Connect with us

Social

မြန်မာ့မီးရထားသို့ ဒီဇယ်လျှပ်စစ်စက်ခေါင်း (၁၈)ခေါင်း လွှဲပြောင်း

မြန်မာ့မီးရထားသို့ လွှဲပြောင်းပေးသော ဒီဇယ်လျှပ်စစ်စက်ခေါင်းအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားသို့ အိန္ဒိယနိုင်ငံ RITES Ltd. မှ YDM – 4 ဒီဇယ်လျှပ်စစ်စက်ခေါင်း (၁၈)ခေါင်းကို မတ် ၁၉ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ လွှဲပြောင်း/လက်ခံ သည့် အိန္ဒိယနိုင်ငံထုတ် ရထားစက်ခေါင်း (၁၈) ခေါင်းကို အိန္ဒိယနိုင်ငံ EXIM Bank ချေးငွေဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း၊ လူစီး ရထားများအတွက် သာမက ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများစွာအတွက် အဓိက အားထား သုံးစွဲသွားရန် ရည်ရွယ်ထား ကြောင်း၊ ယခုရောက်ရှိလာပြီဖြစ်သည့် အိန္ဒိယစက်ခေါင်းသစ်များကို ကြံ့ခိုင်မှု၊ စွမ်းရည် အပြည့်အဝ အသုံးချနိုင်ရေး အတွက် စာချုပ်ပါအတိုင်း RITES Ltd. ဘက်က ပညာရှင်များ အနေဖြင့် လိုအပ်သည့် လေ့ကျင့်ပေးမှု၊ စောင့်ကြည့်ပေးမှု၊ ပူးပေါင်းကူညီမှုများကို ဆောင်ရွက် ပေးရန် မေတ္တာရပ်ခံလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။

အဆိုပါ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မတ် ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဘူတာကြီးရှိ အမှတ်(၁) စြင်္ကန်၌ ကျင်းပပြုလုပ်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ အိန္ဒိယနိုင်ငံ ရထားဝန်ကြီးဌာန ဝန်ကြီး H.E Mr. Rajen Gohain ၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဦးကျော်မျိုးနှင့် ဦးသာဦး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr.Vikram Misri အိန္ဒိယနိုင်ငံ RITES Ltd. မှ Technical Director Mr. Mukesh Rathore၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ ဒီဇယ်လျှပ်စစ် စက်ခေါင်းများသည် ပထမအသုတ်အဖြစ် ၂၀၁၇ခုနှစ်၊ ဇူလိုင်လတွင် (၆)ခေါင်း၊ ဒုတိယအသုတ်အဖြစ် ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလတွင်(၆)ခေါင်း၊ နောက်ဆုံး အသုတ်အဖြစ် ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလတွင် (၆)ခေါင်း စုစုပေါင်း(၁၈) ခေါင်း ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရောက်ရှိလာသည့် စက်ခေါင်း များအား ရန်ကုန်- မန္တလေး လမ်းပိုင်း၊ မန္တလေး – မြစ်ကြီးနား လမ်းပိုင်းနှင့် ရန်ကုန်- မော်လမြိုင် လမ်းပိုင်း များတွင် လူစီးရထားနှင့် ကုန်ရထားများ၌ ပြေးဆွဲ အသုံးပြုသွား မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.