Connect with us

Africa & Middle East

အစ္စရေးစစ်တပ်က ဂါဇာဒေသ နေရာအများအပြားအား လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံး၊ ဟားမက်စ်အဖွဲ့ အဆင့်မြင့်အရာရှိ၏ သားဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာရ

ဂါဇာဒေသ ဂါဇာမြို့တွင် အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသည့်ကားအား ပါလက်စတိုင်းပြည်သူများ စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မေ ၇ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်က မေ ၆ ရက်တွင် ဂါဇာကမ်းမြောင်ဒေသအပေါ် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ရာ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) အဖွဲ့ အဆင့်မြင့်အရာရှိ Khalil al-Hayya ၏ သားဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းသတင်းအရင်းအမြစ်က ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
မေ ၆ ရက် ညပိုင်းတွင် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း ဂါဇာမြို့အနီးတစ်ဝိုက်ရှိ Jabalia ဒေသ၌ အစ္စရေးဒရုန်းတစ်စင်းက ယာဉ်ရပ်နားစခန်းတစ်ခုအနီးတစ်ဝိုက်ရှိ လူအုပ်အား တိုက်ခိုက်ခဲ့ရာ လူတစ်ဦးထက်မနည်း သေဆုံး၍ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအနက် ဟားမက်စ်အဖွဲ့ အဓိကဆွေးနွေးညှိနှိုင်းမှု ကိုယ်စားလှယ် Khalil al-Hayya ၏ သားဖြစ်သူ Azzam al-Hayya သည် ဒဏ်ရာပြင်းထန်ပြီး အခြေအနေစိုးရိမ်ရကြောင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။
ဂါဇာဒေသ အရပ်ဘက်ကာကွယ်ရေးဌာန ‌ပြောခွင့်ရပုဂ္ဂိုလ် Mahmoud Basal က အစ္စရေးစစ်တပ်သည် ဂါဇာမြို့အရှေ့တောင်ဘက် Zeitoun လူနေရပ်ကွက်အတွင်းရှိ နေရပ်စွန့်ခွာသူများအား နေရာချထားသော ရွက်ဖျင်တဲကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ မိသားစုဝင်သုံးဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဂါဇာဒေသ တောင်ပိုင်း ခန်ယွန်းနစ် အနောက်ပိုင်းရှိ Al-Mawasi ဒေသတွင် အစ္စရေးစစ်တပ်က အရပ်ဘက်သုံးယာဉ်တစ်စင်းအား လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ လူတစ်ဦးသေဆုံး၍ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်ဘက်က အထက်ပါတိုက်ခိုက်မှုများနှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်ခြင်း မရှိသေးပေ။
ဟားမက်စ်က မေ ၆ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ အစ္စရေးစစ်တပ်က ထိုနေ့တွင် ဂါဇာကမ်းမြောင်ဒေသ၌ အရပ်သားပြည်သူများအပေါ် ဦးတည်သည့် တိုက်ခိုက်မှုများ အဆက်မပြတ် အဆင့်မြှင့်တင်လုပ်ဆောင်ခြင်းကို ပြစ်တင်ရှုချခဲ့ပြီး ယင်းသည် အပစ်ရပ်ရေးသဘောတူညီချက်၊ နိုင်ငံတကာဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှု အခြေခံမူအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ရာ ဂါဇာပြည်သူများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုစစ်ပွဲအား ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကြေညာချက်တွင် အမေရိကန်၊ အပစ်ရပ်ရေး သဘောတူညီချက်အား အာမခံပေးသည့်နိုင်ငံနှင့် ကုလသမဂ္ဂ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ချက်ချင်း လှုပ်ရှားမှုလုပ်ဆောင်ကာ အစ္စရေးစစ်တပ်၏ သဘောတူညီချက်အား ချိုးဖောက်သောလုပ်ရပ်ကို တားဆီးရန်၊ ပါလက်စတိုင်းပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးရန် တိုက်တွန်းခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာနက မေ ၆ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ ယမန်နှစ် အောက်တိုဘာလတွင် အပစ်ရပ်ရေး သဘောတူညီချက် စတင်အသက်ဝင်လာပြီးနောက် ပါလက်စတိုင်း ၈၃၀ ကျော်သည် အစ္စရေးစစ်တပ်၏ လှုပ်ရှားမှုအတွင်း သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
以军空袭加沙多地致死5人 哈马斯高官之子重伤
新华社加沙5月6日电(记者赵伟宏)巴勒斯坦消息人士告诉新华社记者,以军6日对加沙地带发动一系列空袭,造成至少5人死亡,巴勒斯坦伊斯兰抵抗运动(哈马斯)高级官员哈利勒·哈亚之子重伤。
加沙地带卫生部门消息人士说,6日晚间,在加沙地带北部加沙城附近的杰巴利耶地区,一架以色列无人机对一座汽车站附近人群发动空袭,造成至少一人死亡、多人受伤,其中,哈马斯首席谈判代表哈亚的儿子阿扎姆伤势危重。
加沙民防部门发言人马哈茂德·巴萨勒告诉新华社记者,以军还空袭加沙城东南部宰通居民区内安置流离失所者的帐篷,造成一家三口丧生。此外,在加沙地带南部汗尤尼斯以西的马瓦西地区,以军空袭一辆民用车,造成一死多伤。
以军尚未就上述袭击发表声明。
哈马斯6日晚发表声明,谴责以军当天在加沙地带不断升级针对平民的袭击,公然违反停火协议、国际法以及人道主义原则,延续对加沙人民的种族灭绝战争。声明呼吁美国、停火协议担保国以及联合国有关机构立即采取行动,制止以军违反协议行径,保障巴勒斯坦人民安全。
加沙地带卫生部门6日发布的数据显示,自去年10月停火协议生效以来,已有830多名巴勒斯坦人在以军行动中死亡。(完)
图说:4月6日,巴勒斯坦民众查看加沙城遭以军空袭后被毁的车辆。 新华社发(里泽克·阿卜杜勒贾瓦德 摄)