North America
ထရမ့်က ဘရားဇီးသမ္မတ လူလာနှင့် တွေ့ဆုံ၍ စည်းကြပ်ခွန် စသည့် ကိစ္စရပ်များ ဆွေးနွေး
ဝါရှင်တန်၊ မေ ၈ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်က မေ ၇ ရက်တွင် အိမ်ဖြူတော်၌ ခရီးစဉ်ရောက်ရှိလာသော ဘရာဇီးသမ္မတ လူလာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်ဖက်သည် ကုန်သွယ်ရေး၊ အထူးသဖြင့် စည်းကြပ်ခွန် အပါအဝင် ကိစ္စရပ်အများအပြားကို ဆွေးနွေးခဲ့ကြကြောင်း ထရမ့်က ပြောကြားခဲ့သည်။
ယင်းနောက် ထရမ့်က ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် “အလွန်အဆင်ပြေချောမွေ့” ကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ နှစ်ဖက်ကိုယ်စားလှယ်များသည် အချို့သော “အဓိကကျသော ကိစ္စရပ်များ” ဆွေးနွေးရန်နှင့် စပ်လျဉ်း၍ ခဏနေလျှင် တွေ့ဆုံရန် စီစဉ်ထားကြောင်း၊ လိုအပ်ပါက လာမည့်လများတွင် နှစ်ဖက်အနေဖြင့် နောက်ထပ်အစည်းအဝေးများ စီစဉ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လူလာက လာမည့် ဘရာဇီးရွေးကောက်ပွဲအပေါ် ထရမ့်အနေဖြင့် မည်သည့်သက်ရောက်မှုမျှရှိမည်မဟုတ်ဟု ယူဆကြောင်း၊ “အမေရိကန် သမ္မတတစ်ယောက်အနေနဲ့ သူက ဘရာဇီးပြည်သူတွေရဲ့ ကံကြမ္မာကို ပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်စေလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်” ဟု တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ အာရုံစိုက်နေကြသော ယခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ဘရာဇီးရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
ဘရာဇီး သမ္မတဟောင်း ဘိုဆိုနာရိုမှာ ‘နိုင်ငံရေးအရ နှိပ်ကွပ်မှု’ ခံနေရသည်ဟု ထရမ့်က ယူဆထားခြင်း၊ ဗင်နီဇွဲလား စသည့်ကိစ္စရပ်များတွင် နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုများကြောင့် အမေရိကန်-ဘရာဇီး ဆက်ဆံရေးမှာ တင်းမာနေခဲ့သည်။ အမေရိကန်က ဘရာဇီးနိုင်ငံအပေါ် စည်းကြပ်ခွန်တိုးမြှင့် ကောက်ခံခဲ့သလို၊ လူလာကလည်း စည်းကြပ်ခွန်၊ ဗင်နီဇွဲလားနှင့် ကျူးဘား စသည့် ကိစ္စရပ်များအပေါ် ထရမ့်၏ သက်ဆိုင်ရာမူဝါဒများကို ကြိမ်ဖန်များစွာ ပေါ်ပေါ်တင်တင် ဝေဖန်ခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
特朗普会见巴西总统卢拉讨论关税等问题
新华社华盛顿5月7日电(记者黄强 徐剑梅)美国总统特朗普7日在白宫会见到访的巴西总统卢拉。特朗普说,双方探讨了包括贸易在内的许多议题,特别是关税问题。
特朗普随后在社交媒体发文称,此次会晤“非常顺利”。双方代表定于稍后会面,就某些“关键事项”展开讨论。在接下来的几个月里,如有必要,双方还将安排更多会晤。
针对媒体关注的今年10月举行的巴西大选,卢拉在会晤后举行的新闻发布会上表示,他认为特朗普不会对即将到来的巴西选举产任何影响,“我认为他会以美国总统的身份行事,让巴西人民自己决定自己的命运”。
由于特朗普认为巴西前总统博索纳罗遭到“政治迫害”,以及两国在委内瑞拉等问题上的分歧,美巴关系一度紧张。美国向巴西加征关税,而卢拉也多次直言不讳地批评特朗普在关税、委内瑞拉和古巴等问题上的相关政策。(完)
图说:5月1日,美国总统特朗普走向首都华盛顿白宫南草坪。新华社发(李源清摄)
