Connect with us

China

သက်ရှိအပေါင်း အေးချမ်းသာယာစွာနေထိုင်နေသည့် စိမ်းမြမြကန်ရေဖြင့် စိုပြည်နေသော တရုတ်နိုင်ငံ ဝူဟန့်မြို့

တရုတ်နိုင်ငံ ဝူဟန့်မြို့ တုန်းဟူရေကန်ရှုခင်းသာ တစ်နေရာ၏ ဝေဟင်မြင်ကွင်းကို ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ မေ ၇ ရက် (ဆင်ဟွာ)

“ကိုးဖြာမြစ်ခက် တိမ်တိုက်ယှက်၍ ဝင်းလက်ကြည်လင် အိုင်ရေပြင်” ဖြစ်သော တုန်းဟူရေကန်သည် တရုတ်နိုင်ငံ ဝူဟန့်မြို့၏ “မြစ်ကြီး၊ ရေကန်ကြီး၊ ဝူဟန့်မြို့ကြီး” ဟူသည့် အဓိကဂေဟစနစ် စိမ်းလန်းသော ဗဟိုချက်ဖြစ်သည်။ ၃၃ စတုရန်းကီလိုမီတာ ဧရိယာရှိသည့် ကျယ်ပြောသောကန်ရေပြင်တွင် ဂေဟပန်းချီကားချပ်ပမာ ခင်းကျင်းထားပြီး ကျွန်းငယ်ပေါင်း ၁၂၀ ကျော် ကျယ်ပြန့်စွာ ဖြန့်ကြက် တည်ရှိလျက်ရှိသည်။ တရုတ်မူ (Mu) ပေါင်း ၂၀,၀၀၀ နီးပါးရှိသည့် စိမ်းစိုသော တောတောင်သစ်တောများက ရေကန်နံဘေးတွင် ဝန်းရံထားပြီး ကီလိုမီတာ တစ်ရာကျော်သည့် စိမ်းလန်းသောလမ်းကြောင်းက ကမ်းရိုးတန်းတစ်လျှောက် ကွေ့ကောက်စွာတည်ရှိနေသည်။

အင်းအိုင် မြစ်လက်တက် ၁၀ ခုကျော်သည် ယှက်ဖြာသွယ်တန်းနေပြီး တရုတ်မူ (Mu) ၁၀,၀၀၀ နီးပါး ဧရိယာရှိသော ရေဝပ်ဒေသသည် မြို့ပြရှင်သန်စွမ်းအားများကို ပျိုးထောင်ထားရာ တောတောင်ရေမြေချင်း မှီခိုတည်ရှိ၍ မြို့ပြနှင့်ရေကန် ပေါင်းစည်းကာ လူမှုယဉ်ကျေးမှုအလှများ ထင်ဟပ်နေသည့် တစ်မူထူးခြားသောအခင်းအကျင်း ဖြစ်တည်လာစေခဲ့သည်။
နှစ်ပေါင်းများစွာ စနစ်တကျကုစားစီမံပြီးနောက် ဝူဟန့်မြို့ တုန်းဟူရေကန်၏ ရေအရည်အသွေး အဆက်မပြတ် တိုးတက်ကောင်းမွန်လာရာ ကန်ရေကြည်တွင် ငါးကလေးများ လွတ်လပ်စွာကူးခတ်လျက်ရှိသလို ရေကန်နံဘေးတစ်လျှောက်တွင်လည်း စိမ်းလန်းစိုပြည်လျက်ရှိပြီး ရာသီမပြတ် ကျေးငှက်ကလေးများ ဝဲပျံလျက်ရှိခြင်းကြောင့် နေ့ညမစဲ ရေကန်၏အလှတရားများ ပြည့်ဝလျက်ရှိသည်။ ကောင်းမွန်သော ဂေဟအခြေအနေသည် အရပ်လေးမျက်နှာမှ လာရောက်လည်ပတ်သူများကို ဆွဲဆောင်လျက်ရှိပေသည်။ စိမ်းလန်းသော ရေကန်ဘေးလမ်းတစ်လျှောက် စက်ဘီးစီးသွားလာသူများ၊ ငါးနှင့် စင်ရော်ငှက်တို့ကို ရှုစားသူများဖြင့် စည်ကားသောမြို့ပြကြီးထဲတွင် စိမ်းလန်းစိုပြည်သော တောတောင်ရေမြေအလှတရားများဖြင့် လူသားနှင့်သဘာဝပတ်ဝန်းကျင် သဟဇာတရှိစွာ အတူယှဉ်တွဲတည်ရှိသည့် သာယာလှပသော ကမ္ဘာမြေကြီးကို ဖန်တီးလိုက်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ဝူဟန့်မြို့ တုန်းဟူရေကန်လျှောက်လမ်းပေါ်တွင် လေ့ကျင့်ခန်းလုပ်နေသူများကို ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့ တုန်းဟူရေကန်ရှုခင်းသာ၌ လှေလှော်နေသူများကို ၂၀၂၆ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

(260506) — WUHAN, May 6, 2026 (Xinhua) — This photo taken with a mobile phone on May 5, 2026 shows tourists taking boats in the East Lake scenic area in Wuhan, central China’s Hubei Province. (Xinhua/Shen Hongbing)

——————-
(Chinese Version)
美丽中国丨一湖碧水润江城 万类生灵共悠然
新华社照片,武汉,2026年5月6日
云横九派,湖光潋滟。东湖是“大江大湖大武汉”的核心生态绿心,33平方公里浩渺水域铺展生态长卷,120余个岛渚星罗棋布,近两万亩葱郁山林环抱湖畔,百余公里绿道环岸蜿蜒,十余个湖汊交错延伸,近万亩湿地涵养着城市生机,成就了山水相依、城湖相融、人文相映的独特格局。
经多年系统治理,武汉东湖水质持续向好,水清岸绿、鱼翔浅底,四季禽鸟翩跹,朝夕皆蕴湖光盛景。好生态引来四方游人,沿绿道骑行徜徉,观鱼鸥相戏,揽山水灵秀,于闹市之中,造就一片人与自然和谐共生的美好天地。
1、这是3月22日拍摄的武汉市东湖风景区一角(无人机照片)。 新华社记者 肖艺九 摄
2、3月22日,市民在武汉市东湖绿道锻炼(无人机照片)。新华社记者 肖艺九 摄
3、5月5日,游人在武汉市东湖风景区划船(手机照片)。新华社记者 沈虹冰 摄