Africa & Middle East
တရုတ်နိုင်ငံက လက်ဘနွန်နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်
ဘေရွတ်၊ မေ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရသည် ပဋိပက္ခဒဏ်ခံစားနေရသည့် လက်ဘနွန်ပြည်သူလူထုကို ကူညီရန်နှင့် ယင်းဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပြေလျော့စေရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်း နှစ်သုတ်အား လက်ဘနွန်နိုင်ငံအစိုးရထံသို့ မေ ၄ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနေ့တွင် လက်ဘနွန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချိန်ချွမ်တုန်းနှင့် လက်ဘနွန်နိုင်ငံ အဆင့်မြင့်ကယ်ဆယ်ရေးကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် Bassam Naboulsi တို့သည် လက်ဘနွန်နိုင်ငံ ဘေရွတ်အထူးဆိပ်ကမ်းတွင် တရုတ်နိုင်ငံအစိုးရက အကူအညီပေးအပ်သော လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းစာလွှာအား လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါအခမ်းအနားကို လက်ဘနွန် လူမှုရေးဝန်ကြီး Haneen Sayed တို့လည်း တက်ရောက်ခဲ့သည်။
ချန်ချွမ်တုန်းက လက်ဘနွန် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်း ပြေလျော့စေရန်အတွက် တရုတ်နိုင်ငံ အစိုးရက ကူညီထောက်ပံ့ရေးပစ္စည်းများ အရေးပေါ် ပံ့ပိုးခဲ့ရာ တရုတ်-လက်ဘနွန် နှစ်နိုင်ငံ၏ နက်ရှိုင်းသော အစဉ်အလာချစ်ကြည်ရေးကို ဖော်ပြလျက်ရှိသလို တရုတ်နိုင်ငံက လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ ဖော်ဆောင်ခြင်းအား မြှင့်တင်သည့် အသေးစိတ်ဆောင်ရွက်ချက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် လက်ဘနွန်နိုင်ငံ၏ နိုင်ငံအချုပ်အခြာအာဏာ၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် စည်းလုံးညီညွတ်ရေးအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် အစဉ်တစိုက် အခိုင်အမာ ထောက်ခံပြီး တတ်နိုင်သမျှ အကူအညီများ ဆက်လက်ပံ့ပိုးပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Bassam Naboulsi နှင့် Haneen Sayed ကလည်း တရုတ်နိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးသည့်အပေါ် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သလို တရုတ်နိုင်ငံ၏ အကူအညီများက အချိန်မီအခါမီ ရောက်ရှိလာခြင်းမှာ တရုတ်နိုင်ငံက လက်ဘနွန်နိုင်ငံ၏ ယုံကြည်အားထားထိုက်သော မိတ်ဆွေဖြစ်သည်ကို ထပ်မံသက်သေထူလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ကူညီပံ့ပိုးသည့်အထောက်အပံ့ပစ္စည်းများတွင် စားနပ်ရိက္ခာ၊ ရွက်ဖျင်တဲ၊ ခြုံစောင်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်း စသည့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများ ပါဝင်ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ (Xinhua)
——————
(Chinese Version)
中国向黎巴嫩交付人道主义援助物资
中国政府4日向黎巴嫩政府交付两批人道主义援助物资,用于帮助受冲突影响的黎巴嫩民众及缓解当地人道主义局势。
当天,中国驻黎巴嫩大使陈传东和黎巴嫩高级救济委员会秘书长巴萨姆·纳布勒西在贝鲁特港签署中国政府援助的人道主义物资交接证书。黎社会事务部长哈宁·赛义德等出席。
陈传东表示,为缓解黎巴嫩人道主义危机,中国政府紧急提供援助物资,体现了中黎两国深厚传统友谊,也是中方推动构建人类命运共同体、落实全球发展倡议的具体举措。中方一贯坚定支持黎方维护国家主权、安全、稳定和团结,将继续提供力所能及的帮助。
赛义德和纳布勒西对中方提供人道主义援助表示衷心感谢,称中方援助及时,再次证明中国是黎巴嫩值得信赖的朋友。
据介绍,此次援助物资包括粮食以及帐篷、毛毯、卫生用品等生活必需品。(完)
1. 5月4日,在黎巴嫩贝鲁特港,中国驻黎巴嫩大使陈传东(左)和黎巴嫩高级救济委员会秘书长巴萨姆·纳布勒西(右)签署中国政府援助的人道主义物资交接证书。新华社发(比拉尔·贾维希摄)
