China
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်က နည်းပညာဆိုင်ရာ မောင်းနှင်အားအသစ်များဖြင့် သုတေသနကို ထုတ်လုပ်မှုအဖြစ်သို့ ပြောင်းလဲ
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှာ နည်းပညာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဆန်းသစ်တီထွင်မှုအင်ဂျင်နှစ်ခု၏ မောင်းနှင်အားဖြင့် သုတေသနရလဒ်များကို လက်တွေ့ထုတ်လုပ်မှုအဖြစ်သို့ ထိရောက်စွာ ပြောင်းလဲပေးလျက်ရှိသည်။ ၎င်းပြည်နယ်သည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွင် တစ်ဟုန်ထိုးတိုးတက်မှုကို ရရှိခဲ့ပြီး တိုးတက်မှုဆိုင်ရာ မောင်းနှင်အားအသစ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ ZJU-Hangzhou ကမ္ဘာ့သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုစင်တာတွင် တစ်စက္ကန့်လျှင် ၁၀ မီတာနှုန်းအထိ ပြေးနိုင်သည့် အရွယ်အစားအပြည့် လူပုံစံတူစက်ရုပ် Bolt အား မိတ်ဆက်ပြသနေသည့် နည်းပညာရှင် ကျင်းရုန်ပင်း ကို ၂၀၂၆ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ရှောင်ရှင်းမြို့ ရှင်းချန်း ခရိုင်ရှိ Zhejiang XCC Group Co., Ltd. ၌ အလိုအလျောက်ထုတ်လုပ်ရေးလိုင်းတစ်ခုကို ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ရှောင်ရှင်းမြို့ရှိ Whole Sense Radar Co., Ltd. ၏ အလုပ်ရုံတစ်ရုံ၌ အလုပ်လုပ်နေကြသည့် ဝန်ထမ်းများကို ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ရီဝူးမြို့ရှိ ရိဝူး ကမ္ဘာလုံးဆိုင်ရာဒစ်ဂျစ်တယ်ကုန်သွယ်ရေးစင်တာ၏ အတွင်းဘက်မြင်ကွင်းတစ်နေရာကို ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
China’s Zhejiang turns research into productivity with new tech drivers
BEIJING, April 24 (Xinhua) — Driven by the dual engines of technological and industrial innovations, Zhejiang has been effectively turning research outcomes into real productivity. The province has achieved leapfrog progress in scientific and technological innovation, forging new growth drivers and competitive strength.
English Caption 1
A technician tests a humanoid robot at Ningbo Boden Intelligent Technology Co., Ltd. in Ningbo, east China’s Zhejiang Province, March 26, 2026. (Xinhua/Huang Zongzhi)
English Caption 2
Technician Jin Yongbin introduces “Bolt,” a full-size humanoid robot with a peak running speed of 10 meters per second, at the ZJU-Hangzhou Global Scientific and Technological Innovation Center in Hangzhou, east China’s Zhejiang Province, March 29, 2026. (Xinhua/Cheng Li)
English Caption 3
An automated production line is pictured at Zhejiang XCC Group Co., Ltd. in Xinchang County of Shaoxing, east China’s Zhejiang Province, March 30, 2026. (Xinhua/Xu Yu)
English Caption 4
Employees work at a workshop of Whole Sense Radar Co., Ltd. in Shaoxing, east China’s Zhejiang Province, March 31, 2026. (Xinhua/Xu Yu)
English Caption 5
This photo shows an interior view of Yiwu Global Digital Trade Center in Yiwu, east China’s Zhejiang Province, March 30, 2026. (Xinhua/Huang Zongzhi)
