်းကြောင့်လည်းကောင်း၊ ထို့အပြင် အမေရိကန်ဘက်က အီရန်ကိုယ်စားလှယ်များနှင့် ဘက်စုံအပြီးသတ် သဘောတူညီချက်ရရှိရန် ကြီးမားသော တိုးတက်မှုများ ရှိနေခြင်းကြောင့်လည်းကောင်း မိမိတို့အနေဖြင့် သဘောတူညီချက် ရရှိခဲ့ကြောင်း၊ ယင်းမှာ အီရန်ဆိပ်ကမ်းများအပေါ် ပင်လယ်ရေကြောင်းပိတ်ဆို့မှု အစီအမံများကို ဘက်စုံထိရောက်စွာ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သော်လည်း၊ အဆိုပါ သဘောတူညီချက်ကို အပြီးသတ် အတည်ပြု လက်မှတ်ရေးထိုးနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရန်အတွက် “လွတ်လပ်ရေး အစီအစဉ်” ကိုမူ ကာလတိုတစ်ခုအတွင်း ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်က “လွတ်လပ်ရေး အစီအစဉ်” အမည်ရှိ လမ်းဖွင့်ရေးရှင်းလင်းလှုပ်ရှားမှုကို မေလ ၄ ရက်တွင် စတင်ခဲ့ရာ ဟော်မုဇ်ရေလက်ကြားတွင် ပိတ်မိနေသော သင်္ဘောများ ထွက်ခွာနိုင်ရန်အတွက် “လမ်းညွှန်ပေးမည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် အီရန်ဘက်မှ ပြင်းထန်သော တုံ့ပြန်မှုများ ဖြစ်ပေါ်စေခဲ့ပြီး အရှေ့အလယ်ပိုင်းအခြေအနေတင်းမာမှုများ တစ်ကျော့ပြန် ပြင်းထန်လာခဲ့သည်။
အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) တပ်မှူး Brad Cooper က မေလ ၄ ရက်တွင် သတင်းမီဒီယာများကို ပြောကြားရာ၌ အီရန်သည် ယင်းနေ့တွင် အမေရိကန်ရေတပ် စစ်ရေယာဉ်များနှင့် အမေရိကန်စစ်တပ် ကာကွယ်ပေးထားသော ကုန်သွယ်ရေးသင်္ဘောများကို ခရုစ်ဒုံးကျည်၊ ဒရုန်း အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် အမေရိကန်စစ်တပ်က အီရန်၏ အသေးစားရေယာဉ် ၆ စင်းကို နစ်မြုပ်အောင် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနကလည်း ၎င်းတို့၏ လေကြောင်းကာကွယ်ရေးစနစ်က အီရန်ဘက်မှ လာသော ဒုံးကျည်နှင့် ဒရုန်းအများအပြားကို ယင်းနေ့တွင် အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် Fujairah ရေနံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကြေညာခဲ့သည်။ (Xinhua)
——————
(Chinese Version)
特朗普宣布暂停“自由计划”行动
新华社华盛顿5月5日电(记者黄强 徐剑梅)美国总统特朗普5日傍晚在社交媒体发文宣布,美方前一天启动的“引导”霍尔木兹海峡被困船只通行的“自由计划”行动将短期暂停。
特朗普称,“应巴基斯坦及其他国家请求”,并鉴于美国针对伊朗的行动取得“巨大军事成功”,加之美方“在与伊朗代表朝着达成一项全面且最终的协议方向取得重大进展”,“我们”达成共识:对伊朗港口的海上封锁措施将“继续全面有效实施”,而“自由计划”将暂停一小段时间,“以观察上述协议能否最终敲定并签署”。
美军4日启动名为“自由计划”的疏导行动,表示将“引导”被困船只驶出霍尔木兹海峡。这一行动引发伊朗方面强烈反应,中东紧张局势再度加剧。
美军中央司令部司令库珀4日对媒体说,伊朗当天向美海军舰艇以及受美军“保护”商船发射多枚巡航导弹、无人机等,美军击沉6艘伊朗小型船只。阿联酋国防部宣布,该国防空系统当天成功拦截来自伊朗方向的多枚导弹和多架无人机。无人机袭击致富查伊拉石油工业区起火。(完)
1. 5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)
