Africa & Middle East
ရုရှားနှင့် ယူကရိန်းတို့၏ တစ်ဖက်သတ် အပစ်ရပ်မှုများကို ကုလသမဂ္ဂ ကြိုဆို
ကုလသမဂ္ဂ၊ မေ ၆ ရက် (ဆင်ဟွာ)
ယူကရိန်းနှင့် ရုရှားတို့ အသီးသီး ကြေညာခဲ့သည့် တစ်ဖက်သတ် အပစ်ရပ်မှုများကို ကုလသမဂ္ဂအနေဖြင့် ကြိုဆိုကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေ ၅ ရက်တွင် ပြောကြားခဲ့သည်။
“ယူကရိန်းနိုင်ငံက မေ ၅ ရက် ညပိုင်းကနေ မေ ၆ ရက်အထိ စတင်ဖို့ ကြေညာခဲ့တဲ့ တစ်ဖက်သတ် အပစ်ရပ်မှုနဲ့ ရုရှားနိုင်ငံက မေ ၈ ရက်နဲ့ ၉ ရက်မှာ ပြုလုပ်ဖို့ ကြေညာခဲ့တဲ့ အပစ်ရပ်မှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အနေဖြင့် အဆိုပါအပစ်ရပ်မှုများအား အောင်မြင်စွာ အကောင်အထည်ပေါ်လာစေရန် မျှော်မှန်းထားသည့်အပြင် ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း၊ နိုင်ငံတကာဥပဒေနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့်အညီ တရားမျှတပြီး ဘက်စုံ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆီ ဦးတည်သည့် ခြွင်းချက်မရှိဘဲ တာရှည်ခံသော အလုံးစုံချက်ချင်းအပစ်ရပ်ရေးအတွက် ၎င်း၏ တိုက်တွန်းချက်ကို ထပ်လောင်းပြောဆိုလိုက်ကြောင်းလည်း ဒူဂျာရစ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၈ ရက်မှ ၉ ရက်အထိ မဟာမျိုးချစ်စစ်အောင်ပွဲနေ့ အပစ်ရပ်မှုကို မေ ၄ ရက်၌ ကြေညာခဲ့သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကလည်း ယူကရိန်းနိုင်ငံအနေဖြင့် မေ ၆ ရက်မှစ၍ ရုရှားနှင့် အပစ်ရပ်မှု စတင်မည်ဟု မေ ၄ ရက် ညပိုင်း၌ ကြေညာခဲ့သည်။ (Xinhua)
……………
English Version
UN welcomes Russian, Ukrainian unilateral ceasefires
UNITED NATIONS, May 5 (Xinhua) — The United Nations welcomes the unilateral ceasefires announced respectively by Ukraine and Russia, said a UN spokesperson on Tuesday.
“We welcome the unilateral ceasefire announced by Ukraine, to begin on the night of 5 to 6 May, as well as the one by the Russian Federation, to take place over 8 and 9 May,” said Stephane Dujarric, spokesman for UN Secretary-General Antonio Guterres.
The secretary-general looks forward to their successful implementation, and reiterates his call for a full, immediate, unconditional and lasting ceasefire, leading to a just, comprehensive and sustainable peace, in line with the UN Charter, international law and relevant UN resolutions, Dujarric told a daily press briefing.
Russia’s Defense Ministry on Monday declared a Victory Day ceasefire on May 8-9. Ukrainian President Volodymyr Zelensky announced Monday night that Ukraine will start a ceasefire with Russia starting Wednesday. ■
English Caption
The third round of peace talks between Russia and Ukraine is held in Istanbul, Türkiye, on July 23, 2025. (Ministry of Foreign Affairs of Türkiye/Handout via Xinhua)
