Connect with us

North America

အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ သေနတ်ပစ်ခတ်သူ၏ အကြောင်းရင်းမှာ အီရန်စစ်ရေးနှင့် ဆက်နွှယ်မှုရှိနိုင်

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ကျင်းပသော အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ၌ “လုံခြုံရေးဆိုင်ရာ အဖြစ်အပျက်” တစ်ခု ဖြစ်ပွားစဉ် လုံခြုံရေးဝန်ထမ်းများ၏ လိုက်ပါစောင့်ကြပ်မှုဖြင့် ထွက်ခွာလာသော အမေရိကန်သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၇ ရက် (ဆင်ဟွာ)
အီရန်စစ်ရေးသည် သေနတ်ပစ်ခတ်သူက အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ၌ အမေရိကန် သမ္မတ ထရမ့် စသည့် အဆင့်မြင့် အရာရှိများကို လုပ်ကြံရန်ကြိုးပမ်းခဲ့သည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ဖွယ်ရှိကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက ကနဦး သုံးသပ်အစီရင်ခံစာတစ်ခုတွင် ယူဆထားသည်ဟု အမေရိကန်မီဒီယာ၏ မေ ၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ထောက်လှမ်းမှု ခွဲခြမ်းစိတ်ဖြာရေးရုံးက ထုတ်ပြန်သော ဧပြီ ၂၇ ရက် ရက်စွဲပါ ကနဦး သုံးသပ်အစီရင်ခံစာတွင် ပစ်ခတ်မှုသံသယရှိသူ Cole Allen သည် ထရမ့်အစိုးရ၏ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာမူဝါဒ စသည်တို့တွင် “မကျေနပ်ချက်များစွာ” ရှိခဲ့ကြောင်း ဖော်ပြထားသည်။ အီရန်စစ်ရေးက “တိုက်ခိုက်မှု လုပ်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ သူ့ကို လှုံ့ဆော်ပေးတာဖြစ်နိုင်တယ်” ဟု အစီရင်ခံစာတွင် ကောက်ချက်ချထားသည်။
ပစ်ခတ်မှုသံသယရှိသူက ဆိုရှယ်မီဒီယာတွင် ပို့စ်များစွာရေးသားခဲ့ပြီး အီရန်အပေါ် အမေရိကန် လုပ်ဆောင်သော စစ်ရေးလှုပ်ရှားမှုများကို ဝေဖန်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ Allen သည် နိုင်ငံရေးတွင် ထရမ့်ကို အသိအမှတ်မပြုနိုင်ဘဲ အစိုးရ၏ “မူဝါဒနှင့် ဆုံးဖြတ်ချက်များအပေါ် တန်ပြန်တိုက်ခိုက်” လိုကြောင်း အမေရိကန် အစိုးရရှေ့နေဘက်က တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြခဲ့သည်။
အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲသည် ဧပြီ ၂၅ ရက်တွင် ဝါရှင်တန် ဟေတန်ဟိုတယ် မြေအောက်ခန်းမ၌ ကျင်းပခဲ့ရာ ထရမ့်ဇနီးမောင်နှံ၊ ဒုတိယသမ္မတ JD Vance စသည့် အဓိကနိုင်ငံရေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။ စောင့်ကြည့်ရေးကင်မရာမှတ်တမ်းအရ Cole Allen သည် သေနတ်ကိုင်ဆောင်လျက် ဟိုတယ်လုံခြုံရေး စစ်ဆေးမှုများကို လျင်မြန်စွာကျော်ဖြတ်ခဲ့ရာ လုံခြုံရေးဝန်ထမ်းများက သေနတ်ထုတ်၍ နောက်မှလိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ Cole Allen ကို ခန်းမပြင်ပ လျှောက်လမ်းစင်္ကြံ၌ ထိန်းချုပ်ခဲ့ပြီး ရဲဘက်က ပြောင်းချောသေနတ်တစ်လက်၊ ပြောင်းတိုသေနတ်တစ်လက်နှင့် ဓားများစွာ သိမ်းဆည်းရမိခဲ့သည်။ အသက် ၃၁ နှစ်အရွယ် Allen သည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှဖြစ်ကြောင်း သိရသည်။
အမေရိကန်မီဒီယာများ၏ ဖော်ထုတ်ချက်အရ Allen က မိမိကိုယ်ကိုယ် “ဖော်ရွေသော ဖက်ဒရယ်လုပ်ကြံသူ” ဟု ဆိုခဲ့ပြီး ဤလုပ်ဆောင်မှုမတိုင်မီ ၁၀ မိနစ်အလိုတွင် မိသားစုဝင်များထံသို့ “ကြေညာစာတမ်း” တစ်စောင် ပေးပို့ခဲ့ကြောင်း၊ ယင်းစာတမ်းတွင် ၎င်း၏ ပစ်မှတ်မှာ အမေရိကန်အစိုးရအရာရှိများဖြစ်ပြီး အဆင့်အမြင့်ဆုံးအရာရှိမှ အစဉ်လိုက် ဦးစားပေးတိုက်ခိုက်သွားမည်ဟု ဖော်ပြထားကြောင်း သိရသည်။ ၎င်းက “လက်ရှိအစိုးရရဲ့ လုပ်ရပ်တွေကို တွေးမိတိုင်း ကျွန်တော် ဒေါသထွက်ရပါတယ်” ဟု ရေးသားခဲ့သည်။
Allen သည် ဧပြီ ၂၇ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ကိုလံဘီယာခရိုင် ဖက်ဒရယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးတင်ခံခဲ့ရပြီး သမ္မတ ထရမ့်အား လုပ်ကြံရန် ကြံစည်မှု၊ ပြည်နယ်ဖြတ်ကျော်၍ လက်နက်ပို့ဆောင်မှုနှင့် အကြမ်းဖက်ပြစ်မှုအတွင်း သေနတ်အသုံးပြုမှုတို့ဖြင့် စွဲချက်တင်ခြင်းခံခဲ့ရသည်။ (Xinhua)

အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ ကျင်းပခဲ့သော အမေရိကန်နိုင်ငံ ဝါရှင်တန် ဟေတန်ဟိုတယ်အနီးတစ်ဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန်ယူစောင့်ကြပ်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
白宫记协晚宴枪手动机或与伊朗战事有关
新华社华盛顿5月6日电 据美国媒体6日报道,美国国土安全部一项初步评估报告认为,伊朗战事可能是枪手试图在白宫记者协会晚宴上刺杀美国总统特朗普等高级官员的一个潜在动机。
这份由国土安全部情报分析办公室出具的、注明日期为4月27日的初步评估报告显示,枪击嫌疑人科尔·艾伦对特朗普政府在社会和政治层面的政策等存在“诸多不满”。报告结论是,伊朗战事“可能促成他作出实施袭击的决定”。
报道说,枪击嫌疑人曾在社交媒体上发布数条帖文,批评美国对伊朗发动军事行动。美国检方在法庭文件中称,艾伦在政治上不认同特朗普,并想要对政府的“政策和决定进行‘反击’”。
4月25日,白宫记协晚宴在华盛顿希尔顿酒店地下宴会厅举行,特朗普夫妇、副总统万斯等政要出席。监控录像显示,艾伦持枪快速冲过酒店安检关卡,安保人员拔枪追击,双方发生交火。艾伦在宴会厅外走廊被制伏,警方收缴一支霰弹枪、一把手枪和多把刀具。   现年31岁的艾伦来自加利福尼亚州。据美国媒体披露,艾伦自称“友好的联邦刺客”,在行动10分钟前向家人发送一份“宣言”,称目标是美国政府官员,优先顺序从最高级往下排。他写道:“一想到本届政府所做的一切,我就感到愤怒。”
艾伦4月27日在哥伦比亚特区联邦地区法院首次出庭,被正式指控企图刺杀特朗普、跨州运输武器以及在暴力犯罪中使用枪支。(完)
图说1:这张4月25日拍摄的视频截图显示,美国总统特朗普在华盛顿参加白宫记者协会晚宴发生“安全事件”时在安保人员护送下离开。新华社记者李睿摄
图说2:4月25日,警察在举行白宫记者协会晚宴的美国华盛顿希尔顿酒店附近警戒。新华社记者李睿摄