Connect with us

Africa & Middle East

Kharg ကျွန်းအနီးဝန်းကျင်က ရေနံအညစ်အကြေးများမှာ ဥရောပရေနံတင်သင်္ဘောမှ စွန့်ပစ်ပစ္စည်းများသာဖြစ်ကြောင်း အီရန်မီဒီယာ ဖော်ပြ

ဗင်နီဇွဲလားနိုင်ငံ၊ ဇူလီယာပြည်နယ်ရှိ Maracaibo ရေကန်တွင် ကျောက်ချရပ်နားနေသည့် ရေနံတင်သင်္ဘောတစ်စင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၉ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ Bushehr ပြည်နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဂျာဖာ ပူကာဘာနီက “ရေနံသိုလှောင်ကန်တွေ ပြည့်နေတာကြောင့် အီရန်က ရေနံတွေကို ပင်လယ်ထဲ စွန့်ပစ်ခဲ့တယ်” ဆိုသည့် သက်ဆိုင်ရာမီဒီယာသတင်းများသည် မမှန်ကန်ကြောင်း၊ ယင်းမှာ ရန်သူဘက်က လုပ်ဆောင်သော စိတ်ဓာတ်စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အီရန် Tasnim သတင်းဌာန၏ မေ ၉ ရက် နံနက်ပိုင်းသတင်းဖော်ပြမှုအရ သိရသည်။
ပူကာဘာနီက ဂြိုဟ်တုဓာတ်ပုံတွင် ပြသထားသော Kharg ကျွန်းအနီးဝန်းကျင်တွင် တွေ့ရှိရသော ရေနံအညစ်အကြေးများသည် အမှန်စင်စစ်မှာ ဥရောပရေနံတင်သင်္ဘောတစ်စင်းက စွန့်ပစ်လိုက်သော ဆီအမျိုးအစား လက်ကျန်အကြွင်းအကျန်များနှင့် Ballast water စွန့်ပစ်ပစ္စည်းများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ဤလုပ်ရပ်သည် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေကြောင်း ပြောကြားခဲ့သည်။
Kharg ကျွန်းအနီးဝန်းကျင်တွင် ရေနံ “ယိုဖိတ်မှု” သည် ဆက်လက်ပျံ့နှံ့လျက်ရှိပြီး မေ ၅ ရက်တွင် ပထမဆုံးတွေ့ရှိခဲ့ကြောင်း ဗြိတိန် Windward ရေကြောင်းရေးရာ ခွဲခြမ်းစိတ်ဖြာရေးကုမ္ပဏီက မေ ၈ ရက်တွင် ဆိုရှယ်မီဒီယာ၌ ဖော်ပြခဲ့သည်။ Kharg ကျွန်း၏ အနောက်ဘက်ပင်လယ်ပြင်တွင် မီးခိုးဖြူရောင်ရှိသော ဆီအလွှာများ ဖြစ်ပေါ်နေသည်ကို ဥရောပ Copernicus Programme “Sentinel” စီးရီးဂြိုဟ်တုများ၏ မေ ၆ ရက်မှ ၈ ရက်အတွင်း ရိုက်ကူးထားသော ပုံများတွင် ပြသထားသည်။ ထိုဆီအလွှာသည် “အမြင်အားဖြင့် ရေနံစိမ်း၏ ဝိသေသလက္ခဏာများနှင့် တစ်ထပ်တည်ကျ” ပြီး ဖုံးလွှမ်းနေသောဧရိယာမှာ ၄၅ စတုရန်းကီလိုမီတာခန့် ရှိသည်ဟု ခန့်မှန်းရကြောင်း ခွဲခြမ်းစိတ်ဖြာသူများက ပြောကြားခဲ့သည်။
အမေရိကန်၏ စဉ်ဆက်မပြတ် ပင်လယ်ပြင်ပိတ်ဆို့မှုများကြောင့် အီရန် ရေနံသင်္ဘောများသည် ဆိပ်ကမ်းမှ ထွက်ခွာ၍မရနိုင်ဘဲ အီရန် ရေနံစိမ်းသိုလှောင်ရန်နေရာလပ်များမှာ မကြာမီတွင် ပြည့်လုနီးပါးဖြစ်မည်ဟု အမေရိကန်နှင့် အစ္စရေးမီဒီယာများက သတင်းဖော်ပြခဲ့သည်။ သို့ဖြစ်၍ Kharg ကျွန်းအနီးဝန်းကျင်ရှိ ပင်လယ်ပြင်တွင် တွေ့ရှိသော ရေနံစိမ်းများသည် သိုလှောင်ရန် နေရာလပ်များမရှိတော့၍ အီရန်ဘက်က ရည်ရွယ်ချက်ရှိရှိ ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့ခြင်း ဖြစ်နိုင်ခြေရှိသည်ဟု လူအချို့က မှန်းဆခဲ့သော်လည်း ဤအမြင်သဘောထားကို ထောက်ခံရန် သက်သေအထောက်အထားမရှိသေးပေ။ (Xinhua)
……………………..
(Chinese Version)
伊媒:哈尔克岛附近油污实为欧洲油轮排放物
新华社德黑兰5月9日电 据伊朗塔斯尼姆通讯社9日凌晨报道,伊朗伊斯兰议会代表布什尔省的议员贾法尔·普尔卡巴尼说,有关“伊朗因储油罐已满而将石油排入海中”的媒体报道不实,是敌方发动心理战的一部分。
普尔卡巴尼表示,卫星图像显示哈尔克岛周边发现油污,实际是一艘欧洲油轮排放的油类残留物和压载水废弃物所致,这一行为已对环境造成破坏。
英国温沃德海事分析公司8日在社交媒体上说,哈尔克岛附近油污“泄漏”正在持续扩散,最早于5月5日发现。欧洲哥白尼计划“哨兵”系列卫星5月6日至8日拍摄的图像显示,一片灰白色油膜出现在哈尔克岛以西海域。有分析师称,这片油膜“从视觉上看与原油特征一致”,估计覆盖面积约45平方公里。
美国和以色列媒体报道称,由于美国持续海上封锁导致伊朗油轮无法离港,伊朗的原油储存空间即将饱和。因而有人猜测,哈尔克岛附近海面发现的原油可能是伊方因缺乏储存空间而故意排入海中,但尚无证据支持这一观点。(完)
图说:2025年12月23日,一艘油轮停泊在委内瑞拉苏利亚州马拉开波湖上。新华社发