Connect with us

China

တရုတ်နိုင်ငံက အများပြည်သူကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍ အလေးပေး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်တွင် ကျင်းပသည့် ၂၀၂၅ ကမ္ဘာ့အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားတွင် ချီတက်လာသည့် တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ကို ၂၀၂၅ ခုနှစ် သြဂုတ် ၁၇ ရက် က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အများပြည်သူကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍ အလေးပေး
ပြီးခဲ့သည့် ရက်သတ္တပတ်က ပြီးဆုံးခဲ့သည့် ချိန်တူး ကမ္ဘာ့ အားကစားပွဲတော် သည် တရုတ်နိုင်ငံ အနောက် တောင်ပိုင်းမြို့တွင် အားကစားကဏ္ဍ တက်တက်ကြွကြွ တိုးတက်ဖွံဖြိုးရန်အတွက် နောက်ထပ် တွန်းအားပေးမှု ဖြစ်ခဲ့သည်။
ကမ္ဘာ့အားကစားပြိုင်ပွဲများနှင့်အားကစားပြိုင်ပွဲအမျိုးအစားပေါင်း ၃၀ ကျော်၏တွန်းအားပေးမှုကြောင့် ချိန်တူးမြို့တွင် အားကစားနှင့် ဆက်စပ်သည့် သုံးစွဲမှုသည် ယခုနှစ်ပထမ ခုနစ်လ အတွင်း ယွမ် ၄၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅.၆ ဘီလီယံ ခန့်) ကျော်လွန်ခဲ့သည်။ တရုတ်နိုင်ငံ၏ အားကစားကဏ္ဍ စံနမူနာတစ်ခု အဖြစ် ရူမြင်နိုင် ပါသည်။
ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ၊ ချိန်တူး ကမ္ဘာ့တက္ကသိုလ်အားကစားပြိုင်ပွဲ ၊ ဟန်ကျိုး အာရှအား ကစားပြိုင်ပွဲ နှင့် ဟားအယ်ပင်း အာရှဆောင်းရာသီအားကစားပွဲတော် တို့ပြီးနောက် ယခုကမ္ဘာ့အားကစား ပွဲတော်သည် ၂၀၂၂ ခုနှစ်ကတည်းက တရုတ်နိုင်ငံတွင် စီစဥ်ကျင်းပခဲ့သည့် ငါးကြိမ်မြောက် နိုင်ငံတကာ အားကစားပြိုင်ပွဲဖြစ်သည်။
“ ကမ္ဘာ့အဆင့်မီ ပြိုင်ပွဲတွေက လူတွေကို ပိုပြီးလှုံ့ဆော်ပေးနိုင်တယ်၊အထူးသဖြင့်လူငယ်တွေကို အားကစားမှာ ပိုမိုပါဝင်အောင် မောင်းနှင်အား တစ်ခု ဖြစ်စေပါတယ်၊ ဒေသတွင်းစီးပွားရေးကိုလည်း တိုးတက်စေခဲ့တယ် ” ဟု တရုတ်နိုင်ငံအားကစားအထွေထွေစီမံခန့်ခွဲရေးဌာန၊ အားကစားပြိုင်ပွဲများ ညွှန်ကြားရေးမှူး Zhang Xin က တရုတ်နိုင်ငံ၏ အားကစားဖွံဖြိုးတိုးတက်ရေး ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ( ၂၀၂၁-၂၀၂၅) အတွင်း သတင်းစာ ရှင်းလင်းပွဲတွင် မှတ်ချက်ပေး ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ၁၇ ကြိမ်မြောက် အမျိုးသားကြံ့ခိုင်ရေးနေ့ သည် ချိန်တူးအားကစားပွဲတော် အခမ်းအနား ဖွင့်ပွဲအပြီး နောက်တစ်နေ့ ဖြစ်သည့် သြဂုတ် ၈ ရက်တွင် ကျရောက်ခဲ့သည်။ ယခုနှစ် အမျိုးသားကြံ့ခိုင်ရေးနေ့ တွင် နိုင်ငံတစ်ဝန်း အားကစားလှုပ်ရှားမှုပေါင်း ၂၂,၀၀၀ကျော် ကျင်းပခဲ့ပြီး လူပေါင်း ၁၁ သန်းကျော် ပါဝင်နိုင်ခဲ့ကြောင်း တရားဝင် အချက်အလက်များက ပြသခဲ့သည်။
လမ်းများပေါ်က ပြေးပွဲပြိုင်ပွဲများ ဆောင်းရာသီ အားကစားပွဲများမှသည် လူကြိုက်များသည့် ကျေးရွာစူပါလိဂ် (Village Super League) နှင့် ကျန်းစုပြည်နယ်၏ လူထုအခြေခံ Su Super League များမှ အမျိုးသားကြံ့ခိုင်ရေးနေ့တွင် သက်ဝင် လှုပ်ရှားနေသည့် မြင်ကွင်းများ က တရုတ်နိုင်ငံ၏ တစ်နှစ်ပတ်လုံး အားကစားစိတ်ထက်သန်မှုကို ထင်ဟပ် လျက်ရှိသည်။
