North America
အမေရိကန် ဖျက်သင်္ဘောသုံးစင်း ဟော်မုဇ်ရေလက်ကြားမှ အောင်မြင်စွာဖြတ်သန်းခဲ့သည်ဟု ထရမ့် ဆို၊ သဘောတူညီချက်ကို “လျင်မြန်စွာ” လက်မှတ်ရေးထိုးရန် အီရန်အား တိုက်တွန်း
ဝါရှင်တန်၊ မေ ၈ ရက် (ဆင်ဟွာ)
အမေရိကန် ဖျက်သင်္ဘောသုံးစင်းသည် အီရန်၏တိုက်ခိုက်မှုများအတွင်း ဟော်မုဇ်ရေလက်ကြားမှ အောင်မြင်စွာဖြတ်သန်းသွားခဲ့ကြောင်း အမေရိကန် သမ္မတ ထရမ့်က မေ ၇ ရက်တွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက အီရန်အနေဖြင့် သဘောတူညီချက်ကို “လျင်မြန်စွာ” လက်မှတ်ရေးထိုးရန်၊ သို့မဟုတ်ပါက အမေရိကန်သည် “ပိုမိုပြင်းထန်ပြီး ပိုမိုအကြမ်းဖက်သည့်” အစီအမံများဖြင့် တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။
အမေရိကန် ဖျက်သင်္ဘောသုံးစင်းသည် ပစ်ခတ်တိုက်ခိုက်မှုများ ခံနေရသည့်ကြားမှ “အလွန်ချောမွေ့စွာ” ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ကြောင်း၊ ဤ ဖျက်သင်္ဘောသုံးစင်းသည် မည်သည့်ပျက်စီးဆုံးရှုံးမှုမျှမရှိခဲ့သော်လည်း အီရန်ဘက်က ပြင်းထန်သော ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော အီရန်၏ ရေယာဉ်ငယ်၊ ဒုံးကျည်နှင့် ဒရုန်း အမြောက်အမြား ပျက်စီးခဲ့ကြောင်း ထရမ့်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ဤ ဖျက်သင်္ဘောသုံးစင်းသည် အမေရိကန်စစ်တပ်၏ ပင်လယ်ပြင်ပိတ်ဆို့ရေးလှုပ်ရှားမှုတွင် တစ်ဖန်ပါဝင်မည်ဖြစ်ကြောင်း၊ “အဲဒါက တကယ့်ကို ‘သံမဏိတံတိုင်း’ ကြီးနော်” ဟု ထရမ့်က ကြွားဝါ၍ ပြောကြားခဲ့သည်။
“တကယ်လို့ သူတို့က သဘောတူညီချက်ကို မြန်မြန်လက်မှတ်မထိုးဘူးဆိုရင် အမေရိကန်အနေနဲ့ ပိုပြင်းထန်ပြီး ပိုအကြမ်းဖက်တဲ့ နည်းလမ်းတွေနဲ့ သူတို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
特朗普:美3艘军舰成功穿越霍尔木兹海峡 敦促伊朗“迅速”签署协议
新华社华盛顿5月7日电(记者黄强 徐剑梅)美国总统特朗普7日称,3艘美国驱逐舰在伊朗的袭击中成功穿越霍尔木兹海峡。他同时敦促伊朗“迅速”签署协议,否则美方将以“更加猛烈、更加暴力的”手段进行打击。
特朗普在社交媒体上发文称,3艘美国驱逐舰刚刚在遭受火力攻击的情况下“极其顺利地”穿越了霍尔木兹海峡。这3艘驱逐舰毫发无损,但伊朗方面遭受了重创,伊朗用来攻击的众多小型船只、导弹和无人机都被摧毁。
特朗普称,这3艘驱逐舰将重新加入美军海上封锁行动,并自夸“这真可谓一道‘钢铁之墙’”。
他还称,“如果他们不迅速签署协议,美国将以更加猛烈、更加暴力的手段对他们进行沉重打击”。(完)
图说:5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)
