Media
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို မြှင့်တင်ရန် ACMECS ဝန်ကြီးများ သဘောတူညီမှုရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS ) အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု မြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်ရန် နိုဝင်ဘာ ၂၈ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ၆ ကြိမ်မြောက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး လာအိုနိုင်ငံမှ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Darany Phommavongsa က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် အပါအဝင် ACMECS နိုင်ငံများသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံတကာ ခရီးသွားဧည့်သည် ၄၇ ဒသမ ၃ သန်းကို ဆွဲဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)