China
၁၃ သုတ်မြောက် တောင်ကိုရီးယားနိုင်ငံရှိ တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းပစ္စည်းများ ယနေ့ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိ
အင်ချွန်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
၁၃ သုတ်မြောက် တောင်ကိုရီးယားနိုင်ငံရှိ တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းပစ္စည်းများ လွှဲပြောင်းပေးခြင်းအခမ်းအနားကို တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တောင်ကိုရီးယားနိုင်ငံက တရုတ်နိုင်ငံထံသို့ ၁၃ သုတ်မြောက် တောင်ကိုရီးယားနိုင်ငံရှိ တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည် ၁၂ ဦး၏ ရုပ်ကြွင်းများနှင့် ၎င်းတို့ကျန်ရှိခဲ့သည့်အသုံးအဆောင်ပစ္စည်း ၁၄၆ ခုကို လွှဲပြောင်းပေးခဲ့သည်။
တရုတ်နိုင်ငံ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ရွှီယောက် ဦးဆောင်သော လွှဲပြောင်းမှုလက်ခံရေး တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Lee Doo-hee ဦးဆောင်သော တရုတ်စစ်သည်ရုပ်ကြွင်းများ လွှဲပြောင်းပေးအပ်ရေး ကိုယ်စားလှယ်အဖွဲ့တို့က ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
တရုတ်-တောင်ကိုရီးယား နှစ်ဖက်ကိုယ်စားလှယ်များက လွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြပြီး တရုတ်နိုင်ငံဘက်က ဝမ်းနည်းခြင်းအောက်မေ့ဖွယ်အခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်းအား တီးမှုတ်သီဆိုကြရာ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး သိုက်ပင်းက စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ခေါင်းတလားများအတွက် နိုင်ငံတော်အလံ လွှမ်းခြုံပေးပြီး တရုတ်နိုင်ငံဘက် လူပုဂ္ဂိုလ်အားလုံးသည် စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ရုပ်ကြွင်းပစ္စည်းများကို သုံးကြိမ် ဦးညွှတ်၍ ဂါရဝပြုခဲ့ကြသည်။ ထို့နောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့စစ်သည်များက နိုင်ငံတော်အလံကို ကိုင်ဆောင်လျက် အာဇာနည်စစ်သည်များ၏ ခေါင်းတလားများအား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ် Y-20B ပေါ်သို့ သယ်ဆောင်ကာ အမိမြေနှင့် ပြည်သူများ၏ ရင်ခွင်သို့ ပြန်လည်ရောက်ရှိစေရန် အာဇာနည်များအား ပြန်လည်ခေါ်ဆောင်ခဲ့သည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး သိုက်ပင်း (အရှေ့ယာဘက်) က စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ခေါင်းတလားပေါ်တွင် နိုင်ငံတော်အလံ လွှမ်းခြုံပေးနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ဝင်များ (ဝဲဘက်) က တောင်ကိုရီးယားနိုင်ငံဘက်မှ လွှဲပြောင်းပေးသော တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်း အာဇာနည်စစ်သည်များ၏ ခေါင်းတလားများအား လက်ခံနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




—————–
(Chinese Version)
第十三批在韩中国人民志愿军烈士遗骸今日回国
新华社照片,仁川(韩国),2026年4月22日
4月22日上午,中韩双方在韩国仁川国际机场共同举行交接仪式,韩方向中方移交第十三批12位在韩中国人民志愿军烈士遗骸及146件遗物。退役军人事务部副部长徐耀率中方交接代表团、韩国国防部次官李斗熙率韩国送还中国军人遗骸代表团出席仪式。中韩双方代表现场签署交接书,中方举行悼念仪式,现场唱响中华人民共和国国歌,中国驻韩国大使戴兵为志愿军烈士棺椁覆盖国旗,中方全体人员向志愿军烈士遗骸行三鞠躬礼,中国人民解放军仪仗司礼大队礼兵持国旗护送烈士棺椁登上解放军空军运-20B运输机,烈士英灵将回到祖国和人民怀抱。
1. 这是4月22日在韩国仁川国际机场拍摄的交接仪式现场。新华社记者 姚琪琳 摄
2. 4月22日,在韩国仁川国际机场,中国驻韩国大使戴兵(前右)为志愿军烈士棺椁覆盖国旗。新华社记者 姚琪琳 摄
3. 4月22日,在韩国仁川国际机场,中国人民解放军礼兵(左)从韩方接过中国人民志愿军烈士棺椁。新华社记者 姚琪琳 摄
