Europe
စစ်ပွဲဖြစ်ပွားချိန်တွင် နိုင်ငံခြားသို့ တပ်ဖွဲ့ဝင်များစေလွှတ်မှု ဥပဒေအား ယူကရိန်း သမ္မတ လက်မှတ်ရေးထိုး

ကိဗ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးသည် မတ် ၁၇ ရက်တွင် ဥပဒေတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ရာ အဆိုပါဥပဒေအရ ခေတ်မီလက်နက်ပစ္စည်းများ ရယူရန်နှင့် ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်မှုများ ခံယူရန် စစ်ပွဲဖြစ်ပွားသည့် အခြေအနေတွင် နိုင်ငံခြားသို့ ယူကရိန်းတပ်ဖွဲ့ဝင်များ စေလွှတ်ရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယူကရိန်း အမြင့်ဆုံးလွှတ်တော်သည် ထိုနေ့တွင် ၎င်းတို့တရားဝင်ဝက်ဘ်ဆိုက်၌ အဆိုပါဥပဒေအား ထုတ်ပြန်ကြေညာခဲ့သည်။ ယူကရိန်း ဥပဒေနှင့်အညီ အတည်ပြုထားသည့် အစီအစဉ်အရ ယူကရိန်း စစ်သား၊ စစ်ဘက်ဆိုင်ရာဌာနနှင့် စစ်တပ်အဖွဲ့ခွဲ အဖွဲ့အစည်းများသည် အခြားနိုင်ငံ အထူးသဖြင့် မိတ်ဖက်နိုင်ငံများထံသို့ စေလွှတ်ခံရနိုင်ကြောင်း ယူကရိန်း အမြင့်ဆုံးလွှတ်တော်၏ ရှင်းလင်းပြောကြားသော စာရွက်စာတမ်းအရ သိရသည်။
ယူကရိန်း အမြင့်ဆုံးလွှတ်တော်သည် ဇန်နဝါရီ ၁၅ ရက်၌ စစ်ပွဲဖြစ်ပွားသည့် အခြေအနေတွင် နိုင်ငံခြားသို့ ယူကရိန်းတပ်ဖွဲ့ဝင် စေလွှတ်သည့် ဥပဒေအား အတည်ပြုခဲ့ကြောင်း Interfax-Ukraine သတင်းဌာနက သတင်းတွင် ဖော်ပြခဲ့သည်။ ဇယ်လန်းစကီးက နောက်ပိုင်းတွင် ဥပဒေ၏ အချို့သောသတ်မှတ်ချက်များအပေါ် ပြင်ဆင်ရန် အကြံပြုချက်ပေးခဲ့ပြီး ယူကရိန်း အမြင့်ဆုံးလွှတ်တော်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြင်ဆင်ပြီးနောက် ဥပဒေအား အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
乌克兰总统签署战时向国外派兵法案
新华社基辅3月17日电(记者李东旭)乌克兰总统泽连斯基17日签署一项法案,允许在战时状态下向国外派遣乌克兰军队,以获取先进武器装备和接受专业培训。
乌克兰最高拉达(议会)当天在其官网上公布了这一法案。根据乌最高拉达的解释性文件,乌克兰军人、军事单位和军队分支机构按照乌法律确立的程序,可以被派往其他国家,尤其是伙伴国家。
据乌克兰国际文传电讯社报道,乌最高拉达1月15日通过了关于战时状态下向国外派遣乌克兰军队的法案。泽连斯基之后对法案部分条款提出修改意见。2月25日,乌最高拉达通过了修订后的法案。(完)
图说:2023年10月11日,乌克兰总统泽连斯基在比利时布鲁塞尔出席北约防长会时接受记者采访。新华社记者赵丁喆摄