တရုတ်နိုင်ငံအားကစားအထွေထွေစီမံခန့်ခွဲရေးဌာန လူထုအားကစားညွှန်ကြားရေးမှူး Ding Dong က “ လူတွေပိုပြီးပါဝင်ဆောင်ရွက်လာတော့ ပိုကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ အားကောင်းတဲ့ အားကစားယဥ်ကျေးမှုကို အားပေးမြှင့်တင်တဲ့ အပြောင်းအလဲကောင်းတွေကို တွေ့မြင်နေရတယ်” ဟုပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်တဲ့ စာရင်းများအရ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံတစ်ဝန်း အားကစား ကွင်း စုစုပေါင်း ၏ အကျယ်အဝန်းမှာ ၄.၂၃ ဘီလီယံ စတုရန်းမီတာရှိပြီး အားကစားနည်းပြပေါင်း ၃.၇၁ သန်း မှတ်ပုံတင် ထားကြောင်း သိရသည်။
လူထုအားကစားပွဲများနှင့် အဆင့်မြင့်ပြိုင်ပွဲများသည် အားကစားကဏ္ဍ နှင့်တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု ကို ထောက်ပံ့ကူညီပေးသည်။ ထိပ်တန်းတင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုဖြစ်သည့် ၂၀၂၄ China Open တွင် လက်မှတ် ရောင်းချမှု မှ စုစုပေါင်းဝင်ငွေ ယွမ်၈၀ သန်း (အမေရိကန်ဒေါ်လာ ၁၁.၁သန်း) ရရှိခဲ့ပြီး ကျန်းစု ပြည်နယ်အတွင်း ယခုနှစ် ဒေသတွင်း ဘောလုံးပြိုင်ပွဲ Su Super League တွင် သုံးစွဲ‌‌ငွေ ယွမ်၃၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၃ သန်း) ကျော်လွန်ခဲ့ကြောင်းသိရသည်။
“ ပြီးခဲ့သည့် ငါးနှစ်အတွင်း တရုတ်နိုင်ငံသည် အားကစားစွမ်းအားပြည့်နိုင်ငံတည်ဆောက်ရန် ပန်းတိုင် ဆီသို့ တက်လှမ်းရာတွင် ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ကြောင်း “ တရုတ်နိုင်ငံအားကစား အထွေထွေ စီမံခန့်ခွဲ ရေးဌာန ညွှန်ကြားရေးမှူး Gao Zhidan က ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်အကုန်တွင် တရုတ်အားကစားသမား များသည် ကမ္ဘာ့အဆင့် ဆုပေါင်း ၅၁၉ ခု ရယူနိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်သစ် ၆၈ ခု တင်နိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ လူထုကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍ သည် အထွတ်အထိပ်ကို ရောက်ရှိကာ လူထု အသိုင်းအဝိုင်းသို့ တက်ကြွမှုများ တွန်းပို့ခဲ့ကြောင်း သိရသည်။
ရှေ့ကိုမျှော်ကြည့်ပါက “ပြည်သူတွေ ရေရှည်အကျိုးရှိစေမယ့် အားကစားဖွံဖြိုးမှု ရလဒ်တွေဖြစ်ဖို့ ကျွန်တော်တို့ နှစ်မြှုပ်လုပ်ဆောင်မှာ ဖြစ်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချုံကင်း တွင် ကျွမ်းဘားကွင်းများဖြင့် တင်ဆက် ပြသနေသည့် CrossFit အားကစားသမား Wang Xuanlin ကို ၂၀၂၅ ခုနှစ် ဇွန် ၂၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်းတွင် ပြုလုပ်သည့် ၂၀၂၄ China Open အမျိုးသမီးရှုံးထွက်ပွဲစဥ်တွင် အနိုင်ရရှိပြီးနောက် ပရိသတ်များနှင့် ဓာတ်ပုံရိုက်နေသည့် Aryna Sabalenka ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

…………………………
(English Version)
China highlights public fitness, sports industry
BEIJING, Aug. 21 (Xinhua) — The Chengdu World Games that concluded last weekend gave another push to the vigorous development of sports industry of the city in southwest China.
Propelled by the World Games and more than 30 other sporting events, the overall sport-related consumption exceeded 40 billion yuan (about 5.6 billion U.S. dollars) in the first seven months of the year in Chengdu, which could be seen as an epitome of China’s sports industry.
The World Games is the fifth major international sports event to have been staged in China since 2022, after the Beijing Winter Olympics, Chengdu Universiade, Hangzhou Asian Games and Harbin Asian Winter Games.
