China
တရုတ်နိုင်ငံ ထျောင်ကျီနီ ရေဝပ်ဒေသက မီလုသမင်များ မျိုးပွားကျက်စားရာ ပျော်စံရာဖြစ်လာ
တုန်းထိုင် (ကျန်းဆူး)၊ မေ ၈ ရက် (ဆင်ဟွာ)
နှစ်စဉ် ဧပြီလမှ မေလသည် မီလုသမင်များ အစုအဖွဲ့လိုက် သားပေါက်သည့်ကာလဖြစ်သည်။ စောင့်ကြည့်တိုင်းတာမှုများအရ ယခုနှစ် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် တုန်းထိုင်မြို့ ထျောင်ကျီနီ ရေဝပ်ဒေသမှ မီလုသမင်များ၏ အသစ်မွေးဖွားသော သမင်သားပေါက်အကောင်ရေသည် ၁၀၀ ကျော်ရှိမည်ဖြစ်ရာ မီလုသမင်အုပ်က သားပေါက်များနှင့်အတူ ရေဝပ်ဒေသ မြက်ခင်းပြင် မြစ်ကမ်းလျှိုမြောင်များတွင် အစာရှာကျက်စားပြီး ပြေးလွှားဆော့ကစားလျက်ရှိသည်။
လတ်တလောနှစ်ပိုင်းတွင် ထျောင်ကျီနီရေဝပ်ဒေသသည် ကာကွယ်ထိန်းသိမ်းမှုနှင့် ပြင်ဆင်မှုအင်အားကို အဆက်မပြတ်မြှင့်တင်ဆောင်ရွက်လာခဲ့ရာ ဂေဟပတ်ဝန်းကျင်အခြေအနေ ဆက်တိုက် တိုးတက်ကောင်းမွန်လာပြီး မီလုသမင်များအတွက် ကျက်စားရန်နှင့်မျိုးပွားရန် ပျော်စံရာ ဖန်တီးဖြစ်ပေါ်စေကာ မီလုသမင်အကောင်ရေသည်လည်း တစ်ထောင်ကျော်အထိ တိုးပွားလာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် တုန်းထိုင်မြို့ ထျောင်ကျီနီ ရေဝပ်ဒေသတွင် သက်ကြီး မီလုသမင်များက သမင်သားပေါက်များနှင့်အတူ အစာရှာ ဆော့ကစားနေသည်ကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
江苏东台:条子泥湿地成麋鹿繁衍生息乐园
新华社照片,东台(江苏),2026年5月7日
每年4至5月是麋鹿集中产仔期,据监测,今年江苏东台条子泥湿地麋鹿新生幼崽将超百头,成群麋鹿携幼崽在湿地草场河谷栖息觅食、嬉戏奔跑。近年来,条子泥湿地不断加大保护与修复力度,生态环境持续优化,为麋鹿营造了栖息、繁育的理想家园,麋鹿数量增长至千余头。
1、5月7日,成年麋鹿带着幼崽在江苏东台条子泥湿地觅食(无人机照片)。 新华社发(孙家录摄)
2、5月7日,成年麋鹿带着幼崽在江苏东台条子泥湿地觅食、嬉戏(无人机照片)。新华社发(孙家录摄)
