Connect with us

China

ရှေးခေတ်လက်ဖက်ကုန်သည်လမ်း (Tea Horse Road, Chamagudao) ရှားရှီး ရှေးဟောင်းမြို့တွင် ခရီးသွားဧည့်သည်များ ရောက်ရှိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ရှားရှီးရှေးဟောင်းမြို့တစ်နေရာ မြင်ကွင်းကို မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တာ့လီ (ယူနန်)၊ မတ် ၁၈ ရက် (ဆင်ဟွာ)
နွေဦးရာသီတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ (ပိုင်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျန့်ချွမ်းခရိုင်ရှိ ရှားရှီး ရှေးဟောင်းမြို့တွင် အလည်အပတ် ခရီးသွားဧည့်သည်အများအပြား ရောက်ရှိလာခဲ့သည်။
ထိုရှေးဟောင်းမြို့သည် ကျင်းရှားမြစ်၊ လန်ချန်းမြစ်၊ နုကျန်းမြစ် မြစ်သုံးစင်းတို့ အပြိုင်စီးဆင်းသော သဘာဝဘေးမဲ့တော အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး သမိုင်းတွင် ၎င်းသည် ယူနန်- ရှီးဇန့် ရှေးခေတ်လက်ဖက်ကုန်သည်လမ်းပေါ်ရှိ အရေးကြီးသော ပို့ဆောင်ရေးစခန်းတစ်ခုလည်းဖြစ်ခဲ့သည်။ ထိုရှေးဟောင်းမြို့တွင် မင်မင်းဆက်နှင့် ချင်းမင်းဆက်တို့ ခေတ်ကာလ၌ ရှိခဲ့သော လူနေခြံဝင်းများနှင့် ရှေးဟောင်း ဇာတ်စင်များစသည့် သမိုင်းဝင်အမွေအနှစ်များစွာ အပါအဝင် ရိုးရာကျေးရွာပုံစံများကို ထိန်းသိမ်းထားသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှားရှီးရှေးဟောင်းမြို့ရှိ ယွီကျင်းတံတားပေါ်တွင် လည်ပတ်ကြည့်ရှုနေကြသော ခရီးသွားဧည့်သည်များကို မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………….
(Chinese Version)
茶马古道沙溪古镇迎客来
新华社照片,大理(云南),2025年3月18日
春日,云南省大理白族自治州剑川县的沙溪古镇迎来众多观光游客。古镇位于金沙江、澜沧江、怒江三江并流自然保护区东南部,历史上曾是滇藏茶马古道的重要驿站。古镇保存着传统村落风貌,包含大量明清时期的民居院落、古戏台等历史遗存。
图说1:这是3月17日拍摄的沙溪古镇一景(无人机照片)。新华社记者 陈欣波 摄
图说2:3月17日,游客在沙溪古镇玉津桥上游览观光。新华社记者 陈欣波 摄