Connect with us

China

ဝမ်ရိနှင့် ပြင်သစ်နိုင်ငံ သမ္မတ သံတမန်ရေးရာ အကြံပေးပုဂ္ဂိုလ် Emmanuel Bonne တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ပြင်သစ်နိုင်ငံ သမ္မတ သံတမန်ရေးရာ အကြံပေးပုဂ္ဂိုလ် Emmanuel Bonne တို့ ၂၀၂၆ ခုနှစ် မေ ၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ပြင်သစ်နိုင်ငံ သမ္မတ သံတမန်ရေးရာ အကြံပေးပုဂ္ဂိုလ် Emmanuel Bonne တို့သည် မေ ၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာဦးဆောင်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အဆင့်မြင့်မှုနှင့် ထူးခြားမှုကို ပေါ်လွင်စေကြောင်း၊ တရုတ်-ပြင်သစ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများနှင့် လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသော နိုင်ငံကြီးများအနေဖြင့် နိုင်ငံတကာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ထိန်းသိမ်းရန်အတွက် အရေးကြီးသည့် တာဝန်ရှိကြောင်း၊ ပြင်သစ်ဘက်က လက်တွေ့လုပ်ဆောင်မှုဖြင့် တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို စောင့်ထိန်းရန် မျှော်လင့်ကြောင်း၊ ပြင်သစ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂက တရုတ်နိုင်ငံအပေါ် မှန်ကန်၍ သဘောထားလျော်ကန်သော နားလည်သိရှိမှုထားရှိရေး၊ တရုတ်နိုင်ငံအပေါ် လက်တွေ့ကျတံခါးဖွင့်သော ကုန်သွယ်စီးပွားမူဝါဒကျင့်သုံးရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Emmanuel Bonne က ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မာစွာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းအား အပြုသဘောဆောင်သော ဖြေရှင်းရေးနည်းလမ်းများ ရှာဖွေရန် မျှော်လင့်ကြောင်း၊ ဥရောပ-တရုတ် တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုအား တွန်းအားပေးရန်အတွက် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
王毅同法国总统外事顾问博纳会谈
新华社北京5月8日电(记者邵艺博)中共中央政治局委员、中央外办主任王毅8日在北京同法国总统外事顾问博纳举行会谈。
王毅表示,两国元首的战略引领体现了两国关系的高水平和特殊性。中法作为联合国安理会常任理事国和独立自主大国,对维护国际和平、稳定与发展负有重要责任。希望法方以实际行动恪守一个中国原则。希望法国推动欧盟树立正确理性对华认知,采取务实开放对华经贸政策。
博纳表示,法方坚持奉行一个中国政策,期待同中方共同寻找全球性危机的建设性解决方案,愿为推动欧中对话合作发挥积极作用。(完)
图说:5月8日,中共中央政治局委员、中央外办主任王毅在北京同法国总统外事顾问博纳举行会谈。 新华社记者 戴天放 摄