International Organizations
ဗာစကိုဒဂါးမားအသင်းသို့ အငှားစာချုပ်ဖြင့် ဖရန်ကာ ရောက်ရှိ

ရီယိုဒီဂျနေးရိုး၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
ဘရာဇီးစီးရီးအေကလပ်အသင်း၏ ရာသီဒုတိယပိုင်းအတွက် ၎င်း၏ကစားသမားများအားဖြည့်မှုအဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်း ကွင်းလယ်ကစားသမား မက်သီးရပ်စ်ဖရန်ကာသည် ဗာစကိုဒဂါးမားအသင်းသို့ အငှားစာချုပ်ဖြင့်ရောက်ရှိခဲ့သည်။
ရီယိုဒီဂျနေးရိုးမြို့တွင် ကျန်းမာရေးစစ်ဆေးခဲ့ပြီးနောက် အသက် ၂၁ နှစ်အရွယ် ဖလာမင်ဂိုအသင်း ကစားသမား ဟောင်းသည် ၂၀၂၆ ခုနှစ် ဇွန်လ အထိ အငှားစာချုပ်ကို သဘောတူခဲ့ခြင်းဖြစ်သည်။
“ရီယိုဒီဂျနေးရိုးကိုပြန်လာရတာကောင်းပါတယ်၊ အထူးသဖြင့် ဗာစကိုလို ကလပ်အသင်းကြီးကိုပေါ့” ဟု ဗီဒီယိုတစ်ခုတွင် ဖရန်ကာ ပြောကြားခဲ့သည်ကို ဗာစကို၏တရားဝင်ဝက်ဘ်ဆိုက်က သြဂုတ် ၂၆ ရက်၌ ပို့စ်တင် ထားခဲ့သည်။ “ခန္ဓာကိုယ် အခြေအနေ ကောင်းပါတယ်၊ အသင်းအတွက် ကျွန်တော်တတ်နိုင်တာအားလုံးကူညီဖို့ အသင့်ပါပဲ”
ဖရန်ကာသည် ဖလာမင်ဂို မှပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ ဖြင့် ခရစ္စတယ်အသင်းသို့ ရောက်ရှိပြီးနောက် လွန်ခဲ့ သည့် ဘောလုံးရာသီက ခရစ္စတယ်ပဲလေ့စ် အသင်းတွင် အခွင့်အလမ်းများရရှိရန် ရုန်းကန်ခဲ့ရသည်။ ၎င်းသည် ပြိုင်ပွဲစုံ ၁၉ ပွဲ သာ ပါဝင်ခဲ့ရပြီး အများစုမှာလူစားလဲအဖြစ် ပါဝင်ခွင့်ရခြင်းဖြစ်ကာ တစ်ဂိုး သွင်းယူနိုင် ခဲ့ပြီး ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
ဗာစကိုဒဂါးမားအသင်းသည် ဖရန်ကာ အပြင် သီယာဂိုမန်ဒီး၊ အန်းဒရပ်စ်ဂိုးမက်ဇ်၊ ရော်ဘက်တိုရီနန် တို့နှင့် ဘရာဇီးဘောလုံးရာသီအလယ် အပြောင်းအရွှေ့ကာလတွင် လက်မှတ်ရေးထိုးမှုလေးခု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဗာစကိုဒဂါးမားအသင်းသည် စီးရီးအေ အသင်း ၂၀ ရှိရာတွင် အဆင့် ၁၆ နေရာတွင်ရှိနေပြီး ပွဲ ၂၀ ကစားပြီးချိန်တွင် ၁၉ မှတ် ရရှိထားသည်။ (Xinhua)
………………………..
(English Version)
Vasco signs Franca from Palace on loan
RIO DE JANEIRO, Aug. 26 (Xinhua) — Crystal Palace midfielder Matheus Franca has joined Vasco da Gama on loan as the Brazilian Serie A club strengthens its squad for the second half of the season.
The 21-year-old former Flamengo player agreed to a loan deal running until June 2026 after completing a medical in Rio de Janeiro.
“It’s great to be back in Rio de Janeiro, especially at a giant club like Vasco,” he said in a video posted on Vasco’s official website on Tuesday. “I’m in good physical shape and ready to give my all to the team to help in any way I can.”
Franca struggled for opportunities at Crystal Palace last season following his 20 million-euro move from Flamengo. He made 19 appearances across all competitions – many as a substitute – scoring one goal and providing two assists.
Vasco has now completed four signings in Brazil’s mid-season transfer window, with Franca joining Thiago Mendes, Andres Gomez and Roberto Renan.
The Rio outfit is currently 16th in the 20-team Serie A standings with 19 points from 20 games.
Photo : Crystal Palace’s Michael Olise (L) celebrates with his teammate Matheus Franca after the English Premier League match between Manchester City and Crystal Palace in Manchester, Britain, on Dec. 16, 2023. (Xinhua)