Connect with us

Asia

အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ခြေလျင်တောင်တက်သမား ၃ ဦးသေဆုံး၍ ၂၀ ဦးခန့် ပိတ်မိ

အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ်ရှိ ဒူကိုနို (Dukono) မီးတောင်ပေါက်ကွဲနေသည်ကို ၂၀၂၆ ခုနှစ် မေ ၈ ရက် တွေ့ရစဉ် (ဓာတ်ပုံ- Indonesian Center for Volcanology and Geological Hazard Mitigation/Handout via Xinhua)

ဂျကာတာ၊ မေ ၈ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ်ရှိ ဒူကိုနို (Dukono) မီးတောင် ပေါက်ကွဲမှုကြောင့် ခြေလျင်တောင်တက်သမား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က မေ ၈ ရက်တွင် ပြောကြားခဲ့သည်။
မီးတောင်ပေါက်ကွဲမှုကြောင့် ပိတ်မိနေသော ခြေလျင်တောင်တက်သမား ၂၀ ခန့်ကို ကယ်ဆယ်ရေးသမားများက ကယ်ဆယ်လျက်ရှိကြောင်း အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးဌာနက ထိုနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။
ဒူကိုနိုမီးတောင်သည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာမှုန့်များ၏အမြင့်မှာ ၁၀ ကီလိုမီတာခန့်အထိ ရှိခဲ့သည်။ ဒေသခံ ရှာဖွေကယ်ဆယ်ရေးဌာနက အနီးဝန်းကျင်၌နေထိုင်သူများအား မီးတောင်ဝအနီး ၄ ကီလိုမီတာအတွင်း သွားလာလှုပ်ရှားမှုမပြုရန် နှိုးဆော်ခဲ့ပြီး မိုးရွာသွန်းမှုကြောင့် မီးတောင်ရွှံ့နွံစီးဆင်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ်ရှိ ဒူကိုနို (Dukono) မီးတောင်ပေါက်ကွဲနေသည်ကို ၂၀၂၆ ခုနှစ် မေ ၈ ရက် တွေ့ရစဉ် (ဓာတ်ပုံ- Indonesian Center for Volcanology and Geological Hazard Mitigation/Handout via Xinhua)

……………………..
(Chinese Version)
印尼火山喷发已致3名登山者死亡约20人受困
新华社雅加达5月8日电(记者高竹 李斯博)印度尼西亚警方8日说,印尼北马鲁古省杜科诺火山喷发已造成3名登山者死亡。
印尼搜救部门当天早些时候表示,搜救人员正在营救约20名因火山喷发而受困的登山者。
杜科诺火山于当地时间8日7时40分左右喷发,火山灰柱高达约10千米。当地搜救部门提醒周边居民不要在火山口周边4公里范围内活动,并警告降雨可能引发火山泥石流。(完)
图说1:这是5月8日在印度尼西亚北马鲁古省拍摄的喷发中的杜科诺火山。新华社发(印尼火山和地质减灾中心供图)