Connect with us

International Organizations

ဟော့ခ်က ဖလူမင်နိစ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့

တောင်ကိုရီးယားနိုင်ငံ Ulsan မြို့တွင် ကျင်းပသည့် ၂၀၁၉ ခုနှစ် အေအက်ဖ်စီချန်ပီယံလိဂ်ပြိုင်ပွဲ၌ Shanghai SIP အသင်းနှင့် Ulsan Hyundai အသင်းတို့၏ အုပ်စု H ပွဲစဉ်အတွင်း ယှဉ်ပြိုင်ကစားနေသည့် Shanghai SIPG အသင်းမှ ဟော့ခ်ကို ၂၀၁၉ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ မေ ၆ ရက် (ဆင်ဟွာ)
ဘရာဇီးလက်ရွေးစင်ဟောင်း ဟော့ခ်က ဖလူမင်နိစ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ဘရာဇီးစီးရီးအေကလပ်အသင်း ဖလူမင်နိစ်က မေ ၅ ရက်၌ ထုတ်ပြန်ခဲ့သည်။
အသက် ၃၉ နှစ်အရွယ် တိုက်စစ်မှူး ‌ဟော့ခ်က အပြန်အလှန်သဘောတူညီချက်ဖြင့် အက်သလက်တီကို မီနေးရိုးအသင်းနှင့် လမ်းခွဲပြီးနောက် ၂၀၂၇ ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းရှိသည့် အပြောင်းအရွှေ့စာချုပ်ကို သဘောတူညီခဲ့ခြင်းဖြစ်သည်။
“ဟော့ခ်က အသင်းမှာ ကစားဖို့နဲ့ လေ့ကျင့်ရေးစတင်ဖို့ ရီယိုဒီဂျနေးရိုးမြို့ကို လာမယ့်အပတ်အစောပိုင်းမှာ ရောက်ရှိလာမှာပါ” ဟု ဖလူမင်နိစ် အသင်း၏တရားဝင်ဝက်ဘ်ဆိုက်တွင် ကြေညာချက်တစ်စောင်၌ ပါရှိသည်။
ဟော့ခ်က Shanghai Port အသင်းမှ ၂၀၂၁ ခုနှစ်တွင် ပြောင်းရွှေ့ပြီးနောက် အက်သလက်တီကိုအသင်းအတွက် ၃၀၉ ပွဲတွင် ဂိုးပေါင်း ၁၄၀ သွင်းယူပြီး ဂိုးဖန်တီးမှု ၅၆ ကြိမ် ပြုလုပ်ခဲ့သည်။ ၎င်းသည် ၂၀၂၁ ခုနှစ် ဘရာဇီးစီးရီးအေနှင့် Copa do Brasil ချန်ပီယံဆုများအပြင် ၂၀၂၂ ခုနှစ် ဘရာဇီးစူပါဖလားတို့ကို ဆွတ်ခူးရန် အသင်းကို ကူညီပေးခဲ့သည်။
“ဖလူမင်နိစ်အသင်းပရိသတ်များအားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော့်အနေနဲ့ ဒီမိသားစုဝင်တစ်ဦးဖြစ်ရခြင်းအတွက် သိပ်ကိုပျော်ရွှင်မိပါတယ်” ဟု လူမှုမီဒီယာ၌ တင်ထားသော ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။
ဇူလိုင် ၂၀ ရက်၌ ရာသီဝက်အပြောင်းအရွှေ့ဈေးကွက်စတင်သည့်အခါ ဟော့ခ်က ဖလူမီနီစ်အသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် တရုတ်နိုင်ငံမှ Shanghai SIP အသင်းနှင့် ဂျပန်နိုင်ငံမှ Urawa Red Diamonds အသင်းတို့၏ အေအက်ဖ်စီချန်ပီယံလိဂ်ပွဲစဉ်အတွင်း ဂိုးရရှိပြီးနောက် အောင်ပွဲခံနေသည့် Shanghai SIPG အသင်းမှ ဟော့ခ်ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Hulk joins Fluminense on free transfer
RIO DE JANEIRO, May 5 (Xinhua) — Former Brazil international forward Hulk has completed a move to Fluminense on a free transfer, the Brazilian Serie A club said on Tuesday.
The 39-year-old agreed to a contract that runs until December 2027 after parting ways with Atletico Mineiro by mutual consent.
“Hulk will arrive in Rio de Janeiro at the beginning of next week to join the squad and begin training,” read a statement on Fluminense’s official website.
Hulk scored 140 goals and provided 56 assists in 309 games for Atletico following his 2021 move from Shanghai Port. He helped the club win the 2021 Brazilian Serie A and Copa do Brasil titles as well as the 2022 Brazilian Super Cup.
“Hello, Fluminense supporters, I’m very happy to be part of this family,” he said in a video posted on social media.
Hulk will be free to make his debut for Fluminense when the mid-season transfer window opens on July 20. ■
English Caption 1
Hulk (L) of Shanghai SIPG FC is in action during a Group H match between Shanghai SIPG FC and Ulsan Hyundai FC at the AFC Champions League 2019 in Ulsan, South Korea, March 13, 2019. (Xinhua/Wang Jingqiang)
English Caption 2
Hulk of Shanghai SIPG FC celebrates scoring during an AFC Champions League match between Shanghai SIPG FC of China and Urawa Red Diamonds of Japan in Shanghai, east China, Aug. 27, 2019. (Xinhua/Ding Ting)