China
“မေဒေး” အားလပ်ရက်အတွင်း ခရီးသွားလာသူ ခရီးစဉ်အကြိမ်ရေ ၁.၅၁၇ ဘီလီယံ ရှိ
ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် “မေဒေး” အားလပ်ရက် (မေ ၁ ရက်မှ မေ ၅ ရက်အထိ) အတွင်း တရုတ်နိုင်ငံ နိုင်ငံတစ်ဝန်း ဒေသဖြတ်ကျော် ခရီးသည်သွားလာမှုပမာဏ စုစုပေါင်း ခရီးစဉ်အကြိမ်ရေ ၁,၅၁၇. ၁၂၈ သန်း ရှိပြီး နေ့စဉ် ပျမ်းမျှခရီးစဉ်အကြိမ်ရေမှာ ၃၀၃.၄၂၅၆ သန်းရှိရာ ယမန်နှစ်ကာလတူထက် ၃.၄၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သတင်းထောက်က တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနထံမှ မေ ၆ ရက်တွင် သိရှိရသည်။
အသေးစိတ်အားဖြင့် ကုန်းလမ်းခရီးသည်သွားလာမှု စုစုပေါင်းပမာဏ ခရီးစဉ်အကြိမ်ရေ ၁,၃၉၁.၇၂ သန်းရှိပြီး နေ့စဉ် ပျမ်းမျှခရီးစဉ်အကြိမ်ရေမှာ ၂၇၈.၃၄၄ သန်း ရှိရာ ယမန်နှစ်ကာလတူထက် ၃.၅၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ယင်းအနက် အဝေးပြေးလမ်း၊ နိုင်ငံနှင့် ပြည်နယ်အဆင့် သာမန် လမ်းမကြီးများပေါ်တွင် စီးပွားဖြစ်မဟုတ်သော ခရီးသည်တင်မော်တော်ယာဉ်ငယ်ဖြင့် ခရီးသည်သွားလာမှုပမာဏ ခရီးစဉ်အကြိမ်ရေ ၁,၁၉၂.၈၇ သန်းရှိပြီး နေ့စဉ် ပျမ်းမျှခရီးစဉ်အကြိမ်ရေမှာ ၂၃၈.၅၇၄ သန်း ရှိရာ ယမန်နှစ်ကာလတူထက် ၂.၅၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ အဝေးပြေးလမ်းမကြီးများပေါ်တွင် စီးပွားဖြစ်ခရီးသည်ယာဉ်ဖြင့် ခရီးသည်သွားလာမှုပမာဏ ခရီးစဉ်အကြိမ်ရေ ၁၉၈.၈၅ သန်းရှိပြီး နေ့စဉ် ပျမ်းမျှခရီးစဉ်အကြိမ်ရေမှာ ၃၉.၇၇ သန်းရှိရာ ယမန်နှစ်ကာလတူထက် ၉.၅၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။
ရထားလမ်းဖြင့် ခရီးသွားလာမှုပမာဏ ခရီးစဉ်အကြိမ်ရေ ၁၀၆.၃၇၇ သန်း ရှိပြီး နေ့စဉ် ပျမ်းမျှခရီးစဉ်အကြိမ်ရေမှာ ၂၁.၂၇၅၄ သန်း ရှိရာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၄.၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ ရေကြောင်းဖြင့် ခရီးသွားလာမှုပမာဏ ခရီးစဉ်အကြိမ်ရေ ၈.၄၉၂ သန်း ရှိပြီး နေ့စဉ် ပျမ်းမျှခရီးစဉ်အကြိမ်ရေမှာ ၁.၆၉၈၄ သန်း ရှိရာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁.၃၇ ရာခိုင်နှုန်း တိုးလာကြောင်း၊ အရပ်ဘက်လေကြောင်းဖြင့် ခရီးသွားလာမှုပမာဏ ခရီးစဉ်အကြိမ်ရေ ၁၀.၅၄ သန်း ရှိပြီး နေ့စဉ် ပျမ်းမျှခရီးစဉ်အကြိမ်ရေမှာ ၂.၁၀၈ သန်း ရှိရာ ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၅.၇၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့၌ ရထားတွဲ ရပ်နားရာနေရာတွင် ထွက်ခွာရန် အသင့်ဖြစ်နေသော မြန်နှုန်းမြင့်ရထားတွဲများကို ၂၀၂၆ ခုနှစ် မေ ၁ ရက် နံနက်အစောပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

……………….
(Chinese Version)
“五一”假期交通出行人数达15.17亿人次
新华社北京5月6日电(记者叶昊鸣、王聿昊)记者6日从交通运输部获悉,2026年“五一”假期(5月1日至5日),全社会跨区域人员流动总量为151712.8万人次,日均为30342.56万人次,同比增长3.49%。
具体来看,公路人员流动总量为139172万人次,日均为27834.4万人次,同比增长3.51%。其中,高速公路及普通国省道非营业性小客车人员出行总量为119287万人次,日均为23857.4万人次,同比增长2.57%;公路营业性客运总量为19885万人次,日均为3977万人次,同比增长9.53%。
铁路客运总量为10637.7万人次,日均为2127.54万人次,同比增长4.6%。水路客运总量为849.2万人次,日均为169.84万人次,同比下降1.37%。民航客运总量为1054万人次,日均为210.8万人次,同比下降5.74%。(完)
图说1:这是5月1日拍摄的武汉站东广场进站口(无人机照片)。新华社发(赵军摄)
图说2:5月1日凌晨,动车组列车在郑州动车段存车场整装待发(无人机照片)。新华社发(王玮摄)
