Asia
အဓိက စစ်ဘက်စက်မှုလုပ်ငန်းများအား ကင်ဂျုံအန်း စစ်ဆေးကြည့်ရှု
ပြုံယမ်း၊ မေ ၉ ရက် (ဆင်ဟွာ)
ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မေ ၆ ရက်က အဓိက စစ်ဘက်စက်မှုလုပ်ငန်းများကို စစ်ဆေးကြည့်ရှုပြီး တောင်ပိုင်းနယ်စပ်ဒေသ တာဝေးပစ်အမြောက်တပ်ဖွဲ့ကို တပ်ဆင်ပေးမည့် အမျိုးအစားသစ် ကိုယ်တိုင်မောင်း ဟောင်ဝစ်ဇာအမြောက်ရှည် ထုတ်လုပ်မှုအခြေအနေကို လေ့လာခဲ့ကြောင်း KCNA သတင်းအေဂျင်စီ၏ သတင်းများအရ သိရသည်။
သက်ဆိုင်ရာဌာနများက တပ်ဖွဲ့၏ စမ်းသပ်မှုအစီအစဉ်အရ ၁၅၅ မီလီမီတာရှိ အမျိုးအစားအသစ် ကိုယ်တိုင်မောင်း ဟောင်ဝစ်ဇာအမြောက်ရှည်ကို မတူကွဲပြားသည့် ပထဝီအနေအထားနှင့် မြစ်ဖြတ်ကူးမှု စမ်းသပ်ချက်များကို လုပ်ဆောင်ခဲ့ပြီး ကောင်းမွန်အောင် မွမ်းမံထားသည့် အမြောက်ကျည်ကို စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အမျိုးအစားသစ် အမြောက်လက်နက်စနစ်တွင် အထူးကောင်းမွန်သည့် ရွေ့လျားလှုပ်ရှားနိုင်စွမ်း၊ တိုက်ခိုက်ရေးပတ်ဝန်းကျင်၌ အတိုင်းထက်အလွန်ကောင်းမွန်သော သတင်းအချက်အလက်စီမံနိုင်စွမ်းနှင့် အလိုအလျောက် ပစ်ခတ်မှုစနစ်တို့ ပါရှိရာ မြောက်ကိုရီးယား အမြောက်တပ် လက်နက်အင်အားဖွဲ့စည်းမှုကို အပြည့်အဝပြောင်းလဲပေးမည် ဖြစ်ကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်။ ၂၀၂၆ ခုနှစ်တွင် မြောက်ကိုရီးယား ကာကွယ်ရေးအင်အားကို မြှင့်တင်သည့်လုပ်ငန်းစဉ်တွင် “မကြုံစဖူး စံချိန်မှတ်တမ်းများဖြင့် သစ်လွင်စေမည်” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ကင်ဂျုံအန်းက သံချပ်ကာလက်နက်သုတေသနဌာနနှင့် ထုတ်လုပ်နေဆဲဖြစ်သော အမျိုးအစားသစ် အဓိကတိုက်ပွဲဝင် တင့်ကားနှင့် ဒုံးပစ်စင်ယာဉ် အမျိုးအစား အမျိုးမျိုးကိုလည်း စစ်ဆေးကြည့်ရှုခဲ့သည်။ (Xinhua)
——————
(Chinese Version)
金正恩视察重要军工企业
新华社平壤5月8日电(记者王天僚)据朝中社8日报道,朝鲜劳动党总书记、国务委员会委员长金正恩6日视察重要军工企业,了解今年将给南部边境远程炮兵部队列装的新型自行加农榴弹炮的生产情况。
报道说,相关部门按照部队试验计划进行了155毫米新型自行加农榴弹炮车的不同地形行驶和渡河试验,并进行了改良炮弹试射。
金正恩说,新型火炮武器系统具备出色的机动性、高超的战斗环境信息处理能力和自动射击系统,将完全改变朝鲜炮兵武力的构成。他表示,2026年在加强朝鲜国防力量的过程中将“刷新前所未有的纪录”。
金正恩还视察了装甲武器研究所和生产中的新型主战坦克和不同型号发射架车。(完)
1. 这是朝中社提供的金正恩视察军工企业的现场图片。新华社/朝中社