“World-class events have been a driving force to inspire more people, particularly youths, to take part in sports and boost the local economy,” remarked Zhang Xin, director of competitive sports at China’s General Administration of Sport, in a press conference concentrating on the country’s sports development during the 14th Five-Year Plan period (2021-2025).
China’s 17th National Fitness Day arrived on August 8, one day after the opening ceremony of the Chengdu World Games. Official data shows on this year’s National Fitness Day, over 22,000 sporting activities were held across the country, reaching more than 11 million people.
The lively scenes on National Fitness Day reflected China’s year-round sports enthusiasm, from road running and winter sports to the popular Village Super League and Jiangsu Province’s grassroots Su Super League.
“With more people getting involved, we’re seeing a positive trend toward fostering a stronger sporting culture and healthier lifestyles.” noted Ding Dong, director of mass sports at China’s General Administration of Sport.
According to statistics released in the press conference, the total area of sports venues across China reached 4.23 billion square meters by 2024, with 3.71 million registered social sports instructors across the country.
Both high-level events and mass sports contribute to the sports industry and China’s economic growth. Total ticket revenue from the 2024 China Open, one of the top tennis events in China, hit 80 million yuan (11.1 million U.S. dollars), while this year’s regional football tournament Su Super League spurred consumption across Jiangsu to exceed 38 billion yuan (5.3 billion U.S. dollars).
“In the past five years, China has made remarkable achievements in moving toward the goal of building a sports powerhouse,” said Gao Zhidan, director of China’s General Administration of Sport. “By the end of 2024, Chinese athletes have won 519 world titles and set 68 world records. China’s public fitness and sports industry have also reached new heights, injecting vitality into the community.”
Looking ahead, he noted, “We will dedicate to making the outcomes of sports development benefit all people in a long run.”
Photo 1: Members of China’s delegation parade during the closing ceremony of the 2025 World Games in Chengdu, southwest China’s Sichuan Province, on Aug. 17, 2025. (Xinhua/Chen Xinbo)
Photo 2: Chinese CrossFit athlete Wang Xuanlin performs consecutive muscle-ups on gymnastic rings in Chongqing, southwest China, June 29, 2025. (Xinhua)
Photo 3: Aryna Sabalenka poses with fans after winning the women’s singles round of 16 match at the 2024 China Open in Beijing, Oct. 2, 2024. (Xinhua/Wang Lili)